ကမ္ဘာမြေသို့ ပျက်ကျလာတော့မယ့် တရုတ်တို့ရဲ့ ၂၅ တန် အလေးချိန်ရှိ ဒုံးပျံ

ကမ္ဘာမြေသို့ ပျက်ကျလာတော့မယ့် တရုတ်တို့ရဲ့ ၂၅ တန် အလေးချိန်ရှိ ဒုံးပျံ

တရုတ်တို့ လွှတ်တင်ထားခဲ့တဲ့ Long March 5B booster ဒုံးပျံဟာ ထိန်းချုပ်မရနိုင်တဲ့ အဆင့်ကို ရောက်ရှိ လာတာဟာ ဒါနဲ့ဆိုရင် တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

တရုတ် Long March 5B ဒုံးပျံရဲ့ ပင်မ အဆင့်ဟာ လာမယ့် သီတင်းပတ်မှာ ကမ္ဘာမြေပေါ်သို့ အထိန်းအကွပ်မဲ့စွာ ကျဆင်းလာဖို့ ရှိနေခဲ့တာကြောင့် တရုတ်က အနီးကပ် ခြေရာခံနေပြီး အန္တရာယ်အနည်းငယ်သာ ရှိတယ်လို့တော့ ပြောကြားထားပါတယ်။

ဒီဒုံးပျံဟာ တရုတ်နိုင်ငံရဲ့ Tiangong အာကာသစခန်းသို့ ဇူလိုင်လ ၂၄ ရက်နေ့၊ ည ၇:၃၀ အချိန်က လွှတ်တင်ခဲ့ တယ်လို့ သိရပါတယ်။

ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ သုတေသီများရဲ့ အဆိုအရ ကမ္ဘာမြေပြင်ပေါ်သို့ ပြန်လည် ပျက်ကျလို့လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

မည်သည့်နေရာသို့ ဆင်းသက်မည်ကို အတိအကျ မသိရသေးသော်လည်း ဖြစ်နိုင်ချေရှိသော အပျက်အစီး နေရာ များထဲမှာ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ အာဖရိက၊ ဘရာဇီးနဲ့ အရှေ့တောင်အာရှ နိုင်ငံအချို့ ပါဝင်နေကြောင်း ကယ်လီဖိုးနီးယား အခြေစိုက် သုတေသနစင်တာတစ်ခုမှ ခန့်မှန်းထားပါတယ်။

ဒုံးပျံတစ်ခုရဲ့ ပထမအဆင့် မြှင့်တင်မှုမှာ ပုံမှန်အားဖြင့် အကြီးမားဆုံးနဲ့ အားကောင်းဆုံး အပိုင်းဖြစ်သလို ဒုံးပျံအားမြှင့်စက်များရဲ့ လမ်းကြောင်းများကို စီစဉ်ထားတာကြောင့် အန္တရာယ်ရှိနိုင်တဲ့ ပတ်လမ်းကို ရှောင်ရှားပြီး သမုဒ္ဒရာထဲသို့ အန္တရာယ်ကင်းစွာ ပျက်ဆင်းသွားတာမျိုး သို့မဟုတ် ပတ်လမ်းမှန်သို့ရောက်အောင် ပြုလုပ်တာမျိုးကို အင်ဂျင်တွေမှတစ်ဆင့် ထိန်းချုပ်မှုအဆင့်ကို ပြုလုပ်လို့ရနိုင်ပါတယ်။

ဒါပေမဲ့ တရုတ်တို့ရဲ့ Long March 5 B booster အင်ဂျင်များဟာ ရပ်တန့်သွားတာနဲ့ ပြန်လည်စတင်နိုင်ခြင်း မရှိတော့ဘဲ ကမ္ဘာမြေတစ်ဝိုက်မှာပဲ လှည့်ပတ်နေကာ ရလဒ်အနေနဲ့ ခန့်မှန်းမရတဲ့ နေရာမျိုးသို့ ဆင်းသက်သွားမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ရဲ့ ဒုံးပျံများကို အထိန်းအကွပ်မဲ့ နည်းလမ်းဖြင့် လွှတ် တင်ခဲ့ခြင်းဟာ ဒီတစ်ကြိမ်နဲ့ဆိုရင် ၂ နှစ်အတွင်း တတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဒုတိယအကြိမ်မှာ ၂၀၂၁ ခုနှစ်၊ မေလက ဒုံးပျံ အပျက်အစီးများဟာ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ အန္တရာယ်ကင်းကင်းနဲ့ ဆင်းသက်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ်၊ မေလက ပထမ ဖြစ်ရပ်မှာတော့ လူတွေအား ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သတင်းရရှိခဲ့သော်လည်း တောင်အာဖရိက၊ အိုင်ဗရီကို့စ်ရှိ ကျေးရွာများမှာ သတ္တုပစ္စည်းများကို မိုးအဖြစ် ရွာသွန်းစေခဲ့ကြောင်း သိရပါတယ်။

အခု တတိယအကြိမ်မှာတော့ ကြီးမား တဲ့ အရွယ်အစားကြောင့် Long March 5B boosters များဟာ ပြန်လည် ဆင်းသက်လာချိန်အတွင်း အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

ဒုံးပျံရဲ့ ဒြပ်ထုမှာ ပါဝင်နေတဲ့ သိသာ ထင်ရှားသော အစိတ်အပိုင်းများဟာ လေထုထဲမှာ လုံခြုံစွာ လောင်ကျွမ်း နိုင်ခြင်းမရှိပါဘူး။

ဒါကြောင့် ဒုံးပျံက ကြီးမားတဲ့ အရာ ဝတ္ထုနဲ့ ထုထည်တို့ဟာ ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ မြေပြင်ပေါ်သို့ ရောက်ရှိမည်ဖြစ်သော်လည်း အရေအတွက် အတိအကျကတော့ မသိနိုင်ကြောင်း အာကာသအပျက်အစီး ကျွမ်းကျင်သူတစ်ဦးက အွန်လိုင်း အမေးအဖြေတစ်ခုမှာ ပြောကြားထားပါတယ်။

“ဒီဖြစ်ရပ်မှာ မက်ထရစ် ၅ တန်ကနေ ၉ တန် အထိ ထွက်မယ်လို့ ခန့်မှန်းနိုင်ပါတယ်” လို့ အဆိုပါ ကျွမ်းကျင်သူက ဆိုထားပါတယ်။

သုတေတီများရဲ့ အဆိုအရ ကမ္ဘာ့လူဦးရေရဲ့ ၈၈ ရာခိုင်နှုန်းကျော်ဟာ ဒုံးပျံရဲ့ ပတ်လမ်းကြောင်းအောက်မှာ တည်ရှိနေတာကြောင့် အပျက်အစီးအချို့ဟာ လူနေထူထပ်သော ဧရိယာမှာ ဆင်းသက်နိုင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီအပျက်အစီးတွေကြောင့် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေနိုင်တဲ့ ရာခိုင်နှုန်းမှာတော့ အလွန်နည်းပါးပါတယ်လို့ ဆိုလိုက်ပြီး နှိုင်းယှဉ်ချက်အရ မိုးကြိုးပစ်ခံရနိုင်ချေတောင်မှ အကြမ်းဖျင်းအားဖြင့် အဆ ၈၀,၀၀၀ ပိုများနေပါတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီဖြစ်ရပ်ကြောင့် တရုတ်နဲ့အမေရိကန် နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ပိုပြီးတင်းမာလာခဲ့တာတော့ အမှန်ပါပဲ။

Knight News Team

Leave a Reply

Your email address will not be published.