အိမ်မွေးကြောင်လေးတွေ အအိပ်သန်ရတဲ့အကြောင်း
မင်းရဲ့ အိမ်မွေးကြောင်ကို ကြည့်လိုက်မယ်ဆိုရင် သူတို့က တရေးတမောအိပ်ရင်း နိုးလာတဲ့ ပုံစံလေးတွေ နဲ့ပြုမူတတ်တာကို အမြဲတမ်းနီးပါးတွေ့ရမှာဖြစ်ပါတယ်။
အမှန်တကယ်လည်း အိမ်မွေးကြောင်တွေဟာ အအိပ်သန်တဲ့ သတ္တဝါလေးတွေပါ။
ပျမ်းမျှအားဖြင့် အိမ်မွေးကြောင်များဟာ တနေ့တာမှာ ၁၆နာရီ မှ ၂၀ နာရီအထိ အိပ်စက်ခြင်းဖြင့် ကုန်ဆုံးကြပါတယ်။
ဘာကြောင့် အိပ်တာလည်းဆိုရင် သူတို့က မင်းနဲ့အတူ ဆော့ဖို့၊ အချိန်ဖြုန်းဖို့ ပျင်းရိလို့ ငြီးငွေ့နေလို့ မဟုတ်ပါဘူး။ သူတို့ရဲ့ ဗီဇကိုက နေ့ခင်းမှာ အိပ်တတ်တဲ့ဗီဇ ပါလာလို့ပဲ ဖြစ်ပါတယ်။
မင်းအိမ်မှာရှိတဲ့ မင်းရဲ့ အိမ်မွေးကြောင်ဟာ အမြဲ အိပ်နေမယ်၊ တက်ကြွမှု အနည်းဆုံး ဖြစ်နေမယ် ဆိုရင်တောင် သူတို့မှာ သားရဲတိရစ္ဆာန်တွေရဲ့ ပင်ကိုယ်ဗီဇတွေရှိနေပါသေးတယ်။
PetMD ရဲ့ အဆိုအရ အိမ်မွေးကြောင်များ ဟာလည်း တောကြောင်ကြီးများနဲ့ ပင်ကိုယ်ဗီဇ တူကြပါတယ်။
သူတို့ဟာ ပင်ပင်ပန်းပန်း ပြေးလွှားပြီး အမဲလိုက်တတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်းအတွက် သူတို့ရဲ့အချိန်အများစုကို အသုံးပြုပါတယ်။
အိမ်မှာတော့ အစာကျွေးနေတဲ့အတွက် မင်းရဲ့ ကြောင်လေးတွေဟာ အစာရှာဖို့ အမဲလိုက်ဖို့ တကယ် လုပ်ချင်မှလုပ်ရပါလိမ့်မယ်။
အိမ်မွေးတိရစ္ဆာန်တွေအတွက်တော့ “အမဲလိုက်ခြင်း”ဆိုတာ မင်းပုခုံးပေါ်တင်တာ ဒါမှမဟုတ် တရေးအိပ်ရာကနေ နိုးလာပြီး အရုပ်နဲ့နပန်းလုံးတာတို့ ဖြစ်နိုင်ပါတယ်။
သူတို့၏ အိပ်တဲ့အချိန်ဇယားများကြောင့် လူသားတွေ အနေနဲ့ကြည့်မယ်ဆိုရင် အိမ်မွေးကြောင်တွေဟာ ပျင်းရိတယ်လို့ ထင်ရပါတယ်။
ကြောင်များဟာ ဆည်းဆာပျော် သတ္တဝါ ဖြစ်တဲ့အတွက် Oakland Veterinary Referral Services ကတော့ကြောင်များဟာ အရုဏ်ဦး နှင့်ဆည်းဆာ ၀န်းကျင်တွင် တက်ကြွနေသည်ဟုသတ်မှတ်ပါတယ်။
တောရိုင်းထဲမှာဆိုရင်တော့ သားကောင်းကြီးတွေဟာ နေ့နှင့်ညအချိန်မှာ အမဲလိုက်ကြပါတယ်။ ဒါကြောင့် တောကြောင်တွေအနေနဲ့ တောရိုင်းထဲမှာ ကျက်စားကြတဲ့အခါ ဆည်းဆာချိန်များဟာဆိုရင် သားကောင်ကြီးများရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါသည်။
ဒါကြောင့် တောကြောင်ကြီးများနဲ့ ဗီဇတူ အိမ်မွေးကြောင်တွေဟာဆိုရင် အိမ်သားတွေ အလုပ်လုပ်နေကြတဲ့အချိန် နေ့ခင်းဘက်မှာအိပ်ပျော်နေတတ်ကြပါတယ်။
ကြောင်များဟာ အိပ်ချိန်များသော်လည်း သူတို့ဟာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်မနေပါဘူး။ အိပ်ပျော်နေသော သားရဲတိရစ္ဆာန်ဟာ လွှားခနဲခုန်အုပ်ဖို့ အဆင်သင့်ဖြစ်နေတတ်တာ မွေးရာပါဗီဇပါပဲ။
ဒါ့ကြောင့် ကြောင်တွေဟာ အိပ်သောအခါ ၎င်းတို့အနေနဲ့ တုန့်ပြန်မှုကို ချက်ချင်းမြန်မြန်ဆန်ဆန်ပြုလုပ်နိုင်တဲ့ အနေအထားနဲ့ အိပ်တတ်ကြပါတယ်။
သူတို့ ခဏတာ အိပ်စက်ချိန်ဟာ မိနစ် ၁၅ မှ ၃၀ အထိ ကြာပေမယ့် အမှန်တကယ်အိပ်မောကျချိန်ကတော့ ၅ မိနစ်သာကြာပါတယ်။
ဒါကြောင့်မင်းရဲ့ကြောင်လေးတွေအိပ်နေမယ်ဆိုရင်လည်း ကြောင်ပျင်းနေတယ်ဆိုပြီး အမုန်းမပွားလိုက်ပါနဲ့ နှစ်ဆပိုချစ်ပေးပါနော်။
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။