ကမ္ဘာ့အမြင့်ဆုံးအပူချိန်ကြောင့် ခရီးသွားတွေကို သေဆုံးစေခဲ့ဖူးတဲ့ မရဏချိုင့်ဝှမ်း

ကမ္ဘာ့အမြင့်ဆုံးအပူချိန်ကြောင့် ခရီးသွားတွေကို သေဆုံးစေခဲ့ဖူးတဲ့ မရဏချိုင့်ဝှမ်း

ကမ္ဘာပေါ်က အပူပြင်းဆုံးနဲ့ အခြောက်သွေ့ဆုံးနေရာရဲ့ အကြောင်းကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

ဒီဒေသဟာ နာမည်ကိုက Death Valley (မရဏချိုင့်ဝှမ်း)လို့ အမည်တွင်နေတာကြောင့် စိတ်ဝင်စားစရာ သမိုင်းကြောင်းနဲ့ အချက်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။

၁၈၄၉-၁၈၅၀ ခုနှစ်၊ဆောင်းရာသီက ဒီနေရာမှာ ပျောက်ဆုံးသွားခဲ့တဲ့ ကင်းထောက်အဖွဲ့လေး ရှိခဲ့ဖူးပါတယ်။ ဒီပျောက်ဆုံးမှုကို အခြေခံပြီး “Death Valley” ဆိုတဲ့ အမည် ပေါ်ပေါက်လာတာပါ။

သိရသလောက်တော့ ဒီအဖွဲ့ထဲက တစ်ယောက်ပဲ သေဆုံးသွားပေမယ့် ဒီချိုင့်ဝှမ်းဟာ သူတို့ရဲ့သင်္ချိုင်းဖြစ်စေခဲ့မယ်လို့ အားလုံးက ယူဆထားကြပါတယ်။

သေဆုံးသွားတဲ့ ကင်းထောက်လေးဟာ အပူချိန်လွန်ကဲရာမှတစ်ဆင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်တာကြောင့် ဒီချိုင့်ဝှမ်းဟာ “မရဏချိုင့်ဝှမ်း”ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင်ကိုပဲ ကမ္ဘာ့အပြင်းထန်ဆုံး အပူချိန်နဲ့ အခြောက်သွေ့ဆုံး ဒေသအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါတယ်။

Death Valley ဟာ ကယ်လီဖိုးနီးယားအရှေ့ပိုင်း၊ မြောက်ပိုင်း Mojave သဲကန္တာရရှိ Great Basin သဲကန္တာရနဲ့ ထိစပ်နေတဲ့ ကန္တာရချိုင့်ဝှမ်းတစ်ခု ဖြစ်ပါတယ်။

ဒီချိုင့်ဝှမ်းယာ ပင်လယ်ရေမျက်နှာပြင်အောက် ၂၈၂ ပေ (၈၆ မီတာ) မှာ တည်ရှိနေတာဖြစ်ပြီး မြောက်အမေရိကရဲ့ အနိမ့်ဆုံး မြေပြင်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဒေသဟာ 154°F(67.7°C) ဆိုတဲ့ ကမ္ဘာ့အမြင့်မားဆုံး အပူချိန်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။

အလွန်အမင်း မိုးခေါင်မှုနဲ့ အလွန်အမင်း အပူရှိန်တို့ကြောင့် မရဏချိုင့်ဝှမ်းဟာ အစွန်းရောက် ဒေသတစ်ခု ဖြစ်လာပါတယ်။

လွန်ကဲဖြစ်စဥ်များ စုဝေးရာ ဒီချိုင့်ဝှမ်းဟာ ထူးခြားတဲ့ ခြားနားမှုတွေလည်း ရှိနေပါတယ်။ ထူထပ်တဲ့ တောင်ထိပ်များဟာ ဆီးနှင်းများ ဖုံးလွှမ်းနေသလို ရှားရှားပါးပါး မိုးသက် မုန်တိုင်းများကလည်း တောရိုင်းပန်းများ၊ စိုက်ခင်းများကို သယ်ဆောင်လာတတ်ပါတယ်။

ဒီကနေတဆင့် အိုအေစစ်များ ပေါ်ပေါက်လာခဲ့ပြီး ငါးသေးသေးလေးများကို ခိုအောင်းရာ နေရာဖြစ်လာသလို တောရိုင်းတိရစ္ဆာန်များနဲ့ လူသားများအတွက် ခိုလှုံရာဖြစ်လာခဲ့ပါတယ်။ ဒီလို လွန်ကဲမှုတွေဟာ မရဏချိုင့်ဝှမ်းကို ကမ္ဘာကျော်စေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဒေသရဲ့ ထူးခြားချက်ဖြစ်စဥ် နောက်တစ်ခုမှာ ဆားတွင်းများ ဖြစ်ပါတယ်။ မိုးစက်တွေက သယ်ဆောင်လာခဲ့တဲ့ ရေကန်ငယ်နဲ့ အိုအေစစ်တချို့ဟာ နွေရာသီမှာ အငွေ့ပျံသွားရာမှာတော့ သဲကန္တရာတစ်ခုလို မြေပြင်အနေအထား ပြောင်းလဲသွားပါတယ်။

ဒီလို ပြောင်းလဲသွားတဲ့အခါမှာ ရေဟာ အငွေ့ပျံတတ်သွားတာကြောင့် ဆိုဒီယမ်လို အငွေ့ပျံ ဆား အများအပြား ကျန်ရစ်ခဲ့ပါတော့တယ်။

မရဏချိုင့်ဝှမ်းရဲ့ ရာသီဥတုကို ဖော်ပြရမယ်ဆိုရင်တော့ အလွန်တရာ ရှည်လျားလှတဲ့ ကန္တာရဆန်တဲ့ နွေဥတု၊ တိုတောင်းလှတဲ့ ဆောင်းရာသီနဲ့ မိုးအနည်းငယ်ကို ပိုင်ဆိုင်ထားပြီး လွန်စွာမှကို ခြောက်သွေ့လွန်းတာကြောင့် အမှီသဟဲပြု နေထိုင်ဖို့အတွက်တော့ မဖြစ်နိုင်လှပါဘူး။

ပထဝီ အနေအထားနဲ့ မြေမျက်မှာသွင်ပြင်ဆိုင်ရာ အချက်အလက်တွေ ပေါင်းဆုံမှုကြောင့် ကမ္ဘာ့အပူဆုံး အပူချိန်ကို မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာမှ ကုန်းတွင်းပိုင်းသို့ ရွေ့လျားလာသော အစိုဓာတ်ဟာ မရဏချိုင့်ဝှမ်းသို့ ရောက်ရန် တောင်များပေါ်မှ အရှေ့ဘက်သို့ ဖြတ်သန်းရပါလိမ့်မယ်။

လေထုဟာ အကွာအဝေးတစ်ခုစီမှ အထက်သို့ တွန်းပို့တာကြောင့် အေးမြပြီး အစိုဓာတ်ထိန်းကာ အနောက်တောင်စောင်းများတွင် မိုး သို့မဟုတ် ဆီးနှင်းများအဖြစ် ကျရောက်စေပါတယ်။

လေထုဟာ မရဏတောင်ကြားသို့ ရောက်ရှိတဲ့အခါ အစိုဓာတ်အများစု ဆုံးရှုံးသွားပြီးဖြစ်လို့ မိုးရွာသွန်းမှုအတွက် ရေအနည်းသာ ကျန်ရှိတော့တာပါ။

အခုလို ပြင်းထန်တဲ့ အပူချိန်နဲ့ ခြောက်သွေ့မှုတွေဟာ သေမင်းတောင်ကြားရှိ ထာဝရမိုးခေါင်ရေရှားလို အခြေအနေများကို ဖြစ်ပေါ်စေပြီး ချိုင့်ဝှမ်းရဲ့ အချုပ်အနှောင်များကလည်း မိုးတိမ်များဖြစ်ပေါ်ခြင်းကို တားဆီးပေးပါတယ်။

မရဏတောင်ကြားရဲ့ အနက်နဲ့ ပုံသဏ္ဍာန်တို့ဟာလည်း သူ့ရာသီဥတုကို ပြင်းထန်စွာ လွှမ်းမိုးထားပါတယ်။ ချိုင့်ဝှမ်းဟာ ရှည်လျားကျဉ်းမြောင်းသော မြစ်ဝှမ်းတစ်ခုဖြစ်ပြီး မြင့်မားမတ်စောက်သည့် တောင်တန်းများဖြင့် ကာရံထားပါတယ်။

နွေရာသီညတွေမှာ ညတွင်းချင်း အပူချိန်သည် 82 မှ 98°F (28 မှ 37°C) အကွာအဝေးသို့ ကျဆင်းသွားနိုင်ပြီး အလွန်ပူပြင်းတဲ့ လေထုဟာ တွင်းထဲမှာ အစုလိုက်အပြုံလိုက် ရွေ့လျားနေတာကြောင့် ချိုင့်ဝှမ်းတစ်လျှောက်ရဲ့ ပတ်ဝန်းကျင် အပူချိန်ဟာ အလွန်မြင့်မားနေခြင်းပါ။

ဘယ်လိုပဲ ပြင်းထန်တဲ့ ရာသီဥတုနဲ့ အခြေအနေတွေကို ပိုင်ဆိုင်ထားစေကာမူ၊ ဒီချိုင့်ဝှမ်းဟာ “မရဏ” ဆိုတဲ့ နာမည်နဲ့အတူ ကမ္ဘာ့အကျော်ကြားဆုံး ချိုင့်ဝှမ်းတစ်ခုဖြစ်နေပြီး ကမ္ဘာ့အကျော်ကြားဆုံး ရုပ်ရှင်၊ ဂီတနဲ့ စာအုပ်ပေါင်း ထောင်ချီမှာ အကျယ်တဝင့် ဖော်ပြခံရတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *