ကမ္ဘာမြေရဲ့ သီးသန့်အဖြစ်ဆုံး ဒေသ (သို့) သက်ရှိတို့အတွက် မရဏနေရာ

ကမ္ဘာမြေရဲ့ သီးသန့်အဖြစ်ဆုံး ဒေသ (သို့) သက်ရှိတို့အတွက် မရဏနေရာ

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးမှာ ထူးခြားဆန်းကြယ်တဲ့ နေရာတွေ မရေမတွက်နိုင်အောင် တည်ရှိနေတာမှန်ပေမဲ့ သမုဒ္ဒရာအတွင်းက Nemo Point ဆိုတဲ့ အံ့အားသင့်ဖို့အကောင်းဆုံး နေရာတစ်ခုကတော့ လူသိနည်းပါလိမ့်မယ်။

ကမ္ဘာ့ အသီးခြားဖြစ်ဆုံး ဒေသ၊ သိပ္ပံနည်းပညာနဲ့ အဖြေရှာမရတဲ့ မကောင်းခြင်းတရားတွေနဲ့ ပြည့်နှက်နေတဲ့ ဒီဒေသဟာ ကီလိုမီတာ ၂၂ သန်းရှိတဲ့ တောင်ပစိဖိတ် ဒေသရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ အမြောက်အများကို ဆောင်ကျဥ်းထားနိုင်ခဲ့ပါတယ်။

ထူးဆန်းတဲ့ ပထဝီဝင် တည်နေရာ

လက်တင်ဘာသာ၌ “နီမို” (Nemo) ဆိုတဲ့ စကားလုံးဟာ “မည်သူမျှမရှိ”ဟု အဓိပ္ပါယ်ရပါတယ်။ သက်ရှိတွေအားလုံး ပေါ်ပေါက်လာတဲ့ နေရာဒေသတွေနဲ့ ဝေးကွာလှတဲ့ တည်နေရာကြောင့် “သမုဒ္ဒရာဝင်ပေါက်များ” ကို Point Nemo လို့ သင့်လျော်စွာ အမည်ပေးထားခဲ့ခြင်း ဖြစ်ပါတယ်။

ကျွမ်းကျင်သူနဲ့ စူးစမ်းလေ့လာသူ အများအပြားဟာလည်း 48°52.6′တောင်လတ္တီတွဒ်၊ 123°23.6′အနောက် လောင်ဂျီတွဒ်၊ 48°52.6′မှာ တည်ရှိတဲ့ Nemo Point ရဲ့ ထူးခြားတဲ့ ဖြစ်တည်မှုတွေကို စိတ်ဝင်စားမှု မြင့်တက်နေကြပါတယ်။

ဇုန် အကျယ်အဝန်းကို ပုံဖော်ရန်အတွက် Point Nemo နဲ့ အနီးဆုံး နေရာဒေသတွေကို ကီလိုမီတာ ၂၇၀၀ အကွာမှ စတင် တွေ့ရှိရပါတယ်။

မြောက်ဘက်မှာ Pitcairn ကျွန်း၊ Ducie ကျွန်း၊ အနောက်မြောက်ဘက်မှာတော့ Motu Nui ကျွန်း၊ တောင်ဘက်မှာတော့ အန္တာတိကရှိ Maher ကျွန်း၊ အရှေ့ဘက်မှာတော့ ချီလီသို့သွားရာလမ်းတစ်လျှောက်လုံး၊ နယူးဇီလန်ရှိ ချက်သမ်ကျွန်းစုများနဲ့ နီးကပ်စွာ တည်ရှိနေပါတယ်။

မရဏဇုန်

ဒီနေရာရဲ့ အဓိက ထူးခြားဆန်းကြယ်တဲ့ အချက်ဟာ မည်သည့်သက်ရှိမှ မရှင်သန်နိုင်ခြင်းပါပဲ။

Point Nemo ဟာ ပြင်သစ်ထက် ၃၄ ဆ ကျယ်ဝန်းတဲ့ တောင်ပစိဖိတ် သမုဒ္ဒရာရဲ့ တစ်စိတ်တစ်ဒေသကို ရည်ညွှန်းပါတယ်။

အဆိုပါနေရာမှာ ပင်လယ်ရေနေသက်ရှိများ ရှင်သန်နေထိုင်ဖို့အတွက် မဖြစ်နိုင်ဟု ယူဆထားကြပါတယ်။ ဒီဒေသရဲ့ ဝေးလံခေါင်သီမှု၊ အားနည်းတဲ့ သမုဒ္ဒရာ ရေစီးကြောင်းများ၊ ရေမှာ အာဟာရဓာတ် လုံလောက်စွာ မရရှိခြင်း စတဲ့အချက်တွေဟာ သက်ရှိတို့ ရှင်သန်ဖို့ တားဆီးပိတ်ပင်နေတဲ့ အရာတွေပါပဲ။

သိပ္ပံပညာရှင်များဟာ ဒီဒေသနဲ့ ပတ်သပ်လို့ ပင်လယ်ကြမ်းပြင်မှာ လုပ်ဆောင်နေတဲ့ သမုဒ္ဒရာဆိုင်ရာ ယန္တရားများအကြောင်းကိုလည်း ပိုမိုလေ့လာနေကြဆဲပါ။

ဒီဒေသဟာ သက်ရှိတို့ ရှင်သန်ဖို့မပြောနဲ့ သင်္ဘောများ ဖြတ်သန်းသွားလာဖို့တောင် မဖြစ်နိုင်တဲ့ သမုဒ္ဒရာ ဝင်ရိုးစွန်းဒေသပါ။

၁၉၉၂ ခုနှစ်မှာ Nemo Point ကို တရားဝင် ရှာဖွေတွေ့ရှိခဲ့ပြီး ကိုယ်တိုင် ထဲထဲဝင်ဝင် စူးစမ်းလေ့လာဖို့ အလွန်ခက်ခဲနေတာကြောင့် ချက်ကျလက်ကျနဲ့ ဒီဆန်းကြယ်မှုတွေကိုတော့ သုတေသီတွေမနေနဲ့ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။

အာကာသ သင်္ချိုင်း

အပေါ်က ပြောခဲ့သလိုပဲ Point Nemo ရဲ့ ဒဏ္ဍာရီဆန်လွန်းတဲ့ ပထဝီ အနေအထားကြောင်း လူသားများဟာ ရေယျာဥ်တွေနဲ့တောင် ဖြန်သန်းသွားလာခြင်း မပြုကြပါဘူး။ ဒါပေမဲ့ ဒီနေရာကို ဖြတ်သန်းရတဲ့ သက်ရှိလူသားတွေတော့ ရှိနေပါသေးတယ်။

သူတို့ကတော့ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းရှိ အာကာသယာဉ်မှူးများ ဖြစ်ပြီး ဇုန်အထက် ကီလိုမီတာ ၄၀၀ အောက်မှာသာ ပျံသန်းသွားလာကြပါတယ်။

ဒါကြောင့် ဒီနေရာဟာ အာကာသဆိုင်ရာအတွက်တော့ အချက်ချာကျတဲ့ ဒေသတစ်ခု ဖြစ်နေပါတယ်။

အာကာသ အေဂျင်စီများဟာလည်း Point Nemo နဲ့ အလွန်ရင်းနှီးကြပြီး သူတို့ဟာ အာကာသယျာဥ်တွေရဲ့ “ပတ်လမ်းပိတ်ခြင်း” လုပ်ငန်းစဉ်အတွက် ပြန်လည်ဝင်ရောက်မှု လမ်းကြောင်းကို တွက်ချက်ရာမှာ ဒီဒေသကို အသုံးပြုကြပါတယ်။

ဆိုလိုတာကတော့ အဲဒီနေရာဟာ လွှတ်ထားတဲ့ အာကာသယာဉ်တွေ အသေခံရာ အာကာသ သင်္ချိုင်းဖြစ်နေတာပါ။

ဥပမာအားဖြင့်၊ ရုရှား အာကာသစခန်းမှ Mir အာကာသယျာဥ်ကို မထိန်းချုပ်နိုင်ခဲ့ရာမှာ ကုန်းမြေပေါ်သို့ ပျက်ကျစေမယ့်အစား ကမ္ဘာ့လေထုထဲက ထွက်ပေါ်လာမယ့် ယျာဥ်ရဲ့ အပျက်အစီးတွေကို ကုန်းပေါ်သို့ မထိခိုက်စေရန်အတွက် Point Nemo ကို သင်္ချိုင်းအဖြစ် အသုံးပြုခဲ့ပါတယ်။

ရလဒ်အနေနဲ့ Point Nemo အနီးတစ်ဝိုက်ဟာ နှစ်များတစ်လျှောက် မှန်ကန်တဲ့ အာကာသယာဉ် သချိုင်းတစ်ခုအဖြစ် အာကာသ အေဂျင်စီတွေက ဖန်တီးထားနိုင်ခဲ့ပါတော့တယ်။

ဒါပေမဲ့လည်း ဒီလုပ်ငန်းစဥ်တွေကိုတော့ ၂၀၂၄ ခုနှစ်မှာ ရပ်တန့်သွားဖို့အတွက် NASA အပါအဝင် နိုင်ငံတကာ အာကာသစခန်းတွေ ပြန်လည် ပြင်ဆင်လို့နေကြပါပြီ။

NASA ဟာ ယခုလက်ရှိ တောင်ပစိဖိတ်ဒေသရဲ့ အာကာသအခြေပြု နက္ခတ္တဗေဒကို ဦးဆောင်နေတဲ့ အာကာသကြည့် မှန်ပြောင်းများကိုလည်း စွန့်ပစ်ဖို့အတွက် စီစဥ်ထားနှင့်ပြီးပြီဖြစ်ပါတယ်။

ဒီလို ထူးခြားဆန်းကြယ်စရာတွေ ပိုင်ဆိုင်ထားတဲ့ သမုဒ္ဒရာထဲက ဝေးလံခေါင်သီတဲ့ နေရာတစ်ခုဟာ ထင်ထားတာထက်လည်း အဖြေမထုတ်နိုင်သေးတဲ့ ပုစ္ဆာတွေ ကျန်ရှိနေနိုင်သလို စိတ်ကူးယဥ် စာရေးဆရာတွေကလည်း ဒီဒေသကို သူတို့ရဲ့ကလောင်လက်စွမ်းတွေနဲ့ ပုံကြီးချဲ့ ဖန်တီးခဲ့ကြတာတွေလည်း ရှိနေခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *