အသုံးမကျတဲ့ အထူးလက်နက်များ

အသုံးမကျတဲ့ အထူးလက်နက်များ

ဒီတစ်ခါတော့ နာမည်ကြီးပေမယ့် လက်တွေ့မှာ အသုံးမကျတဲ့ လက်နက်များအကြောင်း ရှာဖွေတင်ပြလိုက်ပါတယ်။

ဒီအကြောင်းအရာဟာ လက်ရှိဖြစ်နေတဲ့ ရုရှားယူကရိန်းစစ်ပွဲမှာ မြင်တွေ့ရတာ အပေါ်အခြေခံပြီး သုံးသပ်ထားတာဖြစ်ပါတယ်။ရှုစားကြပါအုံး။

၁။ S-400 Triumf

ဒီ S-400 ဒုံးကျည်ဟာ S-300 ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထုတ်လုပ်ခဲ့တာပါ။ Mobile Surface To Air System ဖြစ်ပါတယ်။ ရုရှားရဲ့နောက်ဆုံးပေါ် လေကြောင်းကာကွယ်ရေးစနစ်တစ်ခု ဖြစ်ပါတယ်။

NATO ရဲ့ ဘယ်ဒုံးကျည်မျိုးမဆို ပစ်ချနိုင်တယ်လို့ နာမည်ကြီးပါတယ်။ ဖေဖေါ်ဝါရီလထဲမှာ ယူကရိန်းရဲ့ SU 27 ဖိုက်တာတစ်စီးတော့ ပစ်ချနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ယူအက်စ်ရဲ့ ဟိုင်းမား (HIMARS high mobility artillery rocket system) တွေ ယူကရိန်းကို ရောက်ပြီး ၂ ပါတ်အကြာမှာဘဲ ရုရှားရဲ့ ပစ်မှတ် ၁၅ ခုလောက် ဖျက်ဆီးခံလိုက်ရပါတယ်။

S-400 တွေဟာ ဟိုင်းမားတစ်ခုကိုမှ ကြားဖြတ်ပစ်ချနိုင်ခြင်း မရှိပါဘူး။ ဂျူလိုင် ၁၂ ရက်မှာတော့ S-400 စနစ်တစ်ခုဟာ HIMARS နဲ့ ပစ်ခတ်ဖျက်ဆီးတာ ခံလိုက်ရပါတယ်။အရှက်တကွဲ ဖြစ်ရပ်ပါ။

၂။ Switchblade 300

ယူအက်စ်ဟာ ယူကရိန်းကို ကာမိကာဇေဒရုန်းဖြစ်တဲ့ switchblade တွေပေးခဲ့ပါတယ်။ သူဟာ မြင်သာတဲ့‌ ခြေလျင်စစ်မြေပြင်မှာတော့ အစွမ်းထက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်တွေမှာတော့ Artillery Strike ခေါ်တဲ့ သံချပ်ကာယာဉ် တိုက်ပွဲတွေ အဖြစ်များပါတယ်။ switch blade ရဲ့ အဖျက်အားက မလုံလောက်လို့ နောက်ပိုင်းမှာ မသုံးဖြစ်ကြပါဘူးတဲ့။

၃။ T-14 Armata

ရုရှားရဲ့ နောက်ဆုံးမျိုးဆက် တင့်ကားဖြစ်ပါတယ်။ လူထိုင်စရာမလိုတဲ့ အမြောက်ပစ်စင်ပါသလို အိမ်သာပါဝင်တဲ့ တစ်ခုတည်းသော တင့်ကားအမျိုးအစားပါ။

စစ်ပွဲအတွင်းမှာ ဒီတင့်ကားကို မတွေ့ရပါဘူး။ ကျွမ်းကျင်သူတွေကတော့ ရုရှားဟာ ဒီတင့်ကားကို မထုတ်နိုင်ခဲ့ဘူးလို့ ယူဆကြပါတယ်။

ရုရှားဟာ အစပိုင်းမှာ T-62 တင့်ကားတွေသုံးခဲ့ပြီး အများအပြား‌ ဆုံးရှုံးခဲ့ပါတယ်။ T-14 တော့ တစ်စီးမှသုံးတာ မတွေ့ရပါဘူး။

၄။ SU-57

ရုရှားရဲ့ နောက်ဆုံးပေါ် ကိုယ်ပျောက်တိုက်လေယာဉ် ဖြစ်တဲ့ SU-57 ဟာ ကန်ရဲ့ F-22 ကိုတောင် အလွယ်တကူ ပစ်ချနိုင်တယ်ဆိုပြီး ကြွားလုံးထုတ်ခဲ့တာပါ။

ယူကရိန်းမှာလဲ အသုံးပြုနေတယ်ဆိုပေမဲ့ ခုထိတော့ အထောက်အထား မတွေ့ရပါဘူး။ ဒီလေယာဉ်ကို ဆီးရီးယားမှာ ရက်အနဲငယ် သုံးဘူးပါတယ်။နောက်တော့ပျောက်ချက်သားကောင်းနေပါတယ်။

ရုရှားဟာ တိုက်လေယာဉ် ဒါဇင်နဲ့ချီပြီး ယူကရိန်းမှာ ပစ်ချခံနေရပါတယ်။ ဒါကြောင့် SU-57 ကို သုံးဖို့ စိတ်မချတာလဲ ဖြစ်နိုင်ပါတယ်။

၅။ Black Sea Fleet

ပင်လယ်နက်ဒေသက သင်္ဘောအုပ်စုဟာ အင်အားတောင့်တင်းတယ်လို့ ယူဆကြပေမဲ့ အလံတင် သင်္ဘော Moskva ကိုယ်တိုင် ယူကရိန်းရဲ့ Neptune ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီး ခံလိုက်ရပါတယ်။

သင်္ဘောဟာ ဒုံးကျည်ကာကွယ်ရေးစနစ်တွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေ အပြည့်အဝ တပ်ဆင်ထားပါရဲ့နဲ့ နစ်မြုပ်ခဲ့တဲ့အပြင် snake island လို ဗျူဟာအရ အရေးပါတဲ့ ကျွန်းကိုပါ လက်လွှတ်လိုက်ရပါတယ်။

၆။ KA-52 attack helicopter

ရုရှားရဲ့ နာမည်ကြီး တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ၂၃ မီလီမီတာ စက်အမြောက်အပြင် အခြားဖျက်အားပြင်းဒုံးတွေ တပ်ဆင်ထားပါတယ်။

ကိုယ်ပျောက်စွမ်းရည်ရှိတယ်လို့လဲ ယူဆကြပါတယ်။ ရုရှားတို့အဆိုအရ စတင်းဂါး ဒုံးကျည်ကိုမမှုဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းရဲ့ Stugna-P ဒုံးကျည်နဲ့တွေ့တော့ ၁၀ စီး ပစ်ချခံရပြီးပါပြီ။ Stugna-P က တကယ်တော့ တင့်ကားပစ်ဒုံးကျည်ပါ။

၇။ နောက်ဆုံးကတော့ T-72 တင့်ကားပါ။ စာတွေ့အရတော့ စွမ်းအားအပြည့်ပေါ့။ ၁၂၅ မီလီမီတာ 2A46M အမြောက်ကို တပ်ဆင်ထားပါတယ်။

တစ်နာရီ ၄၇ မိုင်မြန်ပြီး တပ်ဖွဲ့ဝင်တွေစစ်ချီရာမှာ အကာအကွယ်အနေနဲ့ သုံးပါတယ်။ သူလည်း မဟန်ပါဘူး။ အစီး ၃၀၀ လောက် ဖျက်ဆီးခံရပါတယ်။

ဒီလောက်ဆို နာမည်ကြီးပေမဲ့ အသုံးမဝင်တဲ့ လက်နက်တွေကို သိလောက်ပြီထင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *