ကမ္ဘာ့အသက်အပြင်းဆုံး သက်ရှိဖြစ်တဲ့ ရေဝက်ဝံ အကြောင်း

ကမ္ဘာ့အသက်အပြင်းဆုံး သက်ရှိဖြစ်တဲ့ ရေဝက်ဝံ အကြောင်း

ကမ္ဘာ့ အသန်မာဆုံး ၊အသက်ပြင်းဆုံး တိရစ္ဆာန် ကတော့ ရေဝက်ဝံ (Water Bear) အမည်ရ ပိုးကောင် ဖြစ်ပါတယ်။ သူ့ကို Tardigrade လို့လည်း ခေါ်ပါတယ်။

အရွယ် အစား ကတော့ မီလီမီတာ အတိုင်း အတာ သာရှိပြီး အလွန်သေး ငယ်ပါတယ်။အရွယ်‌ရောက်ပြီး အကြီးဆုံးအကောင်က ၁.၅ မီလီမတာ(၀.၀၅၉လက်မ) ရှိပြီး အသေးဆုံးကတော့ ၀.၁ မီလီမီတာ‌အောက်မှာပဲ ရှိပါတယ်။

သူရဲ့ ထူးခြားချက်ကတော့ သေပြီးရင် ပြန်ရှင်နိုင် ပါတယ်။ အသက်ရှင်ရန် ခက်ခဲ ကြမ်းတမ်းပါတယ်ဆိုတဲ့ နေရာ ဒေသတွေ မှာတောင် အသက်ရှင် နေထိုင်နိုင် ပါတယ်။

ရေဝက်ဝံဟာ အပူချိန် သုည ဒီဂရီမှာလည်း နေထိုင်နိုင်သလို ရေနွေးပွက်ပွက်ဆူ ထဲမှာလည်း အသက်ရှင်နိုင်ပါတယ်။ လူသားတွေထက်လည်း ဓာတ်ရောင်ခြည် အဆ တစ်ထောင်မက ခံနိုင်ရည်ရှိ ပါတယ်။

ရေမသောက် ပဲနဲ့လည်း ဆယ်စုနှစ် တစ်ခုမက နေနိုင်ပါတယ်။ အနက်ဆုံး သမုဒ္ဒရာ ကြမ်းပြင်အောက်က ဖိအား ထက် ၆ ဆ များနဲ့ ဖိအားကို တောင် ခံနိုင်ရည် ရှိပါတယ်။

အာကာသမှာလည်း အသက်ရှင်နိုင်ပါတယ်။၂၀၁၇ ခုနှစ်က သိပ္ပံပညာရှင်တွေဟာ ရေဝက်ဝံတွေကို အာကာသထဲသို့ ၁၂ ရက်ကြာ စေလွတ်ပြီး စမ်းသပ်ခဲ့ပါတယ်။

ရေဝက်ဝံဟာ အာကာသထဲမှာ ဘာမှမဖြစ်ပဲ အသက်ရှင်‌နေနိုင်ရုံမက အဥပါဥချခဲ့ပြီး ကမ္ဘာမြေပေါ်ကို မွေးကင်းစ အကောင်ပေါက်လေးနဲ့အတူ ပြန်လာနိုင်ခဲ့ပါတယ်။

ပတ်ဝန်းကျင်အခြေအနေဆိုးတစ်ခုကြောင့် သေသွားတယ်ဆိုရင်တောင် တကယ်သေတာမဟုတ်ပါဘူး။ ကိုယ်တွင်းက လုပ်ဆောင်ချက်များ ယာယီ ရပ်တန့်သွားခြင်း မျှသာ ဖြစ်ပြီး နှစ်ပေါင်း ၁၂၀ ကြာတဲ့အခါ ပြန်လည် ရှင်သန် ပြီး ယခင် အတိုင်း နေထိုင်နိုင်ပါတယ်။

ရေဝက်ဝံဟာ အသေးစား သတ္တဝါမျှ ဖြစ်ပြီး ခြေထောက်၊ ခြေသည်း၊ မျက်လုံး၊ ပါးစပ်၊ အစာအိမ်၊ သွေးကြော အစရှိသဖြင့်တို့ဟာ တကယ်ပဲ သေးငယ်ပါတယ်။

ရေဝက်ဝံကို နေရာတိုင်းမှာ ရှာတွေ့နိုင်ပါတယ်။ ပင်လယ်၊ ရေခဲပြင်အောက်၊ ကန္တာရ၊ ဟိမဝန္တာ- ရာသီစုံ၊ အပူချိန်စုံ ခံနိုင်ရည်ရှိပြီး နေရာအနှံ့မှာ နေထိုင်ပါတယ်။ ရေညှိမှာလည်း စုဖွဲ့ပြီး နေတတ်ပါတယ်။

ဒါတောင် ပုံမှန်အတိုင်းဆိုရင် သေစရာ အကြောင်းမရှိပဲ အမြဲ စွမ်းအင် ပြန်လည်ပြည့်ဖြိုးနေတဲ့အတွက် ကမ္ဘာ့ အသန်မာဆုံး ၊ အသက်အပြင်းဆုံး တိရစ္ဆာန်လို့ ကမ္ဘာက အသိမှတ်ပြုထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *