အံ့ဖွယ် တိုက်ဆိုင်မှုများ
တိုက်ဆိုင်မှုဆိုတာ အံ့ဩစရာဖြစ်ရပ်တစ်ခုပါ။ ကျနော်တို့ နေ့စဉ်ဘဝမှာလဲ တချို့သော အဖြစ်အပျက်တွေဟာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေနဲ့ ဒွန်တွဲနေတတ်ကြပါတယ်။ ဒါကြောင့်လဲ တိုက်ဆိုင်လိုက်တာလို့ ပြောတတ်ကြတာပါ။
ခုတစ်ခါတော့ ရာဇဝင်ထဲက တိုက်ဆိုင်မှုတွေကို ရှာဖွေတင်ပြလိုက်ပါတယ်။
၁။ မတ်တွိန်း (Mark Twain) ဟာ ၁၈၃၅ ခုနှစ်၊ ဟယ်လီကြယ်တံခွန် ပေါ်ချိန်မှာ မွေးဖွားခဲ့ပြီး ၁၉၁၀ ခုနှစ်၊ ဟယ်လီကြယ်တံခွန် နောက်တကြိမ် ပေါ်တဲ့အချိန်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
၂။ ဖရန့်ဇ် ဖာဒီနန် (Franz Ferdinand) ဟာ လုပ်ကြံခံခဲ့ရပြီး ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးချိန်မှာ သူဟာ ကားထဲမှာဖြစ်ပြီး သူ့ရဲ့ ကားလိုင်စင် နံပါတ်ပြားဟာ A111118 ဖြစ်ပြီး စစ်ပွဲ တရားဝင် ပြီးဆုံးတဲ့နေ့ဟာလဲ 11/11/18 ဖြစ်ပါတယ်။
၃။ စတီဖင်ဟော့ကင်း (stephen hawking) ဟာ ဂယ်လီလီယို သေဆုံးတဲ့ နှစ် ၃၀၀ ပြည့်တဲ့နေ့မှာမွေးဖွားပြီး အိုင်စတိုင်းရဲ့ ၁၃၉ နှစ်မြောက်မွေးနေ့မှာ သေဆုံးခဲ့ပါတယ်။
၄။ ပထမကမ္ဘာစစ်မှာ ကျဆုံးခဲ့တဲ့ အင်္ဂလိပ်စစ်သားတွေကို ဘယ်ဂျီယံမှာ မြုပ်နှံခဲ့ကြပါတယ်။
ပထမဆုံးသူရဲ့အုတ်ဂူနဲ့ နောက်ဆုံးသူရဲ့အုတ်ဂူတို့ဟာ တစ်ခုနဲ့တစ်ခု ၆ မီတာသာ ကွာဝေးပြီး မျက်နှာခြင်းဆိုင် ဖြစ်နေကြပါတယ်။ ဒါကိုကြိုတင်စီစဉ်ထားတာ မဟုတ်ပါဘူးတဲ့။
၅။ ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိန်တို့ရဲ့ ပင်လယ်ကူးသင်္ဘော ကာမားနီးယား(RMS Carmania)ကို စစ်သင်္ဘောအဖြစ် ပြောင်းလဲသုံးခဲ့ပါတယ်။
သင်္ဘောကို ဂျာမန်စစ်သင်္ဘော အက်စ်အမ်အက်စ်ထရာဖေါ်ဂါ (SMS Cap Trafalgar) နဲ့ ပုံစံတူအောင်ပြုလုပ်ပြီး ဟန်ဆောင်လှည့်စားဖို့ လုပ်ခဲ့ပါတယ်။
ကာမားနီးယားသင်္ဘောဟာ ဂျာမန်တို့ရဲ့ပစ်ခတ်နှစ်မြုပ်ခြင်း ခံခဲ့ရပါတယ်။ သူ့ကိုပစ်ခတ်နှစ်မြုပ်ခဲ့တဲ့ သင်္ဘောက ထရာဖေါ်ဂါ ဖြစ်ပါတယ်။ အဲဒီသင်္ဘောကလဲ ကာနီးယားလို ပုံဖျက်ထားပါတယ်။
၆။ သုံးကြိမ်လုံး အသက်ဘေးက လွတ်ခဲ့သလို သုံးကြိမ်လုံးကလဲသင်္ဘောတွေဖြစ်ပြီး သင်္ဘောသုံးစီးလုံးကလဲ ပုံစံတူ ထုတ်ထားတဲ့ နာမည်ကြီးသင်္ဘောတွေဖြစ်နေတဲ့ တိုက်ဆိုင်မှုကတော့ ဗွိုင်အိုလက် ဂျက်ဆော့ ဆိုသူ အမျိုးသမီး ဖြစ်ပါတယ်။
သူမဟာ သင်္ဘောမှာ တာဝန်ထမ်းဆောင်ရတဲ့ သူနာပြုဆရာမ ဖြစ်ပါတယ်။ ပထမ တိုက်တင်းနစ် ( ၁၉၁၂ )၊ ဒုတိယ ဘရစ်တန်းနစ် (၁၉၁၆ )နှစ်စီးလုံး နစ်မြုပ်ခဲ့ပေမဲ့ သူမ အသက်ရှင်ခဲ့ပါတယ် ။တတိယ အိုလန်ပစ် သင်္ဘောကတော့ မနစ်မြုပ်ခဲ့ပါဘူး။
၇။ အမေရိကရဲ့ ဟူးဗားဆည်ကြီး (Hoover Dam) တည်ဆောက်နေစဉ်မှာ မတော်တဆမှု တွေကြောင့် အလုပ်သမား ၁၁၂ ယောက် သေဆုံးခဲ့ရပါတယ်။
ပထမဆုံးသေဆုံးသူက မြေတိုင်းသမား ဂျော့တီယာနေး ဖြစ်ပါတယ်။ သူဟာ ၁၉၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှာ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးသေဆုံးသူက သူ့ရဲ့သား ပက်ထရစ် တီယာနေး ဖြစ်ပါတယ်။ သူက ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့မှာပဲ သေဆုံးခဲ့ပါတယ်။
၈။ တာဆုတိုမူ ယာမာဂူချီ (Tsutomu Yamaguchi) ဆိုသူ ဂျပန်လူမျိုးတစ်ဦးဟာ အနုမြူဗုံးဒါဏ်ကို နှစ်ကြိမ်တိုင် ခံရပေမဲ့ မသေခဲ့ပါဘူး။
သူဟာ နာဂါစကီမြို့မှာ နေထိုင်သူဖြစ်ပြီး ၁၉၄၅ ခုနှစ်မှာ အလုပ်ကိစ္စနဲ့ ဟီယိုရှီးမားမြို့ကို ရောက်နေခဲ့ပါတယ်။
ဩဂုတ်လ ၆ ရက်မှာ ဟီရိုရှီးမားမြို့ဟာ အနုမြူဗုံးဒါဏ်ခံခဲ့ရသလို ယာမာဂူချီလဲ ဗုံးကြောင့် မျက်စိကွယ်သွားပေမဲ့ နာဂါစကီမြို့ကို ပြန်လာခဲ့ပါတယ်။ သုံးရက်အကြာမှာ နာဂါစကီဟာလဲ အနုမြူဗုံးဒါဏ် ခံရပြန်ပါတယ်။
ယာမာဂူချီဟာ ဒီတစ်ကြိမ်မှာလဲ အသက်မသေခဲ့ပဲ ၂၀၀၉ ခုနှစ်၊ အသက် ၉၃ နှစ်ကြမှသာ ကွယ်လွန်ခဲ့ပါတယ်။
၉။ ၁၉၄၀ ခုနှစ်၊ ဂျွန်လ ၂၀ ရက်နေ့မှာ ဆိုဗီယက်တွေဟာ တာမလိန်း(Tamerlane) ဘုရင်ရဲ့ အုတ်ဂူကို တူးဖေါ်ခဲ့ကြပါတယ်။ အုတ်ဂူမှာရေးထားတဲ့ ကျိန်စာကိုလည်း တွေခဲ့ကြပါတယ်။
ကျိန်စာကတော့ ကျွန်ုပ်၏ အုတ်ဂူကို ဖျက်ဆီးပါက ကျွန်ုပ်ထက် ဆိုးရွားရက်စက်သော ကျူးကျော်သူနှင့် တွေ့ရလိမ့်မယ်လို့ ရေးထားပါတယ်။
နောက်သုံးရက်အကြာမှာဘဲ ဂျာမန်စစ်တပ်ဟာ ဟစ်တလာရဲ့အမိန့်နဲ့ ဆိုဗီယက်ကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ လူနှစ်သန်းလောက်သေဆုံးပြီး အကြီးကျယ်ဆုံးစစ်ပွဲဖြစ်ခဲ့ပါတယ်။
စာချစ်သူတို့ရော တိုက်ဆိုင်မှုဆိုတာ ယုံကြည်ပါသလား မန့်ခဲ့ပါနော်။
Knight News Team