ဂျပန်နိုင်ငံက အမျိုးသမီး ရေငုပ်သမားများ

ဂျပန်နိုင်ငံက အမျိုးသမီး ရေငုပ်သမားများ။

ဒီတစ်ခါ‌တော့ ဂျပန်နိုင်ငံရဲ့ ရိုးရာဓလေ့တစ်ခုဖြစ်တဲ့ အမျိုးသမီး ရေငုပ်သမားများအကြောင်း တင်ပြလိုက်ပါတယ်။

အမျိုးသမီး ရေငုပ်သမားများဟာ ပင်လယ်ရေအောက်မှာရှိတဲ့ ရေမှော်၊ ခရု၊ ပုလဲ စတဲ့ ပင်လယ်ရေအောက်က အဖိုးတန်အရာတွေကို ရေငုပ်ရှာဖွေပြီး ရောင်းခြင်းဖြင့် အသက်မွေးကြပါတယ်။

သူတို့ဟာ အသက်ရှူကရိယာမပါဘဲ ပင်လယ်ရေအောက်ကို အလွတ်ရေငုပ်ကြတာ ဖြစ်ပါတယ်။

ဒီလို ရေငုပ်တဲ့အခါမှာလဲ အဝတ်ဝတ်ဆင်ခြင်းမရှိဘဲ ကိုယ်လုံးတီးဖြင့်သာ ရေငုပ် ကြပါတယ်။

တစ်ကြိမ်လျှင် ၆၀ စက္ကန့်ကြာ ငုပ်လျှိုကြပြီးတော့ ရေအောက် ပေ ၄၀ အနက်ထိအောင် ငုပ်လျှိုးနိုင်ကြပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ဒီရိုးရာဓလေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ခန့်မှ စတင်ခဲ့တယ်လို့ သိရပါ တယ်။

ရိုးရာဓလေ့ အစဉ်အလာတွေအရ ပင်လယ်ရေအောက်ထဲတွင် လှုပ်ရှားသွားလာမှု လွယ်ကူစေရန် အတွက် ကိုယ်လုံးတီး၊ ဒါမှမဟုတ် အောက်ပိုင်း အရှက်ဖုံးစေရန်နှင့် ခေါင်းတွင် ပဝါပါးပါးသာ စည်နှောင်းပြီး ရေငုပ်ကြပါတယ်။

ရေငုပ်တဲ့အခါမှာလဲ လှေနဲ့ ချိတ်ဆက်ထားတဲ့ ကြိုးတစ်ချောင်းကို ခါးမှာ ချည်နှောင်ထားကြပါတယ်။

ရေအောက်မှာ ရှာဖွေမှုပြုလုပ်ပြီး အပေါ်ပြန်တက်လိုတဲ့ အခါမှာတော့ ခါးမှာချည်ထားတဲ့ ကြိုးကို လှုပ်ရန်းအ ချက်ပေးလိုက်တဲ့အခါမျာတော့ လှေပေါ်မှာ ရှိတဲ့ သူက ပေါ်ကို ဆွဲယူပေးကြပါတယ်။

သူတို့ဟာ ပင်လယ်ရေအောက် ရှာဖွေမှုတွေကို တစ်ဆိုင်းလျှင် ၂ နာရီမျှကြာပြီးတော့ တစ်နေ့လျှင် အဆိုင်းပေါင်းများစွာ ငုပ်လျှိုရှာဖွေကြပါတယ်။

တစ်ဆိုင်းနှင့် တစ်ဆိုင်းအနားယူချိန်ကိုတော့ အအေးသက်သာ စေရန်နေပူဆာလှုံခြင်း၊ မီးဖိုပြီး မီးလှုံခြင်းဖြင့် ကမ်းခြေမှာ အနားယူကြပါတယ်။

ယခုအခါမှာ ဒေသအာဏာပိုင်တွေက တစ်ရက်လျှင် ၄ နာရီထက် မပိုစေရဟု စည်းမျဉ်းများပြဌာန်း ထားပါတယ်။ ဟိုအရင် ရိုးရာရေငုပ်သမ တွေဟာတော့ တရက်လျှင် ၆ နာရီမှ ၈ နာရီအကြာ ရေထဲတွင် နေပြီး ရှာဖွေ အသက်မွေးကြရပါတယ်။

ဒါပေမယ့် ဒီရိုးရာ ရေငုပ်သမတွေဟာ အသက်အရွယ်ကြီးရင့်တဲ့ အချိန်ထိ ရေငုပ်တဲ့ အလုပ်ကို လုပ်ကိုင်ကြပါတယ်။ အသက် ၇၀ နှင့် ၈၀ အကြားရှိတဲ့ ရေငုပ်သမတွေကိုလဲ တွေ့ရမှာဖြစ်ပြီးတော့ သူတို့ဟာ ကျန်းမာရေးလည်း အလွန်ကောင်းမွန်တာကို တွေ့ကြရပါတယ်။

ဒီ မိသားစုမှာ မွေးဖွားလာကြတဲ့ မိန်းကလေးများဟာ အသက် ငယ်ငယ်လေးထဲက ရေငုပ်ခြင်းအ တတ်ပညာကို မိသားစုထံကနေ့ လက်ဆင့်ကမ်း သင်ယူကြရပါတယ်။

အသက် ၁၄ နှစ်အရွယ် ရောက်တဲ့အခါ မှာတော့ ပင်လယ်ရေအောက် ရေငုပ်ခြင်း လုပ်ငန်းခွင်ကို စတင်ဝင်ရောက် ကြရပါတယ်။

ဂျပန်နိုင်ငံအဝှမ်းမှာ ရေငုပ်သမအမျိုးသမီး ထောင်ပေါင်းများစွာရှိခဲ့ပါတယ်။ ယနေ့အချိန်မျာ ၎င်း ရိုးရာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး ဦးရေဟာ ကျဆင်းလာနေပါပြီ။

၂၀၁၀ ခုနှစ်က ကောက်ယူထားတဲ့ စစ်တမ်းတွေအရကတော့ ရေငုပ်သမ ဦးရေဟာ နှစ်ထောင်ခန့်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဒီရိုးရာဓလေ့ကိုတော့ ဂျပန်နိုင်ငံရဲ့ ကမ်းရိုးတန်းဒေသ အများအပြားမှာ ယနေ့အချိန်ထိ ထိန်းသိမ်းထားဆဲပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့အချိန်ခါမှာတော့ ရေငုပ်အမျိုးသမီးတွေဟာ ကိုယ်လုံးတီးတွေနဲ့တော့ မဟုတ်ကြတော့ပါဘူး။

ခန္ဓာကိုယ်ကို အဖြူရောင် ချည်သားဝတ်စုံတွေကို ဝတ်ဆင်ပြီး ရေငုပ်ကြပါတယ်။ တစ်ချို့သူများကတော့ ခေတ်မှီရေငုပ် ဝတ်စုံ၊ ရေငုပ်ကိရိယာများကို အသုံးပြုလာကြပြီ ဖြစ်ပါတယ်။

Knight News Team
Ama: The Freediving Fisherwomen of Japan

Leave a Reply

Your email address will not be published.