သမိုင်းထဲက အဖြစ်ဆိုးများ

သမိုင်းထဲက အဖြစ်ဆိုးများ

ကမ္ဘာကြီးမှာ ပျော်စရာအချိန်တွေရှိသလို ဆိုးရွားတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ လူသားတွေဟာ လောကဒါဏ်ကို ခံစားကြရပါတယ်။

ခုတင်ပြမှာကတော့ လူသားတို့ ခံစားခဲ့ရတဲ့ သမိုင်းထဲက ဖြစ်ရပ်တချို့ပါ။

၁။ ဂျပန်

၁၉၄၅ ခုနှစ်၊ ဩဂုတ်လထဲမှာ ဟီရိုရှီးမားနဲ့ နာဂါစကီ မြို့နှစ်မြို့ဟာ အနုမြူဗုံးနှစ်လုံး အကြဲခံရပါတယ်။ လူ ၁၃၀,၀၀၀ လောက်ဆုံးပါးခဲ့ရပါတယ်။

ကြမ္မာဆိုးဟာ ရပ်မနေပါဘူး။ နောက်တစ်လအကြာမှာ အီဒါတိုင်ဖွန်းမုန်တိုင်းဟာ ဟီရိုရှီးမားကို ထပ်မံတိုက်ခတ်ခဲ့လို့ တစ်မြို့လုံး အပျက်အဆီးတွေ ပုံကျန်နေခဲ့ပါတယ်။

၂။ ဆိုဗီယက် ယူနီယံ

၁၉၃၀ ခုနှစ်မှာ အာဏာရှင် ဂျိုးဇက်စတာလင်ရဲ့အမိန့်နဲ့ လူသန်းချီပြီး အလုပ်စခန်းတွေကို အပို့ခံရပါတယ်။

စက်မှုလုပ်ငန်းတွေ တိုးချဲ့မှုနဲ့အတူ ငတ်မွတ်ခေါင်းပါးမှုက တွဲပါလာပြီး လူ ၆ သန်းလောက် အငတ်ဘေး ကြုံကြရပါတယ်။

၁၉၃၇-၁၉၃၈ ခုနှစ်မှာ လူတစ်သန်းလောက်ဟာ အငတ်ဘေးနဲ့ ဆုံးပါးခဲ့ရပြီး ကြောက်စရာအချိန်လို့ သတ်မှတ်ခဲ့ကြပါတယ်။

ဒီနောက် ဒုတိယကမ္ဘာစစ်ဖြစ်ပြီး လူ ၂ သန်းခွဲလောက် စစ်ကြောင့် ဆုံးပါးကြရပြန်ပါတယ်။

၃။ အမေရိကန်

သူလဲဆိုးဝါးတဲ့ကာလ ရှိခဲ့ပါတယ်။၁၉၂၉ ခုနှစ်မှာ စိတ်ဓါတ်ကျဆင်းဖို့အစပြုလာပါတယ်။ အလုပ်လက်မဲ့ တိုးလာပြီး ဆင်းရဲမွဲတေမှုတွေ များလာပါတယ်။

အစိုးရကလဲ မဖြေရှင်းနိုင်လို့ အိုးအိမ်မဲ့တွေများလာပါတယ်။ လူတွေဟာ တဲထိုးနေထိုင်ကြရပါတယ်။တောင်ပိုင်းသားမြေငှားတွေကို အဆိုးဆုံးအခြေအနေဆီ တွန်းပို့သလိုဖြစ်ခဲ့ပါတယ်။

လုပ်သားတွေဟာ သမိုင်းတွင်အောင် အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ကုန်ပါတယ်။ အငတ်ဘေးကြောင့်ပါ။

၄။ အိုင်ယာလန်

အာလူးပင်တွေ မှိုနာရောဂါဖြစ်လို့ ၁၈၄၅ ခုနှစ်မှာ အိုင်ယာလန်နိုင်ငံ အငတ်ဘေး ဆိုက်ခဲ့ပါတယ်။ ဒီရောဂါဟာ ၇ နှစ်တိုင်အောင် ဒုက္ခပေးခဲ့ပါတယ်။

အငတ်ဘေးအပြင် ရောဂါထူပြောမှုကြောင့် လူဦးရေ လေးပုံတစ်ပုံ ပျက်စီးခဲ့ပါတယ်။ ဒီ ကပ်ဘေးအပြီးမှာ အိုင်ယာလန် လူဦးရေဟာ ၂.၅ သန်းသာ ကျန်ခဲ့ပါတယ်။

၅။ အင်ဒိုနီးရှား

တမ်ဘိုရာ(tambora)ကျွန်းပေါ်က မီးတောင်ကြီးဟာ ၁၈၁၅ ခုနှစ်မှာ အပြင်းထန်ဆုံးပေါက်ကွဲခဲ့ပါတယ်။ မီးတောင်ကထွက်တဲ့ပြာတွေဟာ တစ်ကမ္ဘာလုံးကိုပြန့်သွားခဲ့ပါတယ်။

ကမ္ဘာ့လေထုဟာ ပြာတွေဖုံးနေတာကြောင့် အပူချိန်အလွန်အမင်း ကျဆင်းသွားပါတယ်။ ကျွန်းပေါ်ကစိုက်ခင်းအားလုံး ချော်ရည်ဖုံးပြီး ပျက်ဆီးခဲ့သလို လူတစ်သောင်းလောက် သဆုံးပါးခဲ့ပါတယ်။

ချော်ရည်ပူတွေကြောင့် ‌‌သောက်သုံးရေတွေ အဆိပ်သင့်ကုန်ပါတယ်။လူတစ်သန်းလောက်ဟာ ဒုက္ခသည်တွေ ဖြစ်ခဲ့ရပါတယ်။

၆။ ပြင်သစ်

ပြင်သစ်တော်လှန်ရေးကြီးနဲ့အတူ အမှောင်ခေတ်ကလည်း တွဲပါလာပါတယ်။ ၁၇၉၃ ခုနှစ်မှာဖြစ်ခဲ့တဲ့တော်လှန်ရေးအပြီးမှာ Public safety committee ခေါ် ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ သံသယရှိသူမှန်သမျှကို ဖမ်းဆီးပြီး လူပုံအလယ်မှာ ကွပ်မျက်ကြပါတယ်။

သစ္စာဖေါက်လို့ထင်ရသူ အကုန်ဖမ်းပါတယ်။ တရားဟောဆရာတောင် မချန်ပါဘူး။ လူ ၄၀၀၀၀ လောက် အသဝာ်ခံရတဲ့အထဲမှာ ဘုရင်လူဝီ ၁၄ နဲ့ မိဖုရား မာရီအင်တွိုင်းနက်တို့ပါ ပါပါတယ်။

၇။ အင်္ဂလန်

၁၆၆၅ ခုနှစ်မှာ လန်ဒန်မြို့ဟာ ပုလိပ်ရောဂါအကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ အကျိတ်ထွက်တဲ့ ပုလိပ်ရောဂါဖြစ်ပြီး ၁၈ လအတွင်း လန်ဒန်မြို့ လူဦးရေ ၂၅ ရာခိုင်နှုန်း ဆုံးပါးခဲ့ရပါတယ်။ လူတွေဟာ လန်ဒန်မြို့ကြီးကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

နောက်တစ်နှစ် ၁၆၆၆ ခုနှစ်မှာ လန်ဒန်မြို့ကြီး မီး အကြီးအကျယ်လောင်ကျွမ်းခဲ့လို့ အလယ်ခေတ်လက်ရာ အဆောက်အဦအားလုံး ပျက်ဆီးခဲ့ရပါတယ်။လူ ၈၀,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

၈။ တရုပ်

၁၉၅၈ နဲ့ ၁၉၆၂ ခုနှစ် ကာလကို ဒုတိယစီးပွားရေးနှစ်အဖြစ် မော်စီတုန်းက သတ်မှတ်လိုက်ခြင်းဟာ တရုပ်ပြည်သူတွေကို ချောက်ထဲတွန်းချသလိုဖြစ်ခဲ့ရပါတယ်။

ရည်ရွယ်ချက်က ကွန်မြူနစ်စနစ်ကိုဖေါ်ဆောင်ရင်းရှေ့ကို ခုန်ပျံကျော်လွှားနိုင်ဖို့လို့ ဆိုပါတယ်။ လယ်သမားတွေ ဝေစုမပြည့်ရင် ပစ်ဒါဏ်ပေးပါတယ်။လူအများစုဟာ အငတ်ဘေးနဲ့ကြုံရပြီး လူပေါင်း ၅၅ သန်းလောက် ဆုံးပါခဲ့ရပါတယ်။

နိုင်ငံရေးသမားတွေဟာ ရက်စက်စွာနှိပ်ကွပ်ခံရတဲ့အပြင် အလုပ်တွေ မနားတမ်း လုပ်ကြရပါတယ်။ စစ်တပ်ကြောင့် လူတစ်သန်းလောက်ထပ်မံ ဆုံးပါးခဲ့ပါတယ်။

မူရင်းစာရေးသူကတော့ သင်ရော အမှောင်ခေတ်ကို ကြုံခဲ့ဘူးပါသလားလို့ မေးခွန်းထုတ်ထားပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *