လေယာဉ် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းသုံး ပစ္စည်းများ

လေယာဉ် မြေပြင်ဝန်ဆောင်မှုလုပ်ငန်းသုံး ပစ္စည်းများ

GSE (Ground Service Equipment)

လေယာဉ်တစ်စီး လေဆိပ်ကို ဆိုက်လာတာနဲ့ အမျိုးမျိုးသော ယာဉ်တွေ၊ရောင်ပြန် ယူနီဖေါင်းဝတ်စုံနဲ့လူတွေ လေယာဉ်နားကို အသီးသီးရောက်လာကြပါတယ်။ ဒီစက်တွေနဲ့ လူတွေဟာ လေယာဉ်ကို လိုအပ်တာ ပြုပြင်ဖြည့်တင်းဖို့ လုပ်ဆောင်ပေးကြပါတယ်။

ရပ်နားထားတဲ့အချိန်အတွင်း ပြီးစီးအောင် စနစ်တကျ လုပ်ဆောင်ကြရတာဖြစ်ပြီး အဲ့ဒီစက်တွေကို လေယာဉ်အခေါ်အရ Ground Service Equipment တွေလို့ ခေါ်ကြပါတယ်။ သိသလောက်ကို ခြုငုံဖေါ်ပြပေးပါရစေ။

၁ . Tow Tractor

tractor

လေယာဉ်ကို တစ်နေရာမှ တစ်နေရာရွှေ့ဖို့ သုံးပါတယ်။ Towbar ခေါ် အထူးပြုလုပ်ထားတဲ့ အချောင်းတစ်ခုကို လေယာဉ်ရှေ့ဘီးမှာ တစ်ဖက်ချိတ် ကျန်တစ်ဖက်ကို Tow Tractor မှာချိတ်ဆွဲပြီး ရွှေ့တာရှိသလို ကားမှာ လေယာဉ်ရှေ့ဘီးနဲ့ တစ်ခါထဲချိတ်ဆွဲလို့ ရတဲ့ towbarless tractor တွေလဲရှိပါတယ်။

၂. Ground Power Unit (GPU)

GPU

လေယာဉ်ရပ်နားထားချိန်မှာ လိုအပ်တဲ့လျှပ်စစ်ဓါတ်အားကို GPU ကနေ ရယူသုံးစွဲ နိုင်ဖို့ပါ။ လေယာဉ်များအတွက် သီးသန့်ပြုလုပ်ထားတာဖြစ်ပြီး လေယာဉ်အတွက်လိုအပ်တဲ့ လျှပ်စစ် AC 115 V , 400 Hz နဲ့ DC 28 V တို့ကို တစ်မျိုးဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ထုတ်ပေးနိုင်ပါတယ်။

၃ . Jet Starter

Jet လေယာဉ်အင်ဂျင်တွေမှာ Bleed Air ခေါ် လေအားနဲ့ စက်စတင်နှိုးရတာရှိပါတယ်။ ပုံမှန်ကတော့ Bleed Air ကို လေယာဉ်ရဲ့ Auxiliary Power Unit ကနေထုတ်ပေးပါတယ်။

အဲဒီ APU ချို့ယွင်းတာမျိုးဖြစ်ခဲ့ရင် Jet Starter ကနေ လေအားကိုယူပြီး အင်ဂျင်ကို နှိုးလို့ရပါတယ်။

၄ . Air-Conditioning Unit

ACU

လေယာဉ်ကလဲ ကြာကြာရပ်ထားဖို့လိုမယ်။ ခရီးသည်ကလည်း လေယာဉ်ပေါ်ရှိနေမယ် ပူပြင်းတဲ့ဒေသလည်း ဖြစ်နေမယ်ဆိုရင် ဒီစက်က အကူအညီပေးပါတယ်။ပြင်ပကနေ လေယာဉ်ကို အအေးဓါတ်ရအောင် လုပ်ပေးပါတယ်။

၅. Catherine Service MobileCatherine Service Mobile Truck

ခရီးသည်နဲ့ Crew တွေအတွက် အစားအသောက်ဖြည့်တင်းပေးတဲ့ယာဉ်ပါ။ ကိုယ်ထည်ကို အနိမ့်အမြင့်လိုသလို လုပ်နိုင်ပါတယ်။

၆ . Conveyor belt Mobile

ညလေယာဉ်ကုန်တင်ခန်းက ပစ္စည်းတွေအတင်အချလုပ်ဖို့ သုံးပါတယ်။ ပြီးမှ ပစ္စည်းတွေ Trolley ပေါ်တင် ကားနဲ့ ဆွဲသွားယုံပါဘဲ။

၇ . Mobile Step

ကားပေါ်မှာ နိမ့်မြင့်ရွေ့လျားနိုင်တဲ့ လှေကား ပါရှိပါတယ်။ခရီးသည်တက်ဆင်းလုပ်ရာမှာ သုံးနိုင်သလို စက်ပြင်ရာမှာလဲ သုံးနိုင်တာမျိုး ရှိပါတယ်။

၈. Water and Waste

လေယာဉ်အတွက် ရေဖြည့်တာ အညစ်အကြေးကန် ဖေါက်ထုတ်သယ်ဆောင်တာတွေအတွက် သုံးပါတယ်။

အခုဟာတွေအပြင် တခြား GSE တွေလဲ အများအပြားရှိပါသေးတယ်။ ဆီဖြည့်တာဆို Fuelling Mobile, လူနာပါလာရင် Ambulance Car , Wheelchair စသဖြင့် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းဖို့ အဆင်သင့်ရှိရပါတယ်။

ဆီဖြည့်စဉ်မှာဆိုရင် မီးသတ်ဘူးဖြစ်စေ၊ အသေးစား မီသတ်ယာဉ်ဖြစ်စေ Stand-By ထားကြရပါတယ်။

ဒီဝန်ဆောင်မှုတွေဟာ လေဆိပ်အာဏာပိုင်များက အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ အဖွဲ့အစည်းများကသာ လုပ်ပိုင်ခွင့်ရှိတာမို့ စိတ်ချရပါတယ်။

ဒါပေမဲ့ ဝန်ဆောင်ခတော့ one service ဖြစ်စေ၊ နာရီအလိုက်ဖြစ်စေ လေကြောင်းလိုင်းများကပေးချေရပါတယ်လို့ တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *