ရုရှား-ယူကရိန်းကိစ္စမှာ ရေပန်းစားနေတဲ့ အမေရိကန်ရဲ့ HIMARS ဒုံးကျည်စနစ်အကြောင်း
ကဲဒီတစ်ခါတော့ ရုရှား-ယူကရိန်းကိစ္စမှာ ရေပန်းစားနေတဲ့ အမေရိကန်ရဲ့ M142 HIMARS တာဝေးပစ် ဒုံးကျည်စနစ်အကြောင်းလေး သိသမျှ ဖေါက်သည်ချပါရစေ။
HIMARS ဆိုတာက High Mobility Artillery Rocket System ကို အတိုကောက် ပြောတာပါ။ MLRS (Multiple Launch Rocket System) ရဲ့ နောက်ဆုံးပေါ် အမျိုးအစားဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်လောက်မှာ ထုတ်လုပ်ခဲ့ပြီး ပေါ့ပါးလျင်မြန်တဲ့ ဒုံးကျည်အများအပြားကို ပစ်လွှတ်နိုင်ပါတယ်။ High Mobility ဆိုတဲ့အတိုင်း M1140 ဆိုတဲ့ ထရပ်ကားဖရိမ်ပေါ်မှာ တပ်ဆင်ပြီး လျင်မြန်စွာပြောင်းရွှေ့နိုင်ပါတယ်။
M142 ဟာ pod လို့ခေါ်တဲ့ ဒုံးကျည်ပစ် ပြွန်တစ်ခုပါပြီး ပြွန်ထဲမှာ GMLRS ဒုံးကျည်ဆို ခြောက်လုံး၊PrSM missile ဆိုရင် နှစ်လုံး ဒါမှမဟုတ် ATACM ဆိုရင် တစ်လုံး ထည့်ပစ်လို့ရပါတယ်။
GMLRS ဟာ ၁၈၆ မိုင်အထိ ပစ်ခတ်နိုင်ပြီး ပစ်မှတ်ကို တိကျစွာ ဖျက်ဆီးနိုင်ပါတယ်။ နောက်ထပ် ၃၁၀ မိုင်ထိလဲ တိုးမြှင့်ပစ်ခတ်နိုင်ပါတယ်။
စနစ်တစ်ခုလုံးဟာ FMTV (Family of Medium Tactical Vehicle )ဆိုတဲ့ ၅ တန်လေးတဲ့ ထရပ်ကားပေါ်ကို စောစောက M1140 ဖရိမ်ကို တပ်ဆင်ထားတာပါ။
ဒါကြောင့် ပစ်ပြီးတာနဲ့ စနစ်တစ်ခုလုံးကို လျင်မြန်စွာရွှေ့ပြောင်းနိုင်တဲ့အတွက် ရန်သူဟာ ပစ်ခတ်တဲ့နေရာကို အတိအကျ ခြေရာခံဖို့ ခက်ပါလိမ့်မယ်။
လူသုံးယောက်သာ လိုအပ်ပြီး သူတို့က ယာဉ်မောင်း၊ ပစ်ခတ်သူနဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပါတယ်။ ကွန်ပျူတာစနစ် မသုံးဘူးဆိုရင် လူတစ်ယောက်ထဲနဲ့ ကျည်ဖြည့်တာ၊ ပစ်တာ လုပ်နိုင်ပါတယ်။
ပစ်ခတ်မှုစနစ်မှာ ဗွီဒီယို ကီးဘုတ်နဲ့ GPS (Global Position ING System) ပါရှိပါတယ်။ အလိုအလျောက်စနစ်နဲ့ပစ်ခတ်လို့လဲ ရပါတယ်။
M142 pod ကို M270 podနဲ့ အလွယ်တကူ ပြောင်းလို့လဲ ရပါတယ်။ M270 ဆိုရင် ပိုပြင်းထန်ထိရောက်တဲ့ ဒုံးကျည်တွေ ထည့်သွင်းပစ်ခတ်နိုင်တယ်ဆိုပါတယ်။ သူက နှစ်ခုတွဲ ပစ်စင်ပါ။
GMLRS ဒုံးကျည်
ဧရိယာကျဉ်းတဲ့ စစ်မြေပြင်အတွက် C-130 ဟာကျူလီ လေယာဉ်နဲ့သယ်ဆောင်နိုင်တဲ့ ဒီဒုံးပစ်စနစ်ကိုယ်ထည်ဟာ အစက BAE mobility & protection system အနေနဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။
၂၀၁၀ နဲ့ ၂၀၁၇ ခုနှစ်မှာ ပြုပြင်မှုတွေလုပ်ခဲ့ပြီး ပိုမိုထိရောက်မှုရှိလာပါတယ်။ အခုတော့ Lockheed Martin က တာဝန်ယူ ထုတ်လုပ်နေပါပြီ။
ယူနစ်ပေါင်း ၄၀၀ ကျော် ထုတ်လုပ်ပြီးပါပြီ။ တချို့ကို စင်ကာပူ၊ အီးမရိတ်နဲ့ ဂျော်ဒန်တို့ကို ရောင်းချခဲ့ပါတယ်။
PrSM missile
ဒုံးအမျိုးအစားအလိုက် ထိရောက်မှုနဲ့ အကွာအဝေးတွေ မတူကြပါဘူး။ စိတ်ဝင်စားဖို့ကောင်းတာက အမေရိကန်ဟာ ယူကရိန်းကို ဒီစနစ်ပေးခဲ့ပေမဲ့ ရုရှားနိုင်ငံထဲအထိ မပစ်ရဘူးလို့ကန့်သတ်ထားတဲ့အတွက် ယူကရိန်းတို့ ဘယ်လိုသုံးနေလဲဆိုတာကိုပါ။
တကယ်တော့ ခရိုင်းမီယန်းတံတားဆိုရင် ယူကရိန်းရဲ့ မိုင်ကိုလက်မြို့နဲ့ မိုင်၂၈၀ ပဲဝေးပါတယ်။ HIMARS နဲ့သာ ဒီတံတားကို ချိုးနိုင်ခဲ့ရင် ရုရှားရဲ့ ခရိုင်းမီးယားကို ထောက်ပို့လမ်းကြောင်းဟာ ပြတ်တောက်သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအရတော့ HIMARS ကို ရုရှားတို့ ကြားဖြတ်ပစ်ချနိုင်ခြင်း လုံးဝ မရှိသေးပါဘူးတဲ့။
ATACM
ရုရှားတို့ရဲ့ ထောက်ပို့စခန်းနဲ့ တင့်ကား ယန္တယားတော်တော်များများဟာ HIMARS ကြောင့် ပျက်ဆီးသွားပါပြီ။နောက်ထပ် ဘာဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာဘဲဖြစ်ပါတယ်။
စာကြွင်း။ ။ ယူနစ်တစ်ခုလုံးကို ဒေါ်လာ ၅.၅ သန်း တန်ပါတယ်တဲ့။
Knight News Team