သဲကန္တရပြင်ထဲက ငေါထွက်နေတဲ့ ဧရာမလက်ချောင်းကြီးရဲ့ နောက်ကွယ်

သဲကန္တရပြင်ထဲက ငေါထွက်နေတဲ့ ဧရာမလက်ချောင်းကြီးရဲ့ နောက်ကွယ်

ကမ္ဘာ့ အထူးဆန်းဆုံး နေရာတွေကို စိတ်ဝင်တစား ရှာဖွေလေ့လာကြသူတွေအတွက် ချီလီနိုင်ငံက ဒီသဲကန္တာရဟာ သင်တို့ကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မယ့် ထူးဆန်းဖွယ်ရာ အကြောင်းတရားတွေ ပြည့်နှက်လို့နေပါတယ်။

ကန္တာရထဲက လက်၊ Mano Del Desierto

Mano del Desierto (The Hand of the Desert) ဟာ ချီလီနိုင်ငံရဲ့ ကမ္ဘာ့အကျော်ကြားဆုံး ပန်းပု အနုပညာတပ်ဆင်မှု တစ်ခုတည်ရှိရာ ကန္တာရဒေသဖြစ်ပါတယ်။

ဒီနေရာဟာ ကမ္ဘာပေါ်ရှိ အခြောက်သွေ့ဆုံး၊ အမြုံဆုံး နေရာများထဲမှ တစ်ခုဖြစ်တဲ့ Chilean Atacama သဲကန္တာရရဲ့ ခြောက်သွေ့သော သဲပြင်မှ ၃၆ ပေ (၁၁ မီတာဝန်းကျင်)အကွာမှာ တည်ရှိပါတယ်။

ဧရာမ လက်ချောင်းကြီးရဲ့ ရုပ်တုကြီးဟာ ဒီလို အခြောက်သွေ့ဆုံး ဒေသမှာ ဘယ်လိုဖြစ်တည်နေလဲဆိုရင်တော့ ၁၉၉၂ ခုနှစ် ချီလီပုံတူ ပန်းပုပညာရှင် Mario Irarrázabal ရဲ့ ဖန်တီးပြုလုပ်မှုကြောင့် ဒီထဲမှာ တည်ရှိနေခဲ့တာဖြစ်တယ်လို့ ဆိုရာမှာပါ။

လက်ကြီးရဲ့ နောက်ကွယ်က လေးနက်တဲ့ အဓိပ္ပာယ်

ကောင်းကင်သို့ ငေါထွက်နေတဲ့ ဧရာမလက်ကြီးရဲ့ နောက်ကွယ်မှာတော့ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပြည့်နှက်နေခဲ့ပါတယ်။

ဖန်တီးခဲ့သူရဲ့ အယူအဆမှာ လူသားတို့ရဲ့ အထီးကျန်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ မတည်မြဲမှုတို့ကို ဒီလက်ကြီးက ဖော်ဆောင််ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီလက်ကြီးဟာ ကမ္ဘာတစ်ဝှမ်းရှိ ဆင်းရဲဒုက္ခများနဲ့ မတရားမှုများကို ရင်ဆိုင်ရာမှာ လူသားတို့ရဲ့ ဝိဥာည်မှ အားနည်းချက်များကို ရည်ညွှန်းလို့နေပါသေးတယ်။

၁၇၉၄ ခုနှစ်မှာ ရုပ်တုဖန်တီးရှင် Pinochet ရဲ့ နိုင်ငံရေး ရဲဘော်များဟာသူတို့ရဲ့ လက်ဝဲယိမ်း နိုင်ငံရေးအမြင်များနဲ့ လှုပ်ရှားမှုများကြောင့် အဖမ်းခံရပြီး လျှို့ဝှက်နေရာတစ်ခုမှာ ရက်ပေါင်းများစွာကြာအောင် အစာငတ်ခံထားခဲ့ရပါတယ်။

အဲ့လိုနဲ့ သုံးရက်မြောက်နေ့မှာတော့ ပန်းပုဆရာက အကျဥ်းထောင်ထဲမှာ ဒီလက်ကြီးကို ထုဆစ်ဖို့ စိတ်ကူးရခဲ့တာပါပဲ။

ကက်သလစ် ဘုန်းကြီးတစ်ပါးနဲ့ လူ့အခွင့်အရေး ရှေ့နေတစ်ဦးတို့က သူ့ကို လွှတ်ပေးခဲ့ရာမှ ပြန်လည်လွတ်မြောက်လာအပြီး Pinochet ဟာ သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ဒီကန္တာရလယ်မှာ အကောင်အထည်ဖော်ခဲ့ပါတော့တယ်။

ဆိုလိုရရင် အဖိနှိပ်ခံတို့ရဲ့ သွေးတွေ၊ ချွေးတွေကို ကိုယ်စားပြုနေတဲ့ ဒီဧရာမလက် ပန်းပုလက်ရာဟာ ဖန်တီးသူ Pinochet ရဲ့ ခါးသီးလှတဲ့ အတွေ့အကြုံတွေမှ အတွေးအခေါ်အဖြစ်မှ အနုပညာလက်ရာတစ်ခု ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒီလိုလေးနက်မှုတွေကြောင့်လည်း ကမ္ဘာကျော်သွားခဲ့တာဟာ သိပ်တော့ အံ့အားသင့်စရာမရှိပါဘူး။

ရုပ်တုရဲ့ တည်နေရာနဲ့ ဖွဲ့စည်းပုံ အသေးစိတ်

ပင်လယ်ရေ မျက်နှာပြင်အထက် ၁,၁၀၀ မီတာ (335 ပေ) အမြင့်မှာ တည်ရှိတဲ့ ကြီးကျယ်ခမ်းနားသော ပန်းပုရုပ်တုကြီးဟာ အမြင့် ၁၁ မီတာ (၃၆ ပေ)ရှိပြီး Atacama သဲကန္တာရက ချိုင့်ဝှမ်းတစ်ခုလုံး နီးပါးကို လွှမ်းမိုးထားခဲ့ပါတယ်။

The Hand of the Desert ဟာ ကွန်ကရစ် ဖွဲ့စည်းပုံပါရှိသော ဘိလပ်မြေကို အခြေအမြစ်ထားကာ ထုဆစ်ထားခဲ့ဖြင်းဖြစ်ပါတယ်။

ရုပ်တုရဲ့ အလုံးစုံသော အသွင်အပြင်မှာ ကြမ်းတမ်းနေပြီး သဲကန္တာရဲ့ ပြင်းထန်တဲ့ အပူချိန်ကို ခံနိုင်ရည်ရှိဖို့ ဦးစားပေး ဆောက်လုပ်ထားခဲ့တာဖြစ်ပါတယ်။

မိုင်တွေ အကွာအဝေးကနေတောင် မြင်တွေ့နိုင်တဲ့ ဧရာမလက် ကွန်ကရစ် ရုပ်တုကြီးဟာ ပူပြင်းလွန်းလှတဲ့ သဲကန္တာရ အလယ်မှာ မားမားမတ်မတ်ကြီး အထီးကျန်စွာ တည်ရှိနေတာဖြစ်တာမလို့ သွားရောက် လည်ပတ်ချင်သူတွေအတွက် ရေတို့၊ အအေးတို့ အလုံအလောက် သယ်ယူသွားဖို့ လိုပါလိမ့်မယ်။

ဒီရုပ်တုကြီးရဲ့ ဘေးပတ်ပတ်လည် ပတ်ဝန်းကျင်မှ ဘာမှ မရှိသည့်တိုင် စွဲမက်ဖွယ် အရွယ်အစား၊ ခမ်းနားလှတဲ့ ပန်းပုလက်ရာတို့ကြောင့် ယနေ့ထိတိုင် ကမ္ဘာ့အထင်ကရ လက်ရာတစ်ခုဖြစ်ပြီး ပူပြင်းလှတဲ့ အပူချိန်ကို အံတုပြီး လာရောက် ကြည့်ရှုသူတွေလည်း အမြောက်အများ ရှိနေကြဆဲပါပဲ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *