အာဏာရှင် ဇာတ်သိမ်း
ကမ္ဘာမှာ ရက်စက်တဲ့ အာဏာရှင်တွေ ပေါ်ပေါက်ခဲ့ဘူးတာ သိပြီးသား ဖြစ်ကြပါလိမ့်မယ်။
ဒါပေမဲ့ သူတို့ရဲ့ဘဝ ဇာတ်သိမ်းကြပုံတွေဟာ တူညီနေကြတာကိုတော့ သိသူနဲမယ် ထင်ပါတယ်။
ဒါကြောင့်လဲ အာဏာရှင်တွေ ဘယ်လိုတူညီစွာ ဇာတ်သိမ်းရတယ်ဆိုတာ ရှာဖွေတင်ပြလိုက်ရပါတယ်။
၁။ မူဆိုလီနီ ( Benito Mussolini )
မူဆိုလီနီဟာ အီတလီနိုင်ငံရဲ့ ဖက်ဆစ် အာဏာရှင်တစ်ယောက်ပါ။ဟစ်တလာရဲ့ မဟာမိတ်လဲ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ်မှာ မဟာမိတ်တွေနဲ့ အီတလီမျိုးချစ် ဖက်ဆစ်ဆန့်ကျင်ရေးသမားတွေဟာ နိုင်ငံတောင်ပိုင်းက တဆင့်ပြီးတဆင့် သိမ်းပိုက်လာပါတယ်။
မူဆိုလီနီဟာ သူ့မိန်းမ Clara Petacci နဲ့အတူ ဆွစ်ဇာလန်ကိုပြေးဖို့ ကြိုးစားနေတုန်းမှာ အဖမ်းခံလိုက်ရပါတယ်။ ဧပရယ် ၂၇ မှာ သူတို့ကို ဖမ်းမိခဲ့ပြီး နောက်တစ်နေ့မှာဘဲ ကွပ်မျက်လိုက်ကြပါတယ်။
သူတို့ အလောင်းတွေကို Milan Plaza မှာ ဇောက်ထိုးချိတ်ဆွဲထားခဲ့ပါတယ်။သူသေတော့ ၆၁ နှစ်ရှိပါပြီ။
၂။ ဟစ်တလာ (Adolf Hitler)
ဂျာမန်နာဇီပါတီခေါင်းဆောင် ဂျူး ၆ သန်ကျော် သဝာ်ခဲ့သူပါ။ ၁၉၄၅ ခုနှစ်မှာ ဆိုဗီယက် တပ်နီတော်တွေ ဘာလင်မြို့နားရောက်လာပြီး သူစစ်ရှုံးတော့မှာကို သိတဲ့အခါ မြေအောက်ဘန်ကာထဲပုန်းနေခဲ့ပါတယ်။
၁၉၄၅ ခုနှစ်၊ဧပြီလ ၂၉ မှာ သူ့ရည်းစား Eva Braun နဲ့ လက်ထပ်ပွဲကို ဘန်ကာထဲမှာ လုပ်ခဲ့ပါတယ်။ နောက်တစ်နေ့ ဧပြီလ ၃၀ မှာ မင်္ဂလာ မနက်စာ စားပြီး သူ့ကိုယ်သူ သေနတ်နဲ့ပစ် သဝာ်သေလိုက်ပါတယ်။
မူဆိုလီနီ အဖြစ်မျိုးဖြစ်မှာ ကြောက်တာလဲ ပါပါတယ်။ Eva Braun ကတော့ ဆိုင်ယာနိုက်အဆိပ် သောက်ပြီးသေသွားပါတယ်။ သူသေတော့ ၅၆ နှစ်ပါ။
၃။ ဂျိုးဇက်စတာလင် (Joseph Stalin)
ရုရှားရဲ့အာဏာရှင်တစ်ယောက်ပါ။ ၁၉၅၁ ခုနှစ်မှာ ပုံမှန်ဆေးစစ်တဲ့အခါ ဆရာဝန်က အလုပ်လျော့ပြီး အနားများများယူဖို့ ပြောပါတယ်။
သူကလက်မခံတဲ့အပြင် ဆရာဝန်ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ သူက ဆရာဝန်တွေဟာ လူသဝာ်သမားတွေလို့တောင် လူသိရှင်ကြား ပြောခဲ့ပါတယ်။
သူရောဂါက ပိုဆိုးလာပြီးသွေးအန်တဲ့အထိ ဖြစ်လာပေမဲ့ ဘယ်သူမှ သူ့နားမကပ်ရဲသလို ဘယ်သူမှ မကူညီရဲကြပါဘူး။
၁၉၅၃ ခုနှစ်မှာ ဦးဏှောက်သွေးယိုစိမ့်တဲ့ရောဂါကို ၃ ရက်လုံးလုံးအပြင်းအထန်ခံစားရပြီးသေဆုံးခဲ့ပါတယ်။ သေတော့ ၇၄ နှစ်ရှိပါပြီ။
၄။ နီကိုလိုင် ချောင်ဆက်စကူး ( Nicolae Ceausescu )
ရိုမေးနီးယားနိုင်ငံကို ၂၄ နှစ်ကြာအောင် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့သူပါ။ ၁၉၈၉ ခုနှစ်မှာတော့ မခံမရပ်နိုင်ဖြစ်လာတဲ့လူထုဟာ အုံကြွလာပါတယ်။
သူက လူတစ်သိန်းလောက်ရှိတဲ့စည်းဝေးပွဲကြီးကျင်းပပြီး လူထုကို ပြန်စည်းရုံးပါတယ်။ ဒါပေမဲ့ မရတဲ့အခါ လူထုကို ပစ်ခတ် နှိမ်နှင်းဖို့စစ်တပ်ကို အမိန့်ပေးပါတယ်။
အမိန့်ပေးပြီး နောက်တနေ့ ၁၉၈၉ ဒီဇင်ဘာ ၂၅ မှာဘဲ စစ်တပ်ဟာ ပြည်သူ့ဖက်ကရပ်တည်ပြီး ချောင်ဆက်စကူးနဲ့ အပေါင်းအပါအားလုံးကို ဖမ်းဆီးခဲ့ပါတယ်။
သူတို့အာလုံးကွပ်မျက်ခံရပုံကို ရိုမေးနီးယား တီဗွီ က တိုက်ရိုက်ထုပ်လွှင့်ပြသခဲ့ပါတယ်။ သူသေတော့ အသက် ၇၁ နှစ်ပါ။
၅။ဆက်ဒမ်ဟူစိန် (Saddam Hussein )
သူ့ကိုတော့ အီရတ်နိုင်ငံနဲ့တွဲပြီး သိကြမှာပါ။သူလဲ အီရတ်ကို ၂၄ နှစ်ကြာအောင် အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၆၈ ခုနှစ် အီရတ်မှာ စစ်တပ် အာဏာသိမ်းချိန် သူဟာ အဓိကနေရာက ပါဝင်ခဲ့လို့ ပါတီအတွင်း ဩဇာကြီးလာရာကတဆင့် အာဏာရလာသူပါ။
သူ့ခေတ်ကာလအတွင်း လူ ၂ သိန်းခွဲလောက်သေခဲ့ရပါတယ်။ ၁၉၈၀ ခုနှစ်မှာ အီရန်ကို ကျူးကျော်ပါတယ်။နောက်ဆယ်နှစ်အကြာမှာ ကူဝိတ်ကိုဝင်သိမ်းပါတယ်။နှစ်ကြိမ်လုံး အောင်မြင်မှုမရပေမဲ့ သူကအာဏာတည်မြဲနေဆဲပါ။
၂၀၀၃ ခုနှစ်ကြမှသာ အမေရိကန်နဲ့အပေါင်းအပါများက အီရတ်ကိုဝင်ရောက်ခဲ့ပြီး သူ့ကိုဖမ်းဆီးခဲ့ရပါတယ်။ တရားရုံးက သေဒါဏ်အမိန့်ချကာ ၂၀၀၆ ခုနှစ်၊ဒီဇင်ဘာ ၃၀ မှာကြိုးပေးခဲ့ပါတယ်။ ၇၁ နှစ်ပါ။
၆။ ကဒါဖီ ( Muammar Gaddafi )
လစ်ဗျားအာဏာရှင်ဟာ ဆယ်စုနှစ်လေးခုကြာအောင် လစ်ဗျားမှာ တန်ခိုးထွားခဲ့သူပါ။ သူ့ကိုယ်သူ Brotherly Leader လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်လောက်မှာ သူခြေလှမ်းသွက်လာပါတယ်။ အိမ်နီးချင်း အီဂျစ်နဲ့ ချတ်နိုင်ငံတွေကို စစ်ပြုပါတယ်။
ကမ္ဘာတလွှားက အကြမ်းဖက် စစ်သွေးကြွတွေကို ပေါ်ပါ်ထင်ထင် ထောက်ပံ့ပါတယ်။ လေယာဉ်အပိုင်စီးခံရတာတွေ ဗုံးခွဲတာတွေဟာ သူ့ပယောဂ မကင်းပါဘူး။
လစ်ဗျားဟာ တဖြည်းဖြည်းအထီးကျန်လာပြီး နိုင်ငံတွင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းစစ် ဖြစ်ခဲ့ပါတယ်။ NATO တပ်ဖွဲ့တွေ ဝင်ရောက်လာတော့မှ သူထွက်ပြေးပါတော့တယ်။
တော်လှန်ရေးသမားတွေက လမ်းမှာသူ့ကိုမိမိချင်းဘဲ ပစ်သတ်လိုက်ကြပါတယ်။ ၂၀၁၁ ခုနှစ်၊အောက်တိုဘာလမှာ သူသေတော့ အသက်က ၆၉ ပါ။
ဘယ်အာဏာရှင်မှ ဇာတ်သိမ်းမကောင်းကြပါဘူးလို့။
Knight News Team