ကမ္ဘာ့အမြင့်မားဆုံး အဆောက်အဦတစ်ခုရဲ့အကြောင်း
ကမ္ဘာမြေပေါ်က “မြင့်မားမတ်စောက်ခြင်း” ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်နေတဲ့ ကမ္ဘာ့ပြယုဂ် အဆောက်အဦတစ်ခုရဲ့ အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
ဘယ်နိုင်ငံမှာ တည်ရှိလဲ
“Burj Khalifa” လို့ အမည်ရတဲ့ ဒီမိုးမျှော် အဆောက်အဦကြီးဟာ ကမ္ဘာပေါ်က အမြင့်ဆုံး အဆောက်အဦးကြီးဖြစ်ပြီး ဒီအဆောက်အဦဟာ အမှန်တကယ်တော့ အင်ဂျင်နီယာတွေရဲ့ အထူးချွန်ခဲ့ဆုံး စွမ်းဆောင်မှုတစ်ခုလို့ ဆိုရပါမယ်။
ဒီအဆောက်အအုံဟာ ဒူဘိုင်းနိုင်ငံမှာ တည်ရှိပြီး ဒူဘိုင်းမြို့ပြရဲ့ စိတ်ကူးစိတ်သန်းနဲ့ စိတ်ဝိညာဉ်တို့ကို ကိုယ်စားပြုနေပါတယ်။
ဖွဲ့စည်းပုံနဲ့ အမြင့်
အမြင့် ၈၂၈ မီတာ (၂,၇၁၆ ပေကျော်) ရှိသော ဒီခမ်းနားထည်ဝါလှတဲ့ အဆောက်အဦကြီးဟာ The Dubai Mall ရဲ့ ဘေးမှာ တည်ရှိပြီး ၂၀၁၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဖွင့်လှစ်ပြီးကတည်းက ကမ္ဘာတစ်ဝှမ်းမှလာရောက် လည်ပတ်သူများကို ဆွဲဆောင်ထားနိုင်ခဲ့တဲ့ ဒူဘိုင်းရဲ့ အဓိက ပြယုဂ်ဖြစ်ပါတယ်။
Burj Khalifa မှ ဘေးပတ်ဝန်းကျင် မြင်ကွင်းတွေကိုလည်း အထပ်ပေါင်း ၁၆၃ ထပ်ကြောင့် အလွှာ၊ အမြင့် အမျိုးမျိုးမှ ကမ္ဘာ့အမြင့်ဆုံး ရှုခင်းကြည့် ကုန်းပတ်တွေကနေ ကြည့်ရှုခံစားနိုင်ပါသေးတယ်။
Burj Khalifa အဆောက်အအုံတွင်းမှာ စက်လှေကား ၈ စင်းနဲ့ ဓာတ်လှေကား ၅၇ စင်း ပါရှိပြီး တစ်စက္ကန့်ကို ၁၀ မီတာ အမြန်နှုန်းဖြင့် သွားလာနိုင်ပါတယ်။
အဆောက်အဦရဲ့ သမိုင်းကြောင်း
Burj Khalifa ကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၅ နှစ်အကြာ ၂၀၀၉ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
Burj Khalifa ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းဟာ ကွန်ကရစ် စုစုပေါင်းတန်ချိန် 330,000,သံမဏိ စုစုပေါင်းတန်ချိန် 54,000)ကို အသုံးပြုခဲ့ရပြီး လူအင်အား ၁၂,၀၀ နဲ့အတူ နာရီပေါင်း ၂၂ သန်းအကြာ တည်ဆောက်ခဲ့ရပါတယ်။
သံတိုင်ကြီးတွေ ၁၉၂ ချောင်းကို စိုက်ထူပြီး ဒီအဆောက်အဦကြီးကို ခိုင်မာစွာ ရပ်တည်စေနိုင်ဖို့အတွက်လည်း အောက်ဘက်မှာ အမြင့်ပေ ၁၆၄ ပေ (၅၀ မီတာ) အထိ ကျင်းတူးခဲ့ရပါတယ်။
ဒီခမ်းနားလှတဲ့ လက်ရာကြီးကို ဖန်တီးခဲ့တဲ့ ဗိသုကာ ပညာရှင်ကတော့ Adrian Smith ဖြစ်ပါတယ်။ ဗိသုကာ ကုမ္ပဏီအဖြစ် Skidmore, Owings & Merrill တို့က တာဝန်ယူခဲ့ကာ အင်ဂျင်နီယာချုပ်အဖြစ် Bill Baker မှ ဆောင်ရွက်ပေးခဲ့ပြီး အဓိက ကန်ထရိုက်တာအဖြစ် Samsung C&T မှ တာဝန်ယူပေးခဲ့ပါတယ်။
ကမ္ဘာ့ စံချိန်ပေါင်း ၇ ခုနဲ့ အဆောက်အဦ
Burj Khalifa ဟာ ဓာတ်လှေကား ခရီးအကွာအဝေး အရှည်ဆုံးနဲ့ ကမ္ဘာပေါ်က အမြင့်ဆုံး စားသောက်ဆိုင်တို့အတွက် ကမ္ဘာ့စံချိန်တင်ထားခဲ့ပါတယ်။
ဒီအဆောက်အဦကြီးကို တည်ဆောက်ခဲ့ရာမှာ ဆင်ကောင်ရေ တစ်သိန်းခန့်နဲ့ ညီမျှတဲ့ စုစုပေါင်း ကွန်ကရစ်ပမာဏရဲ့ အလေးချိန်ဖြစ်ပါတယ်။
အပြင်ဘက် မျက်နှာစာအား လက်ဖြတ်ဖန်ပြား စုစုပေါင်း ၂၆,၀၀၀ ဖြင့် ဖုံးအုပ်ထားပြီး အဆောက်အအုံတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ဖို့အတွက်လည်း သုံးလခန့် အချိန်ယူရမှာဖြစ်ပါတယ်။
အမြင့်ပေ ၈၂၈ ပေနဲ့ ကမ္ဘာ့ အမြင့်မားဆုံး အဆောက်အဦ၊ အခန်းပေါင်း ၁၆၀ ခန်းနဲ့ ကမ္ဘာ့ အခန်းအများဆုံး အဆောက်အဦ၊ ကမ္ဘာပေါ်က လွတ်လပ်မှုရှိစွာ ရပ်တည်နေတဲ့ အဆောက်အဦ၊ ကမ္ဘာ့အမြင့်ဆုံး ကြမ်းပြင်ဖွဲ့စည်းမှု၊ ကမ္ဘာ့အမြင့်ဆုံး ပြင်ပရှုခင်းကြည့်ရှုရာ လသာဆောင်၊ ကမ္ဘာပေါ်က ခရီးအကွာအဝေးဆုံး ဓာတ်လှေကား၊ ကမ္ဘာ့အမြင့်ဆုံး ဓာတ်လှေကား ဝန်ဆောင်မှုတို့အတွက် ကမ္ဘာ့စံချိန်တင် ထားခဲ့ပါတယ်။
Knight News Team