စွန့်ပစ်နေရာ ဖြစ်သွားတဲ့ ရဲတိုက်ပုံစံ တည်ဆောက်ထားသော အိမ်ယာ
တူရကီနိုင်ငံက Burj Al Babas အိမ်ယာတွေဟာ ဒဏ္ဍာရီထဲက နတ်သမီး ရဲတိုက်တွေ သဏ္ဌာန် တည်ဆောက်ထားတာ ဖြစ်ပေမယ့် စွန့်ပစ်အိမ်ရာ စီမံကိန်းကြီး ဖြစ်သွားခဲ့ရတယ်လို့ သိရပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေအတွက် အပန်းဖြေရာ နေရာအဖြစ် ဖွင့်လှစ်နိုင်ဖို့ရည်ရွယ်ခဲ့ပေမယ့် အခုအခါမှာတော့ လူသူကင်းမဲ့တဲ့ တစ္ဆေမြို့တော်ကြီးတစ်ခုလို ဖြစ်နေတာကို မြင်တွေ့နိုင်ပါတယ်။
ဆောက်လုပ်ရေး ကုမ္ပဏီ Sarot Group ကို ပိုင်ဆိုင်တဲ့ Mezher Yerdelen ညီအစ်ကိုဟာ အရှေ့အလယ်ပိုင်းက လူချမ်းသာတွေကို ဆွဲဆောင်ဖို့ ကြံစည်ခဲ့တာ
ဖြစ်ပါတယ်။
အစောပိုင်းမှာ Disney-Land ဆန်ဆန် တည်ဆောက်ထားတဲ့ ရဲတိုက်တစ်လုံးစီကို ဒေါ်လာငါးသိန်းနဲ့ ရောင်းချခဲ့ရာမှာ ရဲတိုက်အလုံး ၇၀ဝ ရဲ့ ထက်ဝက်ကျော်ကို ရောင်းချခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနောက်မှာပဲ ရေနံဈေးတွေကျဆင်းပြီး တူရကီရဲ့ စီးပွားရေးဟာလည်း အကျဘက်ကို ရောက်လာတာကြောင့် ရဲတိုက်တွေကို ထပ်မံရောင်းချခြင်း မရှိတော့သလို ဝယ်ထားသူတွေကလည်း ငွေပေးချေနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါ့ကြောင့် ကုမ္ပဏီဟာ ဒေါ်လာ ၂၇ မီလီယံ အကြွေးတင်ပြီး ဒေဝါလီခံခဲ့ရပြီး ၂၀၀၉ ခုနှစ်မှာပဲ စွန့်ပစ်အိမ်ယာဖြစ်သွားခဲ့တာဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ Burj Al Babas အိမ်ယာတွေကို အလုပ်သမားအင်အား ၂၅၀၀ ကျော်နဲ့ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ တည်ဆောက်ပြီးစီးခဲ့ခြင်း မရှိပါဘူး။
ရဲတိုက် ၅၃၀ လောက်က ဆောက်လက်စတွေဖြစ်ပြီး ကုမ္ပဏီကလည်း ဒေါ်လာ သန်း ၂၀၀ (ယူရို ၁၄၄ သန်း) ကျော်အထိ အကုန်အကျခံခဲ့ရတယ်လို့ သိရပါတယ်။
Knight News