သမုဒ္ဒရာကြမ်းပြင်မှ ထူးဆန်းတဲ့ “ဂြိုဟ်သားတွင်းပေါက်များ”

သမုဒ္ဒရာကြမ်းပြင်မှ ထူးဆန်းတဲ့ “ဂြိုဟ်သားတွင်းပေါက်များ”

စူးစမ်းရှာဖွေသူများဟာ သမုဒ္ဒရာမျက်နှာပြင်အောက် ၁.၆ မိုင် (၂.၆ ကီလိုမီတာ) ခန့် အကွာမှာ ပင်လယ်ကြမ်းပြင်ကို ထိုးဖောက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အပေါက်များကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ထူးခြားချက်ကတော့ ဒီအပေါက်တွေဟာ ညှိထားသလိုကို အပြည့်အဝ ရွယ်တူ၊ ဆင်တူ ဖြစ်နေခဲ့တာဖြစ်ပြီး ဒီ အပေါက်တွေကို ဘယ်လိုအရာမျိုးက ဖြစ်ပေါ်လာစေခဲ့တာကိုလည်း ဘယ်ကျွမ်းကျင်ပညာရှင်ကမှ မစုံစမ်းနိုင်ကြသေးဘူးဖြစ်နေပါတယ်။

ကမ္ဘာ့အကြီးဆုံး ပင်လယ်ကြမ်းပြင်က အတ္တလန္တိတ် သမုဒ္ဒရာတောင်တန်းကို စူးစမ်းလေ့လာခဲ့စဉ် အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (NOAA) မှ သုတေသီတွေဟာ မြေအောက် သင်္ဘောကနေတစ်ဆင့် ထူးဆန်းတဲ့ အပေါက်များကို တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

အပေါက်များဟာ မျဉ်းဖြောင့်ပုံစံအတိုင်း စီရီထားတာဖြစ်ပြီး ထပ်တူညီတဲ့ အကွာအဝေးမှာ ပြန်ပေါ်လာသလို ၎င်းတို့ကို အနည်သေသေးလေးတွေက ဝန်းရံထားပါတယ်။

ဒီနေရာမှာ အခုလို အပေါက်များကို တွေ့ရှိခြင်းဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။

US National Marine Fisheries Service မှ အဏ္ဏဝါ သိပ္ပံပညာရှင်နှစ်ဦးဟာလည်း ၂၀၀၄ ခုနှစ်က ရေငုပ်နေစဉ်အတွင်း သမုဒ္ဒရာကြမ်းပြင်မှာ အခုလိုဆင်တူ လျှို့ဝှက်ဆန်းကြယ်တဲ့ အပေါက်များကို တွေ့ရှိခဲ့ဖူးပါတယ်။

“ဒီအပေါက်တွေကို ဒေသတွင်းက အရင်ကလည်း သတင်းပို့ထားဖူစပေမယ့် သူတို့ရဲ့ မူလအစကိုက လျှို့ဝှက်ဆန်းကြယ်နေဆဲပါ” လို့ NOAA မှ သုတေသီများက ဆိုကြပါတယ်။

သုတေသီတွေရဲ့ အဆိုအရ “တွင်းပေါက်တွေဟာ လူနဲ့နီးနီး ဥာဏ်ရည်ရှိတဲ့ သတ္တဝါမျိုးက ပုံဖော်ထားပုံရပေမယ့် တွင်းတစ်ဝိုက်က အနည်အနှစ်လေးတွေက သူတို့ကို တစ်ခုခုက တူးဖော်ထားသလိုပါပဲ” လို့ သုံးသပ်ထားကြပါတယ်။

၂၀၀၄ ခုနှစ်မှာလည်း သိပ္ပံပညာရှင်များက ပင်လယ်ကြမ်းပြင်ရဲ့ အနည်အနှစ်များအတွင်း တွယ်တက်နေသော သို့မဟုတ် ခိုအောင်းနေသာ သက်ရှိများက တွင်းများကို ဖြစ်ပေါ်စေခဲ့တယ်လို့ အဆိုပြုထားခဲ့ကြပါတယ်။

ဒါပေမဲ့ ယင်းသတ္တဝါများကို ဘယ်သူကမှ မမြင်ဖူးသေးတာကြောင့် ဒီတွင်းပေါက်တွေရဲ့ ဇစ်မြစ်အတိအကျကို မသိခဲ့ရပါဘူး။

NOAA ရဲ့ အဆိုကို လူအများက ထင်ကြေးပေးမှုတွေမှာလည်း ဓာတ်ငွေ့များ ထွက်အောင်ပြုလုပ်ထားသော ကြမ်းပြင်မျက်နှာပြင် အက်ကွဲကြောင်းများမှ ရေအောက် ရတနာတူးဖော်မှု၊ ပုရွက်ဆိတ်များ၊ ဂြိုလ်သားများ၊ ကြယ်ငါးများ စသဖြင့် ထင်ကြေးပေးမှုတွေ ရှိနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း အပေါက်များကို ဖန်တီးနေတဲ့ အကြောင်းတရားကို အဖြေရှာရန် အချိန်အနည်းငယ် ကြာမြင့်နိုင်ပါသေးတယ်။

သုတေသီများက “Voyage to the Ridge 2022″လို့ အမည်ပေးထားတဲ့ လေ့လာရေးခရီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဒေသကို လေ့လာမှုတွေ ပြုလုပ်သွားဖို့ စီစဥ်ထားပါတယ်။

သုတေသီတွေဟာ စက်တင်ဘာလအထိ အဆိုပါဒေသရဲ့ သန္တာကျောက်တန်းများနှင့် ရေမြှုပ်နေထိုင်ရာနေရာများကို မြေပုံထုတ်ရန် ရည်ရွယ်ထားသလို ရေအားလျှပ်စစ် အပူပေါက်များနဲ့ အနည်ထိုင်နေတဲ့ အရိုးစုများ၊ အခြားသော အကွဲအပြဲ ဇုန်များကို လေ့လာကြမှာဖြစ်ပါတယ်။ ဒီအပေါက်တွေလည်း အပါအဝင်ပေါ့။

သူတို့ကံကောင်းရင် အပေါက်ဖောက်တဲ့သူကိုတောင် ဖမ်းမိနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ဒီတွင်းပေါက်တွေကို သုတေတီတို့က “ဂြိုဟ်သားတွင်းများ”လို့ ယာယီ အမည်ပေးထားခဲ့ပြီး ဒီဖြစ်စဥ်ဟာလည်း လက်ရှိ ကမ္ဘာတစ်ဝှမ်းက သိပ္ပံနဲ့ ထူးဆန်းထွေလာ ဝပ်ဘ်တွေနဲ့ မီဒီယာတွေမှာ ရေပန်းအစားဆုံး ဖြစ်လို့နေခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *