ကမ္ဘာတစ်ဝှမ်းက ရေအောက်မီးတောင်များ

ကမ္ဘာတစ်ဝှမ်းက ရေအောက်မီးတောင်များ

ရေဟာ မီးကိုနိုင်တဲ့သဘောမှာ ရှိပါတယ်။ ဒါပေမဲ့ လွန်စွာကြီးမားလှတဲ့ မီးတောင် ပေါက်ကွဲမှုတွေနဲအ ချော်ရည်ပူများ စီးဆင်းမှုကိုတော့ သမုဒ္ဒရာရေထုကြီးတောင်မှ တောင့်မခံထားနိုင်ခဲ့ပါဘူး။

သဘာဝရဲ့ ဆန်းကြယ်မှုတွေထဲမှာ ရေအောက်မီးတောင်တွေဟာလည်း တစ်ခု အပါအဝင် ဖြစ်တယ်။

ကမ္ဘာပေါ်မှာ မီးတောင်ကျွန်းနဲ့ ရေအောက်မီးတောင်များ အမြောက်အများ တည်ရှိကြသလို ရေငုပ်မီးတောင်များ ပေါက်ကွဲခြင်းနဲ့ ချော်ရည်ပူများ စီးဆင်းမှုတွေမှ မီးတောင်ကျွန်းများ ကြီးထွားဖွံ့ဖြိုးလာကြကာ ဂေဟစနစ်ကို ပြီးပြည့်စုံစေခဲ့ပါတယ်။

ဟာဝိုင်အီ၊ အင်ဒိုနီးရှားတို့မှ အိုက်စလန်အထိ ကမ္ဘာတစ်ဝှမ်းမှာ ရာနှင့်ချီတဲ့ ကျွန်းစုများကို ရေငုပ်မီးတောင်များဖြင့် ဖွဲ့စည်းထားပါတယ်။

ရေငုပ်မီးတောင်များဟာ သူတို့ရဲ့နာမည်လိုပဲ သမုဒ္ဒရာ မျက်နှာပြင်အောက်မှာ တည်ရှိကြတဲ့ မီးတောင်များဖြစ်ပါတယ်။

ဒီမီးတောင်တွေဟာ လေထဲသို့ ပေါက်ကွဲထွက်ရမယ့်အစား ရေထဲမှာပဲ ပေါက်ကွဲသွားတာကြောင့် ရေငုပ်မီးတောင်များဟာ ကုန်းနေမီးတောင်များနဲ့ မတူကွဲပြားတဲ့ သဘာဝတရားတွေ ပိုင်ဆိုင်ထားပါတယ်။

ဥပမာအားဖြင့် ရေငုပ်မီးတောင်များဟာ ကုန်းနေမီးတောင်တွေထက် ပေါက်ကွဲစေတတ်တဲ့ အခြေအနေများ ကြုံတွေ့ရတတ်ပါတယ်။

မီးတောင် အထက်ရှိ ရေထုရဲ့ အလေးချိန်ဟာ အလွန်မြင့်မားလှတဲ့ ဖိအားကို ဖန်တီးပေးတာကြောင့် များသောအားဖြင့် ပင်လယ်ကြမ်းပြင် တစ်လျှောက်မှည passive lava များ စီးဆင်းခြင်းလို့ လူသိများတဲ့ ချော်ရည်စီးဆင်းမှုများ ဖြစ်ပေါ်တတ်ပါတယ်။

သို့ရာမှာ ရေငုပ်မီးတောင် ပေါက်ကွဲမှု အများစုဟာတော့ သမုဒ္ဒရာ မျက်နှာပြင်ကို မနှောင့်ယှက်နိုင်ကြပါဘူး။

သုတေသီများရဲ့ အဆိုအရ ရေငုပ်မီးတောင်များ ဖြစ်ပေါ်လာစေတဲ့ ကျွန်းများ ဖြစ်ပေါ်လာရန်အတွက် အဓိက အကြောင်းရင်း နှစ်ခု ရှိတယ်လို့ ဆိုထားပါတယ်။

ဒီအကြောင်းရင်းတွေကတော့ ကမ္ဘာ့မြေလွှာအောက်ရှိ ကျောက်ရည်ပူနဲ့ ကမ္ဘာ့ အရွေ့လှုပ်ရှားမှုတို့ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် သမုဒ္ဒရာအများစုရှိ ကျွန်းမီးတောင်များ (သို့) ရေငုပ်မီးတောင် များရဲ့ မူလအစပြုပုံမှာ ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းပုံကို အရည်ပျော်ဖို့ လိုအပ်ပါတယ်။ ဒါဟာ သမုဒ္ဒရာကြမ်းပြင်အောက်က ကျောက်ရည်ပူတွေ လှုပ်ရှားမှုပါပဲ။

မီးတောင်ကျွန်းအများစုဟာ ပင်လယ်ကြမ်းပြင်ပေါ်မှာ passive ချော်ရည်ပူများ စီးဆင်းမှုမှ အစပြုပါတယ်။

အဆိုပါ ချော်ရည်များဟာ ကျောက်ဆောင်အတွင်းသို့ ဝင်ရောက်လာပြီး နှစ်သန်းပေါင်းများစွာကြာအောင် ရေငုပ်မီးတောင်ရဲ့ အမြင့်ကို တည်ဆောက်လေ့ရှိပါတယ်။

အချို့သော မီးတောင်များဟာ ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်သို့ ရောက်ရှိပြီး ဖိအားအောက်မှ ပေါက်ကွဲထွက်နိုင်ကြပါတယ်။

ပင်လယ်ရေ မျက်နှာပြင်ကို မရောက်နိုင်တဲ့ ရေငုပ်မီးတောင်များကိုတော့ ပင်လယ်တောင်လို့ အလွယ်ခေါ်ကြပါတယ်။

ကျောက်တုံးများမှ ဖြစ်ပေါ်လာတဲ့ မီးတောင်ကျွန်းများမှာ အံ့သြဖွယ်ကောင်းတဲ့ ဂေဟစနစ်များ ရှိနေပါတယ်။ ဒီဂေဟစနစ်များဟာ ကျွန်းများနဲ့အတူ နှစ်သန်းပေါင်းများစွာကြာအောင် ဖွံ့ဖြိုးတိုးတက်လာပါတယ်။

မီးတောင်ကျွန်းများပေါ်ရှိ ဂေဟစနစ်ရဲ့ အခြေခံအကျဆုံး သက်ရှိတွေမှာ autotrophic ဘက်တီးရီးယားများနဲ့ အစပြုပါတယ်။

ဒီဘက်တီးရီးယားတွေဟာ မီးတောင်ကနေ ထုတ်လွှတ် လိုက်တဲ့ ဒြပ်စင်တွေကို စားသောက်ရှင်သန်းပြီး သူတို့ရဲ့ခန္ဓာကိုယ်မှ ဓာတု ဒြပ်စင်တွေအဖြစ်နဲ့ ပြောင်းလဲ ဖန်တီးနိုင်ကြပါတယ်။ဒါဟာ မီးတောင်မှ ချော်ရည်တွေ ဖန်တီးစေခဲ့တဲ့ အဓိက အကြောင်းရင်းတစ်ချက်ပါပဲ။

အချုပ်အားဖြင့် ဆိုရရင်တော့ ကမ္ဘာတစ်ဝှမ်းမှာ ရေငုပ်မီးတောင် ရာနဲ့ချီပြီး ရှိတဲ့အနက်ကမှ အနည်းစုကိုသာ ပေါက်ကွဲနိုင် (သို့) အန္တရာယ်ရှိတဲ့ အဆင့်အဖြစ် သတ်မှတ်ထားကြပါတယ်။

အထင်ရှားဆုံး ရေငုပ်မီးတောင် ပေါက်ကွဲမှုကတော့ ၂၀၀၉ က ပေါက်ကွဲခဲ့တဲ့ ၁,၂၁၉ မီတာ (ပေ ၄၀၀၀) ခန့် အမြင့်ရှိ West Mata မီးတောင် ပေါက်ကွဲမှုပါပဲ။

ပစိဖိတ်သမုဒ္ဒရာရဲ့ မျက်နှာပြင်အောက်မှာ လိမ္မာရောင် ဆာလဖာတွေအဖြစ် ပန်းထွက်ရင်း ပေါက်ကွဲခဲ့တာပါ။

ဒီရေငုပ်မီးတောင် ပေါက်ကွဲချိန်က ချော်ရည်တွေဟာ အပူချိန် ၁,၂၀၄ ဒီဂရီစင်တီဂရိတ် (၂,၂၀၀ ဒီဂရီဖာရင်ဟိုက်) အထိ မြင့်တက်ခဲ့ပြီး သမုဒ္ဒရာ ရေပြင်အတွင်းသို့ ပန်းထွက် စီးဝင်ခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *