သဘာဝတရားရဲ့ အစွမ်းထက်ဆုံး ဆေးဖက်ဝင်အပင်များ

သဘာဝတရားရဲ့ အစွမ်းထက်ဆုံး ဆေးဖက်ဝင်အပင်များ

ကမ္ဘာပေါ်မှာရှိတဲ့ ဆေးဝါးအားလုံးရဲ့ ထက်ဝက်ရာခိုင်နှုန်းဟာ အပင်အရင်းအမြစ်တွေကနေ ထုတ်လုပ်ထားတယ်ဆိုတာ သင်သိပါသလား။

သဘာဝတရားရဲ့ ဆန်းကြယ်တဲ့ အာနိသင်တွေနဲ့အတူ အောက်ဖော်ပြပါ အပင်တွေဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ နာမကျန်းမှုတွေအတွက် ကုစားပေးသွားနိုင်တဲ့ ဆေးဖက်ဝင် အပင်များဖြစ်ကြပါတယ်။

၁။ Gingko

ရှေးအကျဆုံး သစ်ပင်မျိုးစိတ်တစ်ခုအနေဖြင့် gingko ဟာ homeopathic အပင်များထဲမှ တစ်ခုဖြစ်ပြီး တရုတ်ဆေးပညာမှာ အဓိကကျတဲ့ အပင်တစ်မျိုးပါ။

အရွက်များကို ဆေးတောင့်များ၊ ဆေးပြားများ ထုတ်ယူမှုတွေမှာ အသုံးပြုကြပြီး အခြောက်လှန်းပြီးတော့ လက်ဖက်ခြောက်အဖြစ်လည်း စားသုံးနိုင်ပါတယ်။ ဒီအပင်ဟာ ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တာကြောင့် အသုံးဝင်လှပါတယ်။

Ginko အပင်နဲ့ အယ်လ်ဇိုင်းမားရောဂါ၊ မျက်စိကျန်းမာရေး၊ ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါ၊ အရိုးနာကျင်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ကုသနိုင်ပါတယ်။

၂။ နနွင်း

တောက်ပတဲ့ လိမ္မော်ရောင် အဆင်းနဲ့အတူ ဟင်းခတ် အမွှေးအကြိုင်အဖြစ် ကျော်ကြားလှတဲ့ နနွင်းဟာ အိန္ဒိယနိုင်ငံရဲ့ ဒေသန္တရအပင်ဖြစ်ပြီး DNA ဗီဇပြောင်းလဲမှုတွေကို တားဆီးပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ရောင်ရမ်းမှုတွေအတွက် ဖြည့်စွက်စာအဖြစ် သောက်သုံးနိုင်ပြီး အဆစ်အမြစ်ရောင် ရောဂါရှိသူများအတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

ဒါကြောင့် နနွင်းပင်ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ အဆစ်အမြစ်ရောင် ကင်ဆာရောဂါများနဲ့ အရေပြားရောဂါပေါင်းများစွာအတွက် ဆေးဖက်ဝင် အပင်အဖြစ် ကုစားပေးနိုင်ပါတယ်။

၃။ Evening Primrose ပန်း

အတောက်ပဆုံး အဝါရောင် evening primrose ပန်းဆီဟာ နှင်းခူလိုမျိုး အရေပြားရောဂါများကို သက်သာစေတဲ့ အဆီကို ထုတ်ပေးနိုင်ပါတယ်။

ပန်းဆီဟာ အချို့သောလေ့လာမှုတွေမှာတော့ ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိများရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

Evening Primrose ပန်းရဲ့ အဆီဟာ အပျော့စား အရေပြားရောဂါများ၊ ရင်သားနာကျင်ခြင်း၊ သွေးဆုံးခြင်း၊ ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါနဲ့ အာရုံကြောရောဂါတို့ကို ကုသရာမှာ လွန်စွာမှ အသုံးဝင်လှပါတယ်။

၄။ နှမ်းကြတ်ပင်

ဆီအဖြစ်လည်း ရရှိနိုင်တဲ့ နှမ်းကြတ်စေ့ဟာ အခြေခံ အာဟာရ ဖြည့်စွက်စာများထဲမှာ ဘေးကင်းတဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

နှစ်ထောင်ပေါင်းများစွာကြာအောင် ရိတ်သိမ်းလာခဲ့တဲ့ နှမ်းကြတ်ပင်ဟာ သူ့အစေ့မှနေလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အကျိုးကျေးဇူးများကြောင့် ချီးကျူးခံရပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာကိုလည်း ကာကွယ်နိုင်တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

နှမ်းကြတ်စေ့ရဲ့ အာနိသင်တွေကတော့ အဝလွန်ခြင်းကို လျော့ကျစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။

၅။ လက်ဖက်ပင်

လက်ဖက်ပင်ဟာ ဝက်ခြံ အပျော့စား၊ အားကစားသမားတွေဖြစ်လေ့ရှိတဲ့ ခြေဖဝါး ဒဏ်ရာငယ်များ၊ ဗောက်များ၊ အင်းဆက်ပိုးမွှား ကိုက်ခံရမှုနဲ့ အခြားရောင်ရမ်းသော အရေပြားအခြေအနေများကို အကျိုးပြုပေးနိုင်တဲ့ အဆီတစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။

ဒီလိုဂုဏ်သတ္တိတွေကြောင့် လက်ဖက်ပင်ဆီကို အရေပြားထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များနဲ့ ခရင်မ်အမျိုးမျိုးမှာ မကြာခဏဆိုသလို ရောနှောလာကြလေ့ရှိတဲ့ ဆေးဖက်ဝင်အပင်မျိုးလည်း ဖြစ်ပါတယ်။

၆။ စပျစ်

နှစ်ပေါင်းများစွာ အရည်၊ ဆေးပြားများ သို့မဟုတ် ဆေးတောင့်များမှာ အသုံးပြုလာကြတဲ့ စပျစ်စေ့ထုတ်ယူမှုယာ သူ့ရဲ့ antioxidant ကြောင့် ဆေးဖက်ဝင် အပင်တစ်ပင်ဖြစ်ပါတယ်။

ကိုလက်စထရောကို လျှော့ချပေးသလို ခြေထောက်သွေးပြန်ကြောများတွင် သွေးလည်ပတ်မှုမကောင်းတဲ့ လက္ခဏာများကို သက်သာစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများ ပေးစွမ်းပါတယ်။

ဝိုင်အရည်က စလို့ စပျစ်ဟာ သူနဲ့ပတ်သက်တာမှန်သမျှ လူ့ရဲ့ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အသီးမျိုးဖြစ်ပြီး အစွမ်းထက်ဆုံး စပျစ်စေ့ကို ပုံမှန်စားသုံးခြင်းဖြင့် ကင်ဆာကို ဆန့်ကျင်တဲ့ အာနိသင်ရှိပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ရပ်တန့်စေနိုင်တယ်လို့ အတည်ပြုထားကြပါတယ်။

၇။ လာဗင်ဒါ

မွှေးရနံ့ရှိတဲ့ ခရမ်းရောင်ပန်းပွင့်ဟာ လေ့လာမှုများအရ စိုးရိမ်ပူပန်မှုတွေကို ဆန့်ကျင်နိုင်စွမ်း အာနိသင်ရှိပါတယ်။

စိတ်ကို ကြည်လင်လန်းဆန်းစေတဲ့ ဂုဏ်သတ္တိမျိုးအပြင် အရေပြားခရင်မ်၊ အိပ်မပျော်နိုင်သူတွေအတွက် ရနံ့ကုထုံးလို ကုသမှုတွေမှာလည်း ကျယ်ပြန့်စွာ အသုံးပြုကြပါတယ်။

၈။ Chamomile

ဒေစီလေးတွေနဲ့ ဆင်တူတဲ့ ပန်းပွင့် chamomile ဟာ စိတ်ကျရောဂါကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိရှိတယ်လို့ ယူဆကြတဲ့ အခြားဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။

လူကြိုက်များတဲ့ လက်ဖက် အရသာကြောင့် ရေပန်းစားပြီး ကမ္ဘာတစ်ဝှမ်းမှည တစ်နေ့ကို ခွက် ၁ သန်းကျော် သောက်သုံးနေကြပါတယ်။

အရည်များ၊ ဆေးတောင့်များမှတဆင့် စားသုံးမှီဝဲနိုင်တဲ့ ဒီအပင်ဟာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာဝေသနာတွေဖြစ်တဲ့ ပူပင်သောကနဲ့ စိတ်ဖိစီးမှုတွေ၊ အိပ်မပျော်တာတွေနဲ့ စိတ်ကျရောဂါတွေအတွက် အထူးအသုံးဝင်လှတဲ့ ဆေးစွမ်းကောင်းတစ်ခုပါကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.