သိပ္ပံပညာရှင်တွေ အဖြေမထုတ်နိုင်သေးတဲ့ ထူးဆန်းအံ့သြဖွယ်အ‌ကောင်းဆုံးနေရာများ

သိပ္ပံပညာရှင်တွေ အဖြေမထုတ်နိုင်သေးတဲ့ ထူးဆန်းအံ့သြဖွယ်အ‌ကောင်းဆုံးနေရာများ

၁။ Blood Falls , Antartica

အန္တာတိကတိုက်ရဲ့ မြောက်ဘက်စွန်းနားမှာ တည်ရှိနေတဲ့ သွေးရေတံခွန် လို့ခေါ်ကြတဲ့ ရေကန်အကြောင်းကို အခုထိ သိပ္ပံပညာရှင်တွေ အဖြေမထုတ်နိုင်ကြသေးပါဘူး။

အဆိုပါရေတံခွန်ရဲ့ ထူးခြားချက်မှာ ၎င်း၏ ရဲ့ အစ ရေခဲမြစ်အရည်ပျော်ရာ အရပ်မှာ သာမာန်အဖြူရောင် ရေခဲရည်များသာ ဖြစ်ပြီး လမ်းတလျှောက်လုံး မှာလည်း ရိုးရိုးရေခဲပျော်ရည်အဖြစ်သာ စီးဆင်းခဲ့ရာမှ အဆိုပါ သွေးရေတံခွန်နား အရောက်မှာ အနီရောင်ပြောင်းကာ ပင်လယ်ထဲသို့စီးဝင်နေခြင်းဖြစ်ပါတယ်။

အဆိုပါ သွေးရောင် ရေခဲရည်တွေဟာ အဆိပ်အလွန်ပြင်းပြီး သံဓာတ် သိပ်သည်းမှု မှာအဆမတန် များပြားလွန်းလှပါတယ်။ ဒါ့အပြင် ဆာလဖာဓာတ်လည်း အဆမတန်ပါဝင်နေကြောင်းသိရပါတယ်။

သိပ္ပံပညာရှင်များအနေနဲ့ အဆိုပါ သွေးရေတံခွန် ဖြစ်ပေါ် လာပုံအကြောင်းကို အခုထက်ထိ တိကျသော အဖြေထုတ်နိုင်မှု့မရှိသေးပါဘူး။

၂။ Magnetic Hill, Moncton, New Brunswick, Canada

ကနေဒါနိုင်ငံ၊နယူး ဘရွန်ဆွက်အရပ် ၊မွန်တန်မြို့နားမှာတည်ရှိတဲ့ သံလိုက် စက်ကွင်း တောင်ကုန်းလေးဟာ ကနေဒါနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့နေရာ တစ်ခုဖြစ်လာပါတယ်။

ဘာလို့လည်းဆိုတော့ အဲဒီ တောင်ကုန်းလေးမှာ ဆွဲအားပြင်းတဲ့ သံ လိုက် စက်ကွင်းရှိနေပြီး အဲဒီသံလိုက်စက်ကွင်းဟာ တန်ချိန်များတဲ့ လော်ရီကားတွေကိုတောင် နောက် ပြန်သွားစေနိုင်ပါတယ်။

၁၉၃၀ ခုနှစ်လောက်မှာ စတင်သတိထားတွေ့ရှိခဲ့တဲ့ အဆိုပါ သံလိုက်စက် ကွင်း တောင်ကုန်းလေး အကြောင်းကိုတော့ သိပ္ပံပညာရှင်တွေ အ ခုထိ ဂဃနဏ မရှင်းပြနိုင်သေးပါဘူး။

၃။ Surtsey island , Iceland

ကမ္ဘာ့မြေပုံပေါ်မှ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေ တတ်တဲ့ အ ဆိုပါ မီးတောင် ကျွန်းလေးဟာ အိုက်စလန် ကျွန်းအနီးအနားမှာ တည်ရှိပါတယ် ။

အဲဒီကျွန်းလေးဟာ ၁၉၆၃ ခုနှစ်က Westman Islands တဝိုက်က ရေအောက် မီးတောင်တွေ မပေါက်ကွဲခင်အချိန်ထိ တည်ရှိမနေခဲ့ပါဘူး။အဲဒီရေအောက် မီးတောင်တွေ ပေါက်ကွဲအပြီး ၁၉၆၇ ခုနှစ်လောက်မှာ တဖြေးဖြေးချင်း ရေပေါ်ကို ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် နောက် နှစ်အနည်းငယ် အကြာမှာတော့ ရေအောက်ထဲကို ပြန်ရောက်သွားခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ ပထမ နေရာကနေ မိုင် ၆၀ လောက် အကွာမှာ တခါ ထပ် ပေါ်လာခဲ့ပါတယ်။

၁၉၉၀ လောက်မှာလည်းတခါ ရေအောက်ထဲပြန်ရောက်သွားခဲ့ပြီး နောက်၅ နှစ်အကြာမှာတော့ နောက်ထပ် နေရာသစ်တခုမှာ ထပ်ပေါ်လာခဲ့ပါတယ်။အဲဒီလို နေရာတွေ ပြောင်းပြီး ပေါ်လိုက် ပျောက်လိုက်ဖြစ်နေတဲ့အတွက် ကမ္ဘာ့ ရေကြောင်းပြမြေပုံတွေထဲမှာ အ ဆိုပါကျွန်းကို ထည့်သွင်း ရေးဆွဲထားခြင်းမပြုပါဘူး။

၄ ။ Racetrack Playa, Death Valley, California

သေမင်းတောင်ကြားလို့အမည်ရတဲ့ အမေရိကန် ကယ်လီဖိုးနီးယားက ကန္တာရငယ်တစ်ခုထဲမှာ သိပ္ပံပညာရှင်တွေ အခုထိ မဖော်ထုတ်နိုင်သေးတဲ့ ပုစ္ဆာ တစ်ပုဒ်ရှိနေပါတယ် ။

အဲဒါကတော့ မည်သည့် သက်ရှိအကူအညီမှ မပါပဲ မိုင်နဲ့ချီပြီး ရွေ့လျားနေတဲ့ ကျောက်တုံးများပဲဖြစ်ပါတယ် ။ လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရမှာ အဆိုပါ ကျောက်တုန်းလေးတွေဟာ သေမင်းတောင်ကြားကိုဖြတ်ပြီး ခရီးနှင်နေလေ့ရှိပါတယ်။

သူတို့ရွေ့လျားခဲ့တဲ့လမ်းကြောင်းဟာ လေပြင်းတောင် တိုက်လေ့မရှိအောင် ခြောက်သွေ့တဲ့သဲကန္တာရမှာ စွပ်ကြောင်းအဖြစ်ရှိနေတတ်လို့ သူတို့တွေရဲ့ လာရာလမ်းကြောင်းနဲ့ ခရီးစဉ် အကွာအဝေးကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

တစ်ချို့ကျောက်တုန်းတွေဟာ တစ်နှစ်ကို ၂-၃ မိုင်အထိ ရွှေ့လျားခရီးနှင်လျက်ရှိနေပါတယ်။

၅ ။ Relampago del Catatumbo, Ologa, Venezuela

တောင်အမေရိကတိုက် ၊ဗင်နီဇွဲလား နိုင်ငံမှာတည်ရှိတဲ့ Ologa အရပ်ဒေသဟာ ဆိုရင် လူနေထိုင်လို့ မသင့်တော်တဲ့နေရာဒေသအဖြစ်သတ်မှတ်ထားပါတယ် ။ ဘာလို့လည်းဆိုတေ့ာအဲဒီနေရာဟာ ကမ္ဘာပေါ်မှာ မိုးကြိုး အပစ်အများဆုံးနေရာတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်။

တနှစ်မှာအနည်းဆုံး ရက် ၂၀၀ လောက် မိုးကြိုးပစ် လျှပ်စီးလက် နေလေ့ရှိပြီး တစ်ညကို အနည်းဆုံး အကြိမ်(၂၀)လျှပ်စီးလက် ၊ မိုး ကြိုးပစ်လေ့ ရှိနေပါတယ်။

အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းက တော့အဲဒီနေရာဒေသရဲ့ အနီးမှာ ကိုလံဘီယာနိုင်ငံမှ မြစ်ဖျားခံပြီး ဗင်နီဇွဲလားနိုင်ငံ Lake Maracaibo ထဲကို စီးဝင်နေတဲ့ Catatumbo River က သိပ်သည်းမှု့၊ စိုထိုင်းမှု့များသော ရေခိုးရေငွေ့တော့ အမြဲသယ်ဆောင်လာလို့ဖြစ်ကြောင်း သိပ္ပံပညာရှင်များကကောက်ချက်ချထားပါတယ်။

၆ ။ Old Faithful, Yellowstone National Park

အမေရိကန်နိုင်ငံ Yellow Stone အမျိုးသားပန်းခြံဟာ နှစ်စဉ် ကမ္ဘာလှည့် ခရီးသည်ပေါင်း ၃.၅ သန်းကျော်ကို ပန်းခြံအတွင်းလာရောက်လည်ပတ်လေ့လာ နိုင်ဖို့အတွက်ဆွဲဆောင် နိုင်ခဲ့ပါတယ်။

အဲဒီပန်းခြံထဲမှာ ဘာတွေများ ထူးထူးခြားခြားရှိသလည်းဆိုတော့ ကျယ်ပြောလှတဲ့ ပန်းခြံဧရိယာထဲမှာ များပြားလှတဲ့ Geyser လို့ခေါ်တဲ့ မြေအောက် ရေပန်းတွေဟာ လျှပ်တပျက်ထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ် ။

ပန်းခြံတစ်လျှောက် ခန့်မှန်းခြေ နေရာ ၃၀၀ ခန့်မှာ မြေအောက်ထဲမှ ရေပူတွေဟာ လျှပ်တပျက် မြေပြင်ပေါ်သို့ ပန်းထွက် လာလေ့ရှိပါတယ် ။အဆိုပါ ရေပူရေပန်းများဟာ ရုတ်တရက် နေရာတခုကနေ ရုတ်ချည်းထွက်ပေါ်လာပြီး ရုတ်တရက် ပျောက်ကွယ်သွားလေ့ရှိပါတယ် ။

အဆိုပါနေရာဒေသ၏မြေအောက်ထဲတွင် ချော်ရည်ပူများရှိသော မြေအလွှာတစ်ခုရှိနေပြီး အဆိုပါအလွှာ၏ အပေါ်တွင် မြေအောက် မြစ်တစ်စင်း ဖြတ်စီးနေသောကြောင့်ဟာ သိပ္ပံပညာရှ င်များက ‌ ယေဘူယျ ကောက်ချက်ချထားကြပါတယ် ။

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *