အဏ္ဏဝါလောကမှ ပျံသန်းနိုင်စွမ်းရှိကြတဲ့ ငါးပျံလေးများ

အဏ္ဏဝါလောကမှ ပျံသန်းနိုင်စွမ်းရှိကြတဲ့ ငါးပျံလေးများ

ကမ္ဘာတစ်ဝှမ်းက ပူနွေးနေတဲ့ သမုဒ္ဒရာရေပြင်တွေမှာ ပျံသန်းနေကြတဲ့ ငါးများကို မြင်တွေ့နိုင်ပါတယ်။

သူတို့ရဲ့ ပျော့ပျောင်းလှတဲ့ တော်ပီဒို ပုံသဏ္ဍာန် ခန္ဓာကိုယ်ဟာ ပျံသန်းခြင်းကို တစ်စိတ်တစ်ဒေသအဖြစ် ကူညီပံ့ပိုးပေးကြပါတယ်။

ရေထုမျက်နှာပြင်ကို ဖောက်ထွင်းချိုးဖျက်ဖို့အတွက် လုံလောက်တဲ့ ရေအောက် အမြန်နှုန်းကို စုစည်းစေနိုင်တဲ့ ဒီငါးတွေရဲ့ ကြီးမားတဲ့ အတောင်များကို ပိုင်ဆိုင်ထားပြီး သူတို့ကို လေထဲသို့ ခုန်ပျံတက်စေရင်းနဲ့ ပျံသန်းလေ့ရှိကြပါတယ်။

ဒီငါးတွေရဲ့ နာမည်ကတော့ Flying Fish လို့ပဲခေါ်ပြီး သိပ္ပံအမည်ကတော့ Exocoetidae လို့ အမည်ရပါတယ်။

ဒီငါးတွေရဲ့ သဘာဝအရကိုက သားရဲကောင်များ အန္တရာယ်မှ လွတ်မြောက်ရန်အတွက် ထူးထူးခြားခြား ပျံသန်းနိုင်သော စွမ်းရည်ကို ဆင့်ကဲပြောင်းလဲ တီထွင်ခဲ့ကြတယ်လို့ သုတေသီတွေက ယူဆထားကြပါတယ်။

ငါးပျံတွေကို အမဲလိုက်လေ့ရှိတဲ့ သားကောင်တွေကတော့ မက်ကရယ်၊ တူနာ၊ ဓားငါး၊ မာလင်နဲ့ အခြားသော ငါးကြီးများစွာလည်း ပါဝင်လို့နေတာကြောင့် ဒီငါးပျံလေးတွေဟာ ငါးကြီးတွေအတွက်တော့ အရသာရှိတဲ့ ဟင်းတစ်ခွပ် ဖြစ်လို့နေပါတယ်။

ငါးပျံတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် Plankton လို့ခေါ်တဲ့ ရေမြောအကောင်ငယ်လေးတွေကို အဓိက စားသုံးကြပါတယ်။

အဏ္ဏဝါလောကမှာ ငါးပျံမျိုးစိတ် စုစုပေါင်း ၄၀ ခန့် ရှိတယ်လို့ သိရပြီး သူတို့ရဲ့ ပျံသန်းရာမှာ အသုံးဝင်တဲ့ pectoral fins များအပြင် ငါးမျိုးစိတ်အားလုံးဟာ အပေါ်မြှေးထက် အောက်ခြေ အမြှေးများက ပိုရှည်ပြီး အမြီးရှည်များလည်း ပိုင်ဆိုင်ထားကြပါတယ်။

ငါးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ မျိုးစိတ်များစွာဟာလည်း တင်ပါးဆုံရဲ့ တွင်းတောင်များဟာ ပိုပြီး ကျယ်ပြန့် ကားထွက်လာကြသလို ဒီလိုဖွဲ့စည်းပုံကြောင့်လည်း ရေအောက်မှ ရေပေါ်သို့ ပျံသန်းလိုက်၊ ရေအောက်ကို ပြန်လည် ငုပ်သျှိုးသွားလိုက်နဲ့ လုပ်နိုင်ကြတာပါ။

ဒါ့အပြင် မြန်နှုန်းမြင့် ကူးခတ်မှုတို့ကိုလည်း များစွာ အထောက်အကူပြုစေတာပါ။

ငါးပျံတွေရဲ့ ပျံသန်းခြင်း လုပ်ငန်းစဉ်ဟာ တစ်နာရီကို ၄၃ မိုင်နှုန်းဖြင့် ရေအောက်မှ အလျင်အမြန် ရေပြင်သို့ ကူးခတ်လာရာမှ စတင်ပါတယ်။

ငါးကိုယ်ရဲ့ ဘေးပတ်ပတ်လည်ရှိ အတောင်လေးတွေဟာ ပြန့်ကျဲလာပြီး ရေ မျက်နှာပြင်အောက်တွင် ရှိနေစဉ်မှာ သူ့ရဲ့ အမြီးကို လျင်မြန်စွာ ရိုက်ခြင်းဖြင့် ရေပြင်ထက်မှာ စတင် ပျံသန်းပါတော့တယ်။

တစ်ခါတရံ ဒီငါးတွေရဲ့ ပျံသန်းမှုဟာ အမြင့် ၄ ပေကျော် အထိ လေထဲသို့ ရောက်သွားပြီး ရေအောက်သို့ ပြန်အကျမှာလည်း ၆၅၅ ပေအနက်အထိ အကွာအဝေးကို ငုပ်လျိုးကျဆင်းလာပါတယ်။

ရေမျက်နှာပြင်နဲ့ နီးကပ်လာတာနဲ့အမျှ ငါးတွေဟာ ရေထဲသို့ အပြည့်အဝ ပြန်မဆင်းဘဲ သူတို့ရဲ့ အမြီးတွေကို ခေါက်ကာ လျှောထိုး ကူးခတ်နိုက်စွမ်းလည်း ရှိကြပါတယ်။

ဆိုလိုတာက ရေပြင်ရဲ့ အထက်ကို ပျံသန်းပြီး ပြန်ငုပ်လျိုးလာတဲ့ စွမ်းရည်လည်းရှိသလို လူတွေ ရေကူးသလိုပဲ ရေမျက်နှာပြင်မှာ ကူးခတ်နိုင်တဲ့ စွမ်းရည်ကိုလည်း ငါးပျံတွေက ပိုင်ဆိုင်ထားတာပါ။

ရေပြင်အထက်မှာ ဆက်တိုက် ပျံသန်းကူးခတ်နိုင်စွမ်းရှိတဲ့ ငါးပျံတွေဟာ တစ်ခါ ကူးခတ်ရင် အကွာအဝေး ၁,၃၁၂ ပေ အကွာအဝေးအထိ တစ်ဆက်တည်း လျှောလျှောစီးကာ ပျံသန်းနိုင်ကြတယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပျံသန်းပုံကြောင့်လည်း ပင်လယ်ငှက်တွေနဲ့ တံငါသည်တွေရဲ့ ဖမ်းဆီးမှုနဲ့ မကြာခဏ ကြုံတွေ့ရလေ့ရှိကြပါတယ်။

ငါးပျံများဟာ ပင်လယ်သတ္တဝါများစွာကဲ့သို့ တံငါသည်များကို စီးပွားရေးလုပ်ငန်းအဖြစ် ဆွဲဆောင်ထားနိုင်ခဲ့သလို ဂျပန်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့မှာ ဒီငါးတွေကို စီးပွားဖြစ် ဖမ်းယူနေကြပြီး အင်ဒိုနီးရှားနဲ့ အိန္ဒိယတို့မှာတော့ ရေငုပ်ခြင်းဖြင့် ငါးဖမ်းကြပါတယ်။

ဂျပန်ဟင်းလျာများမှာ မကြာခဏဆိုသလို ငါးများကို dashi ဟင်းရည်အတွက် ငါး အသားစိုင်အဖြစ် အသုံးပြုရန် အခြောက်ခံခြင်းဖြင့် ထိန်းသိမ်းထားကြပါတယ်။

ငါးတွေကို ကနူး ငါးဖမ်းလှေတွေနဲ့ အဖမ်းများကြပြီး မီးရောင်ကို လိုက်ဖမ်းလေ့ရှိတာကြောင့် တံငါသည်တွေက ဓာတ်မီးတွေထိုးရင်း ငါးပျံများကို အလွယ်တကူပဲ ဖမ်းယူနေကြပါတယ်။

ငါးပျံတွေကို အတ္တလန္တိတ်နဲ့ ပစိဖိတ်ကမ်းရိုးတန်း နှစ်ခုစလုံးမှာ မြင်တွေ့နိုင်ပြီး အပူပိုင်းနဲ့ သမရိုးကျ အဏ္ဏဝါမျိုးစိတ်တွေ ဖြစ်တာမလို ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့မှာလည်း တွေ့ရှိနိုင်ပါတယ်။

အချို့ကတော့ သန္တာကျောက်တန်းများရဲ့ အစွန်အဖျားတွေမှာ နေထိုင်ကြပါတယ်။

လောလောဆယ်မှာတော့ ငါးပျံတွေကို အလွန်အကျွံ ဖမ်းဆီးနေခြင်းတွေမှ အကာအကွယ်ပေးတဲ့ အနေအထားမျိုး မရှိသေးပါဘူး။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *