အစိမ်းရောင်ဖွတ်တွေ ကြီးစိုးနေထိုင်ကြတဲ့ ကျွန်း
ဒီတစ်ခါတော့ အစိမ်းရောင်ဖွတ်တွေပဲ ကြီးစိုး နေထိုင်ကြတဲ့ ကျွန်းတစ်ကျွန်းအကြောင်းကို ပြောပြချင်ပါတယ်။
ဗြိတိန်က ကေမန်ကျွန်းများအနက် အကြီးဆုံးကျွန်းများဖြစ်တဲ့ ဂရန်း ကေမန်ကျွန်းကို အစိမ်းရောင်ဖွတ်များက ကျူးကျော်ဝင်ရောက်ပြီး ကြီးစိုးထားပါတယ်။
၎င်းတွားသွားသတ္တဝါများရဲ့ မူလဌာနေကတော့ အမေရိကတိုက်အလယ်ပိုင်းနှင့်တောင်ပိုင်းမှ ဖြစ်ကြပါတယ်။
ဒီအစိမ်းရောင်ဖွတ်တွေဟာ ကေမန်ကျွန်းပေါ် ကို ၁၉၈ဝ ပြည့်နှစ်များမှာ စတင်ရောက်ရှိလာခဲ့ကြတာပါ။ ၎င်းတို့ကို ကျွန်းပေါ်သို့ အိမ်မွေး တိရစ္ဆာန်များအဖြစ် ယူဆောင်ခဲ့ရာမှ လျင်မြန်စွာ ပေါက်ဖွားကာ အရေအတွက်အလွန်များပြားလာခဲ့တာ ဖြစ်ပါတယ်။
ဖွတ်များဟာ ရန်မလိုတတ်သည့် အပင်စားသတ္တဝါများ ဖြစ်ကြပါတယ်။ သို့သော်လည်း ကျွန်းရဲ့ သဘာဝရင်းမြစ်များကို ခြိမ်းခြောက်ပြီး အန္တရာယ်ဖြစ်လာစေခဲ့ပါတယ်။
ဖွတ်များဟာ အပင်များမှ အခေါက်ကိုခွာပြီး ဥယျာဉ်များနှင့် လယ်ယာမြေများကို ဖျက်ဆီးကြပါတယ်။ ၎င်းတို့အစာအတွက် ကျွန်းပေါ်မှာ မူလကတည်းက ရှိနေတဲ့ မျိုးစိတ်များနှင့် ယှဉ်ပြိုင်မှုများ ရှိလာခဲ့ပါတယ်။
ကျွန်းပေါ်မှာ ဖွတ်များသောင်းကျန်းလာခဲ့တာကြောင့် ဗြိတိသျှအစိုးရက ကေမန်ကျွန်းငယ်များနှင့် ကေမန်ဘရက်ခ်ကျွန်းသို့ ဖွတ်များပြန့်ပွားလာမှာကို စိုးရိမ်ခဲ့ကြပါတယ်။
အနီးဝန်းကျင်ကျွန်းများကို ကာကွယ်ရန်နှင့် အခြေအနေများကို ထိန်းချုပ်နိုင်ဖို့ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဌာနက ဖွတ်များကို အမြစ်ဖြတ်ချေမှုန်းရန် နည်းလမ်းရှာဖွေခဲ့ကြပါတယ်။
ဂရင်းကေမန်ကျွန်းပေါ်မှ ဖွတ်များကို ၂၀၁၀ ပြည့်နှစ် မတိုင်မီအထိ တရားဝင်သဝာ်ဖြတ်ခွင့် မရှိခဲ့ပါဘူး။
သို့သော်လည်း နောက်ပိုင်းမှာ ဖွတ်ကောင်ရေများ အဆမတန် တိုးပွားလာတာကြောင့် ဖွတ်များကို သုတ်သင်ရန် ခြွင်းချက် သတ်မှတ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်၊ မေလမှ ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာလအထိ ဖွတ်မုဆိုးများဟာ ဖွတ်တစ်ကောင်သဝာ်ဖြတ်တိုင်း ၂ ဒေါ်လာရရှိကြပါတယ်။
ဒါ့ကြောင့် ၎င်းကာလအတွင်းမှာ အနည်းဆုံး ဖွတ်ကောင်ရေ ၈၅ဝဝ ကို ရှင်းလင်းနိုင်ခဲ့ကြပါတယ်။
သို့သော် ကျွန်းပေါ်ရှိ ဖွတ်ကောင်ရေဟာ ၁ သန်းလောက်ရှိမယ်လို့ ခန့်မှန်းထားတာကြောင့် ဤမျှလောက်သော အကောင်ရေဟာ ဖွတ်ကောင်ရေ လျော့ပါးစေရန် လုံလောက်မှု မရှိခဲ့ပါဘူး
ဒါ့ကြောင့် ကေမန်ကျွန်းကို အစိမ်းရောင်ဖွတ်တွေ ဆက်လက်စိုးမိုးထားဆဲဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
Knight News Team