ပျော်စရာအကောင်းဆုံး နိုင်ငံရဲ့ ထူးခြားချက်များ

ပျော်စရာအကောင်းဆုံး နိုင်ငံရဲ့ ထူးခြားချက်များ

ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ပျော်ရွှင်စရာ နိုင်ငံ အဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်ကတော့ ဖင်လန် (Finland )နိုင်ငံ ဖြစ်ပါတယ်။

ပျော်စရာနိုင်ငံရဲ့ ထူးခြားချက်တွေကိုတင်ပြလိုက်ပါတယ်။

၁။ Finland ဟာ ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံအဖြစ် ကုလအဖွဲ့ရဲ့ အစီရင်ခံစာ စာရင်းမှာ သုံးနှစ်ဆက်တိုက် ဗိုလ်စွဲ့ခဲပါတယ်။

၂။ ရေနွေးနဲ့ ရေချိုးတာဟာ Finland ရဲ့ရှေးဆန်တဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး အခုထိ ခေတ်စားပါတယ်။ ရေနွေးရေချိုးခန်း ၃ သန်းကျော်ရှိပြီး နိုင်ငံရဲ့ ကားစီးရေထက် များပါတယ်။

၃။ အကျင့်ပျက်ခြစားမှု လုံးဝမရှိပါဘူး။ အစိုးရဟာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပါတယ်။ ကုလစာရင်းမှာ နံပါတ် ၃ ချိတ်ပါတယ်။ အရိုးသားဆုံးနိုင်ငံလို့ ပြောလို့ရပါတယ်။

၄။ ဟဲဗီးမက်တယ် အဖွဲ့တွေ ဘယ်လောက်များလဲဆိုရင် လူတစ်သိန်းမှာ ၅၄ ဖွဲ့နှုန်း ရှိပါတယ်။ နားငြီးတတ်ရင် မသွားပါနဲ့။

၅။ Finn’s လို့ ခေါ်တဲ့ သူ့လူမျိုးတွေဟာ ကော်ဖီကို အလွန်နှစ်သက်သူတွေပါ။ ကော်ဖီသောက်နှုန်းကိုကြည့်ရင် တစ်ယောက်ဟာ တစ်နှစ်ကို ကော်ဖီ ၁၂ ကီလိုဂရမ်လောက် သောက်ကြပါတယ်။ဒါလဲ ကမ္ဘာ့စံချိန်တစ်ခုပါဘဲ။

၆။ နှစ်တိုင်း အောက်တိုဘာ ၁၃ ရက်နေ့မှာ “အမှားတို့ရဲ့နေ့” ဆိုပြီးကျင်းပကြပါတယ်။ ဆယ်လီတွေ နိုင်ငံရေးသမားတွေနဲ့ အခြားကျော်ကြားသူတွေဟာ အဲဒီနေ့မှာ သူတို့ရဲ့ အကြီးမားဆုံး အမှားတွေကို ထုတ်ဖေါ် ပြောကြားလေ့ရှိပါတယ်။

အမှားကနေ သင်ခန်းစာယူနိုင်တဲ့အတွက် စိတ်ဓါတ်မြှင့်တင်ရေးပွဲတော် ဆိုလဲ မမှားပါဘူး။

၇။ ပညာရေးဟာ မူလတန်းကစ တက္ကသိုလ်အဆုံး အခမဲ့ပါ။ နိုင်ငံခြားသားတွေလဲ အကြုံးဝင်ပါတယ်။၊

၈။ ရာသီဥတုကလဲ ထူးခြားပါတယ်။ ဆောင်းတွင်းမှာ မြောက်ပိုင်းဒေသတွေဟာ သီတင်းပါတ်တော်တော်များများ နေကို မမြင်ရပါဘူး။

ဝင်ရိုးစွန်းအလင်းတန်းတွေ မြင်ရပါတယ်။ နွေဆိုရင်တော့ ပြောင်းပြန်ပါ။ နေ့အတော်များများဟာ ‌၂၄ နာရီလုံး နေကို မြင်တွေ့ရပါတယ်။

၉။ ဖင်လန်မှာ ခြေသလုံးအိမ်တိုင် ခရီးသွားခြင်းကို ခွင့်ပြုထားပါတယ်။နိုင်ငံတဝှမ်း လွတ်လပ်စွာ သွားလာပြီး မှိုဆွတ်တာ၊ ဘယ်ရီသီးခူးတာ၊ တောစခန်းပျော်ပွဲစားထွက်တာ လုပ်နိုင်ပါတယ်။ အမှိုက်တော့ မပစ်ခဲ့နဲ့ပေါ့ဗျာ။

၁၀။ မိန်းမကို ကျောပိုးပြီး ပြေးရတဲ့ ပြိုင်ပွဲတွေရှိပါတယ်။

၁၁။ ခရစ်စမတ်ဖိုးဖိုး စန်တာကလော့ဟာ ဖင်လန်မှာ နေပါတယ်။ ဖင်လန်ဘာသာအရ Joulupukki လို့ ခေါ်ပါတယ်။

အာတိတ် စက်ဝိုင်းထိပ်မှာ စန်တာကလော့ ရဲရွာကလေးရှိပြီး စာတိုက်ပါရှိပါတယ်။ ခရစ်စမတ်ဖိုးဖိုးဆီကို တစ်နှစ် တစ်နှစ် စာ ၇၀၀,၀၀၀ လောက် ရေးပို့ကြတာကို ဒီစာတိုက်က လက်ခံရရှိပါတယ်။

၁၂။ ဖင်လန်ဟာ ကမ္ဘာ့ အအေးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ၁၉၉၉ ခုမှတ်တမ်းအရ အနှုတ် ၅၁.၅ ဒီဂရီ စင်တီဂရိတ်အထိ အေးဖူးပါတယ်။

၁၃။ နိုင်ငံတော်က အအိပ်နိုင်ဆုံး ပြိုင်ပွဲကို ဂျူလိုင် ၂၇ ရက် နေ့တိုင်း ကျင်းပပါတယ်။ မိသားစုထဲက နောက်အကျဆုံးအိပ်ယာထသူကို သရဖူဆုပေးပါတယ်။

၁၄။ မိုဘိုင်းဂိမ်းမှာလဲ ထိပ်တန်းပါ။ Angry bird ဂိမ်းဟာ ဖင်လန်ကထုတ်တာ ဖြစ်ပါတယ်။

၁၅။ ဖင်လန်မှာ ဘုရင်စနစ်ဟာ သက်တမ်းအတိုဆုံး ဖြစ်ပါတယ်။၁၉၁၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ဘုရင်ကိုတင်မြှောက်ခဲ့ကြပါတယ်။

သူကတော့ ဂျာမန် အိမ်ရှေ့မင်းသား ဖရက်ဒရစ် ချားလ်ဟက် ဖြစ်ပြီး ၆၇ ရက်သာ အုပ်ချုပ်ခဲ့ပါတယ်။

ကဲ ဖင်လန် အလည်တခေါက် သွားကြပါစို့။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *