အကျဥ်းထောင်နဲ့တောင်မတူတဲ့ ကမ္ဘာတစ်ဝှမ်းက ဇိမ်ခံထောင်ကြီးများ
အကျဥ်းထောင်အကြောင်းတွေ တွေးတဲ့အခါမှာ သံတိုင်တွေ၊ နှိပ်စက်မှုတွေ၊အုံ့ဆိုင်းနေတဲ့ ခန်းမတွေနဲ့ ကြောက်စရာကောင်းတဲ့ ခံစားချက်တွေရှိနေမှာ သေချာပါတယ်။ဒါပေမယ့် အကျဉ်းထောင်တိုင်းကတော့ ဒီလိုမဟုတ်ပါဘူး။
တစ်ကမ္ဘာလုံးမှာ အကျဉ်းထောင်ပေါင်းများစွာရှိပေမယ့် အခုဖော်ပြပေးသွားမယ့် အကျဉ်းထောင်တွေကတော့ ပြစ်မှုဆိုင်ရာ အဆောက်အအုံများနဲ့တောင် မတူညီပဲ ဇိမ်ခံထောင်အဖြစ်တောင် မှတ်ယူရမယ့် အကျဥ်းထောင်မျိုးတွေဖြစ်ပါတယ်။
၁။ Halden အကျဥ်းထောင်၊ နော်ဝေ
ရုပ်မြင်သံကြား၊ ရေခဲသေတ္တာများပါရှိတဲ့ ဇိမ်ကျကျ၊ ပရိဘောဂ အပြည့်အစုံတွေနဲ့ နော်ဝေးနိုင်ငံက ရာဇဝဝာ်သားတွေဟာ Halden အကျဥ်းထောင်ဟာ အလွန်ကောင်းမွန်လှတဲ့ အကျဉ်းထောင်မျိုးဖြစ်ပါတယ်။
ဒါ့အပြင် Halden အကျဉ်းထောင်ရှိ အစောင့် အများအပြားဟာ လက်နက်ကိုင်ဆောင်ခြင်းကို မရှိကြပါဘူး။
၂။ Bastoy အကျဥ်းထောင်၊ နော်ဝေ
ဒီအကျဉ်းထောင် စနစ်အရ တင်းနစ်၊ မြင်းစီးခြင်း၊ ငါးဖမ်းခြင်းနဲ့ နေပူခံခြင်းစတဲ့ အပန်းဖြေနည်းများနဲ့အတူ အကျဉ်းသား ၁၀၀ ကျော်ကို လိုလေသေးမရှိ ထားရှိပေးပါတယ်။
ထောင်အခန်းတွေဟာလည်း တဲအိမ်များနဲ့ စီစဥ်ပေးထားပြီး စိမ်းစိုတဲ့ လယ်မြေများနဲ့အတူ အကျဉ်းသားများကို ထောင်ထဲမှာ ရှိနေတာကို မေ့လျော့သွားစေနိုင်တဲ့အထိ စိတ်ချမ်းသာစေမယ့် နေရာမျိုးပါပဲ။
၃။ Otago Correction အကျဥ်းထောင်၊ နယူးဇီလန်
ရပ်ဘီကစားကွင်းပြင် အထိပါ စီစဥ်ပေးထားတဲ့အပြင် ကိုယ်ပိုင် မျက်နှာသုတ်ပုဝါက အစပြုလို့ ဆောင်းရာသီအတွင်း ကြမ်းပြင်အပူပေးခြင်းအထိ အရာအားလုံးကို စီစဥ်ပေးထားတာပါတယ်။
ဒါကြောင့် အကောင်းဆုံးအကျဉ်းထောင်ကို ကမ္ဘာပေါ်က အကောင်းဆုံး အကျဥ်းထောင်အဖြစ် “Milton Hilton” လို့ ဒေသခံလူများက ရည်ညွှန်းကြပါတယ်။
၄။ HMP Addiewell အကျဥ်းထောင်၊ စကော့တလန်
HMP Addiewell အကျဥ်းထောင်ဟာ ပြစ်ဒဏ်ချတာမျိုးထက် ပြန်လည်ကောင်းမွန်လာဖို့ ပြုပြင်ပေးတဲ့ အလေးပေးသည့် ဒုတိယအိမ်နှင့် ပိုတူပါတယ်။
အကျဉ်းသားများကို သန့်ရှင်းသပ်ရပ်တဲ့ အခန်းများနဲ့ အချိန်ပြည့် အလုပ်အကိုင်များကိုလည်း ထောက်ပံ့ပေးထားပါတယ်။
၅။ Butner Federal Correctional Institution, အမေရိကန်
ရာဇဝဝာ်သားတွေကတော့ ဒီအကျဉ်းထောင်ကို သူတို့ရဲ့အိမ်လို့ ခေါ်ကြပါတယ်။ Butner ရဲ့ တိတ်ဆိတ်တဲ့ စင်္ကြံများမှာ အစောင့်များကိုပင် တွေ့ရမည် မဟုတ်ပါ။
နောက်ပြီး စိမ်းလန်းစိုပြေတဲ့ သစ်ရွက်တွေနဲ့ ပတ်ဝန်းကျင်တို့ကလည်း ဒီအကျဥ်းထောင်ကို အကောင်းဆုံး အကျဥ်းထောင်တစ်ခု ဖြစ်လာစေခဲ့ပါတယ်။
၆။ Justice Center Leoben, သြစတီးယား
ဒီအကျဥ်းထောင်ရဲ့ အသွင်အပြင်၊ ပုံစံတို့ဟာ ပိုက်ဆံမပေးရတဲ့ ကြယ် ငါးပွင့်အဆင့် ဟော်တယ်ကြီးလို့တောင် ဆိုစမှတ်ပြုကြပါတယ်။
၇။ Suomenlinna အကျဥ်းထောင်၊ ဖင်လန်
Suomenlinna ထောင်မှာတော့ သံတိုင်များ သို့မဟုတ် တံခါးပိတ်များ မပါရှိတဲ့အထိ ကမ္ဘာ့အပွင့်လင်းဆုံး အကျဉ်းထောင်တစ်ခုအဖြစ် တင်စားကြပါတယ်။
အကျဉ်းသားများကို တစ်ဦးချင်း အခန်းများပါရှိတဲ့ အများပိုင်အိမ်များမှာ ထားရှိကြပြီး ရေကူးကန်များကိုပါ စီစဥ်ပေးထားသလို ကျွန်းတစ်ခွင် တည်ဆောက်ရေးဆိုင်ရာ ပရောဂျက်များမှာ လုပ်ကိုင်ခွင့်ပြုထားပါတယ်။
၈။ Aranjuez အကျဉ်းထောင်၊ စပိန်
ဒီအကျဥ်းထောင်ကတော့ ကလေးရှိတဲ့ မိဘတွေအတွက် သီးသန့်နေရာတစ်ခုဖြစ်ပါတယ်။
ရာဇဝဝာ်သား မိဘတွေကိုပဲ ထားရှိတဲ့ ဒီထောင်မှာ ကလေးငယ်များဟာ မိဘများနဲ့အတူ နေထိုင်နိုင်ကြပြီး ကလေး ကစားစရာများလည်း တပ်ဆင်ပေးထားတာကြောင့် ကလေးငယ်တွေကို အိမ်မှာရှိသလိုပဲ ခံစားရစေမှာပါ။
Knight News Team