လှပတဲ့ သဘာဝရှုခင်းများစွာရှိသည့် ကမ္ဘာ့ ဘေးအကင်းဆုံးနိုင်ငံ

လှပတဲ့ သဘာဝရှုခင်းများစွာရှိသည့် ကမ္ဘာ့ ဘေးအကင်းဆုံးနိုင်ငံ

ဒီတစ်ခါတော့ ကမ္ဘာ့ ဘေးအကင်းဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ နိုင်ငံအကြောင်း ပြောပြချင်ပါတယ်။

အဲဒီနိုင်ငံလေးဟာ လည်ပတ်ရန် စိတ်ဝင်စားဖွယ်ရာ နေရာများစွာရှိပြီး စားချင်စဖွယ် အစားအသောက်ကောင်းများရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

စီးပွားရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှု အညွှန်းကိန်းကို နှစ်စဉ်နှစ်တိုင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ထုတ်ပြန်ရာမှာ ရာဇ၀တ်မှုများ၊ အကြမ်းဖက်မှုများနှင့် နိုင်ငံတကာပဋိပက္ခများ၊ လူမှုလုံခြုံရေးနှင့် အန္တရာယ်များအပေါ် အခြေပြုတိုင်းတာ‌ပြီးတော့ ထုတ်ပြန်တာ ဖြစ်ပါတယ်။

ယခုနှစ် ကမ္ဘာ့ ဘေးကင်းလုံခြုံမှုရှိဆုံးနိုင်ငံများ စာရင်းတွင် အိုက်စလန်နိုင်ငံက ထိပ်ဆုံးမှ ရပ်တည်ခဲ့ပါတယ်။

အားလပ်ရက်မှာ တစ်နေရာရာကို အလည်အပတ် သွားချင်ရင်တော့ အိုက်စလန်နိုင်ငံမှာ သွားရောက်လည်ပတ်သင့်တဲ့ ပျော်စရာကောင်းတဲ့ လှလှပပနေရာအချို့ ရှိပါတယ်။

ယင်းကျွန်းနိုင်ငံငယ်မှာ နေထိုင်သူတွေဟာ စည်းလုံးညီညွတ်ကြပြီးတော့ လူနေမှု အဆင့်အတန်း မြင့်မားကြပါတယ်။

အမှုအခင်း ဖြစ်ပွားမှုနှုန်းကလည်း အလွန်နည်းတာကြောင့် အလွန်လုံခြုံပြီး နှစ်သက်ဖွယ်ကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ငံ‌ဟာဆိုရင် ကမ္ဘာပေါ်မှာ စစ်အသုံးစရိတ် အနည်းဆုံးနှင့် ပဋိပက္ခဖြစ်နှုန်း အနိမ့်ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။

လည်ပတ်မည့်နေရာကို ရွေးချယ်ရာမှာ လုံခြုံမှုကို ဦးစားပေးမစဥ်းစားပဲ လှပမှု၊ စိတ်ကြည်နူးမှုကိုပဲ အဓိက ဦးစားပေးတဲ့ သူတွေ အတွက်လည်း အိုက်စလန်နိုင်ငံဟာ အံ့ဖွယ်ခရီးသွားဆွဲဆောင်မှုများစွာနဲ့ ပြည့်နှက်နေပြီး ပျော်ရွှင်ဖွယ် ကောင်းနေပါတယ်။

ရေခဲမြစ်များ၊ ချော်ခဲပြင်များ၊ တောင်တန်းများဖြင့် ပြည့်နှက်နေတဲ့အတွက် ခရီးသွားဧည့်သည်များအနေနဲ့ နိုင်ငံတစ်ဝှမ်းသို့ လှည့်လည်ဖြတ်သန်းသွားလာသည့်အခါ မယုံနိုင်စရာကောင်းလောက်အောင် လှပတဲ့ သဘာဝရှုခင်းများ၊ အံ့သြဖွယ်ရာများကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

အိုက်စလန်ရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ Black Sand ကမ်းခြေဟာဆိုရင် နိုင်ငံရဲ့ ထိပ်တန်းအထင်ကရနေရာများထဲမှ တစ်ခုဖြစ်ပြီး ပွက်ပွက်ဆူနေတဲ့ ချော်ရည်ပူတွေရဲ့ ချွန်တက်နေတဲ့ မညီမညာ အနားသတ်လေးတွေကြောင့် ထင်ရှားတာ ဖြစ်ပါတယ်။

Black Sand ကမ်းခြေ

ဒီကမ်းခြေကို လာရောက်လည်ပတ်တဲ့ဧည့်သည်တွေက “ဒါက အံ့သြစရာကောင်းပြီး အံ့မခန်း ကမ်းခြေတစ်ခုပါ။ အရွယ်အစားမျိုးစုံနဲ့ အကွက်မျိုးစုံရှိတဲ့ မီးတောင်ချော်နက်တွေနဲ့ ပင်လယ်ဂူတွေဟာ စွဲမက်ဖွယ်ကောင်းတယ်”လို့ မှတ်ချက်ပြု ကြပါတယ်။

ခရီးသွားအများအပြားကတော့ ကားငှားကာ ရေခဲမြစ်များ၊ ရေတံခွန်များနှင့် ကမ်းရိုးတန်းများရဲ့ အလှကို ထူးထူးခြားခြား မြင်တွေ့ရပြီး လှပတဲ့ ရှုခင်းများရှိတဲ့ အိုက်စလန်နိုင်ငံရဲ့ Ring Road လမ်းမှာ ကားမောင်းနှင်ဖို့ရန် ရွေးချယ်လေ့ ရှိကြပါတယ်။

Ring Road လမ်း

ကဲ.ကမ္ဘာ့ ဘေးအကင်းဆုံးနိုင်ငံလေးကို သွားပြီး လှပတဲ့ သဘာဝရှုခင်းတွေကို ကြည့်ရှု့ခံစားကြပါစို့။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *