ဒိန်းမတ်ရဲ့ အလေ့အထများ

ဒိန်းမတ်ရဲ့ အလေ့အထများ

ဒိန်းမတ်ဆိုတာ ဥရောပက လှပတဲ့နိုင်ငံတစ်ခုပါ။ မြို့တော်က ကိုပင်ဟေဂင် ဖြစ်ပါတယ်။ ခုတစ်ခါတော့ ဒီနိုင်ငံရဲ့ထူးခြာတာလေးတွေ တင်ပြပါရစေ။

၁။ ဒိန်းမတ်မှာ ခွေးသုံးကောင်ထက်ပိုမွေးလို့ မရပါဘူး။ ဒါက အိမ်မွေးတိရစ္ဆာန်တွေကို လုံလောက်တဲ့ ဂရုစိုက်မှုရရှိစေဖို့ ဖြစ်ပါတယ်တဲ့။

ဒိန်းမတ်မှာ လေလွင့်ခွေးရယ်လို့ လုံးဝမရှိပါဘူး။ ရှိခဲ့ရင်လဲ တွေ့တဲ့လူက အထူး မြူနီစပါယ်အဖွဲ့ကို ဖုန်းဆက်လိုက်တာနဲ့ လာရောက်ဖမ်းဆီးပြီး ဂေဟာကို ပို့လိုက်ပါလိမ့်မယ်။

၂။ Bluetooth ဆိုတာ ဒိန်းမတ်ဘုရင် Harald Bluetooth ကို ဂုဏ်ပြုခေါ်ဝေါ်တာ ဖြစ်ပါတယ်။ သူဟာ ဒိန်းမတ်နိုင်ငံကို စုစည်းပြီး နိုင်ငံတစ်ခုအဖြစ်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

ဗိုက်ကင်း ဘာသာစကားအရ Bluetooth တံဆိပ်ဟာ H နဲ့ B ကိုပေါင်းစပ်ထားတာပါ။

၃။ ဒိန်းမတ် မိဘများဟာ သူတို့ကလေးငယ်တွေကို တွန်းလှည်းထဲထည့်ပြီး ခြံထဲမှာ လွှတ်ထားလေ့ ရှိပါတယ်။ အဝတ်အစားထူထူတွေလဲ ဝတ်မပေးကြပါဘူး။

ကလေးတွေဟာ မြေပြင်မှာလဲ‌ ပေပေကျံကျံ ဆော့ကစားခွင့် ရှိပါတယ်။ ဒါမှ သဘာဝတရားနဲ့ အသားကျပြီး ခံနိုင်ရည်ရှိမယ်လို့ ယူဆကြတာဖြစ်ပါတယ်။

၄။ ဒာရက်နဲ့ပါတ်သက်ပြီး အသက်ငယ်သူတွေအတွက် ဥပဒေက လွတ်လပ်လွန်းပါတယ်။ ၁၆ နှစ်ဆို ဘီယာဝယ်လို့ရပါပြီ။ ဒာရက်ကတော့ ၁၈ နှစ်မှပါ။

၅။ ဒိန်းမတ်အစိုးရဟာ ကလေးငယ်များအမည်ပေးခြင်းကို ထိန်းချုပ်ထားပါတယ်။ အမည် ၇၀၀၀ ကို ကြိုတင်ထုတ်ပြန်ထားပြီး အဲထဲက ကြိုက်ရာရွေးပါတဲ့။

၆။ ကျောင်းတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ သစ်တောထဲမှာ သင်ကြားတဲ့ပုံစံ ဖြစ်ပါတယ်။ ကျောင်းသားတွေကို သဘာဝတရားနဲ့ ရင်းနှီးစေပြီးပိုမို တိုးတက်စေပါတယ်တဲ့။

၇။ ၂၅ နှစ်အထိ လက်မထပ်ရသေးသူများဟာ မွေးနေ့မှာ သစ်ကြပိုးခေါက် အမှုန်တွေနဲ့ တစ်ကိုယ်လုံးပေါ် ဖြန်းပက်ခံရပါတယ်။ ထူးဆန်းတဲ့ဓလေ့တစ်ခုပါ။

၈။ ဒိန်းမတ်ကလူတွေဟာ သွားနဲ့ပါတ်သက်ရင် သူ့နိုင်ငံက ဈေးကြီးတဲ့အတွက် ပိုလန်တို့ ဟန်ဂေရီတို့ကို သွားပြီး အလှဆင်ကြပါတယ်။

၉။ Dannebrog အမည်ရ ဒိန်းမတ်အလံဟာ နှစ်ပေါင်း ၈၀၀ ရှိခဲ့ပါပြီ။ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံးအလံပါ။ ရာဇဝင်မှတ်တမ်းအရ ရုရှားနဲ့ ၁၂၁၉ ခုနှစ်မှာ စစ်ဖြစ်ခဲ့ပါတယ်။

Lyndanisse စစ်ပွဲအတွင်း ဒီအလံဟာ ကောင်းကင်က ကျလာတယ်လို့ ဆိုပါတယ်။ ဒီအလံကြောင့် ဒိန်းတွေဟာ စစ်ပွဲကို အောင်နိုင်ခဲ့ပါတယ်တဲ့။

၁၀။ ဒိန်းမတ်မှာ အခြားနိုင်ငံတွေရဲ့အလံကို မီးရှို့တာ ခွင့်မပြုပေမဲ့ ဒိန်းမတ်အလံကိုတော့ ရှို့နိုင်ပါတယ်တဲ့။ အံ့ဖွယ်ဥပဒေပါ။

၁၁။ ဒိန်းမတ် တော်ဝင်မျိုးဆက်ဟာ ဥရောပမှာ သက်တမ်းအရှည်ဆုံးဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်ကျော်ပါပြီ။

လက်ရှိဘုရငမက Margrethe II ဖြစ်ပါတယ်။ သူမဟာ ၁၉၇၂ ခုနှစ်ကတည်းက သရဖူဆောင်းခဲ့တာပါ။

၁၂။ ဒိန်းမတ် ဘုရင်မကြီးရဲ့အကြီးဆုံး
မြေးဖြစ်သူ Nikolai ဟာ catwalk မော်ဒယ်တစ်ယောက်ပါ။ ၂၀၁၈ ခုနှစ်၊လန်ဒန် Burberry ဖက်ရှင်ရှိုးမှာ သူပါဝင်ခဲ့ပါတယ်။ အဲဒီကစပြီး Dior ရဲ့ ဒီဇိုင်နာ Kim Jones ရဲ့ ပင်တိုင်မော်ဒယ်ဖြစ်လာပါတယ်။

၁၃။ ဒိန်းမတ်ရဲ့ အမှိုက်ပုံးတွေကို ခပ်စောင်းစောင်း လုပ်ထားခြင်းဟာ စက်ဘီးသမားတွေ အမှိုက်ပစ်ထဲ့တဲ့အခါ မဖိတ်စင်အောင် ပြုလုပ်ထားတာပါ။

ဒိန်းမတ်မှာ လမ်းလျောက်တတ်တာနဲ့ စက်ဘီးစီးပါ သင်ပေးကြပါတယ်။

၁၄။ Minecraft ကစားနည်းကို ဒိန်းမတ်နိုင်ငံရဲ့ပုံစံအတိုင်း တီထွင်ခဲ့ဘူးပါတယ်။ ဒေသကိုရင်းနှီးစေပြီး အခြားသူများကို စိတ်ဝင်စားစေဖို့နဲ့ ဆွဲဆောင်ဖို့ အခမဲ့ကစားနိုင်အောင် လုပ်ခဲ့တာပါ။

၁၅။ ကိုးယို့ကားယားနိုင်တဲ့ ဓလေ့ထုံးစံတွေလဲ ဒိန်းမတ်မှာ ရှိပါသေးတယ်။ ကြောင်အနက်ကို သစ်သားစည်ထဲထဲ့ အမြင့်မှာချိတ်ပြီး အဖုံးကိုဖွင့်လိုက်လို့ ထွက်လာတဲ့ကြောင်ကို ဘတ်တံနဲ့ရိုက်ကြတာမျိုးကို carnival ပွဲတော်တွေမှာ တွေ့ရတတ်ပါတယ်။

နွေလည်မှာ ကမ်းခြေတွေမှာ ခြုံပုတ်တွေ မီးရှို့တာမျိုးလဲရှိကြပါတယ်။

ကဲ ဒိန်းမတ်ကို သွားလည်ကြပါစို့။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *