ကမ္ဘာတစ်ဝှမ်းက အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံး ရေဝဲကြီးများ

ကမ္ဘာတစ်ဝှမ်းက အကြီးမားဆုံးနဲ့ အန္တရာယ်အရှိဆုံး ရေဝဲကြီးများ

“ရေဝဲ” ဆိုသည်မှာ ဆန့်ကျင်ဘက် ရေစီးကြောင်းနှစ်ခု ဆုံသောအခါ ဖြစ်ပေါ်လာတဲ့ လည်ပတ်နေတဲ့ ရေလှိုင်းတစ်ခုဖြစ်ပါတယ်။

ရေဝဲတွေဟာ အရွယ်အစား အမျိုးမျိုးနဲ့ အားကောင်းခြင်း၊ အားပျော့ခြင်းတို့ဆိုတဲ့ ဂုဏ်သတ္တိတွေလည်း ပိုင်ဆိုင်ထားကြပါတယ်။

အားကောင်းလွန်းတဲ့ ရေဝဲတွေကိုတော့ maelstroms လို့ မကြာခဏ ရည်ညွှန်းကြပြီး အဓိကအားဖြင့် ပင်လယ်နဲ့ သမုဒ္ဒရာတွေမှာသာ အဖြစ်များပါတယ်။

ရေဝဲ အသေးလေးတွေကိုတော့ ရေတံခွန်အောက်ခြေ၊ ရေတွင်းများနဲ့ ဆည်များကဲ့သို့သော လူလုပ်တည်ဆောက်မှုများမှာလည်း တွေ့ရှိနိုင်ပါတယ်။

သမုဒ္ဒရာ ရေပြင်ကျယ်ကြီးတွေမှာတော့ ရေဝဲတို့ဟာ အဓိကအားဖြင့် ဒီရေကြောင့် ဖြစ်ပေါ်လာနိုင်ကြပြီး သင်္ဘောကြီးများကိုပင် နစ်မြှုပ်နိုင်စွမ်းရှိပါတယ်။

အောက်ဖော်ပြပါ ရေဝဲကြီးများကတော့ ကမ္ဘာပေါ်က အကြီးဆုံးနဲ့ အားအကောင်းဆုံးသော ရေဝဲများ ဖြစ်ကြပါတယ်။

6. Corryvreckan ရေဝဲ

Corryvreckan ပင်လယ်ကွေ့ဟာ စကော့တလန်နိုင်ငံ၊ Jura နဲ့ Scarba ကျွန်းများ ကြားမှာတည်ရှိတဲ့ ရေလက်ကြား ဒေသဖြစ်ပါတယ်။

အဆိုပါဧရိယာရဲ့ ရေအောက်မြေမျက်နှာသွင်ပြင်နဲ့ အားကောင်းသော အတ္တလန္တိတ် ရေစီးကြောင်းတို့ဟာ ပြင်းထန်အားကောင်းတဲ့ ရေဝဲကြီးကို ဖြစ်ပေါ်ခာစေခဲ့ပါတယ်။

ဒီရေများဟာ ရေလက်ကြားထဲသို့ တိုးဝင်လာတာနဲ့အမျှ ၎အရှိန်မြှင့်လာပြီး တွင်းနက်များ ကဲ့သို့သော ပင်လယ်ရေ မျက်နှာပြင် အသွင်အပြင် မျိုးစုံကို တွေ့ကြုံရတတ်ပါတယ်။

ဖော်ပြပါ အင်္ဂါရပ်များဟာ ကမ္ဘာပေါ်ရှိ တတိယအကြီးမားဆုံး Corryvreckan ရေဝဲကြီးကို ဖွဲ့စည်းစေခဲ့ပါတယ်။ ရေဝဲကြီးဟာ ပင်လယ်ကွေ့ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ပိရမစ် ပုံသဏ္ဍာန် အထွတ်အထိပ်ကို ဝန်းရံထားပါတယ်။

Corryvreckan ရေဝဲကို တော်ဝင်ရေတပ်က သွားလာခွင့် မပြုရဘူးလို့ တားမြစ်ထားပါတယ်။

ဒါပေမဲ့လည်း စူးစမ်းသူတွေကတော့ သွားလာနေဆဲဖြစ်ပြီး အဆိုပါ ဧရိယာကို စူးစမ်းလေ့လာနေတဲ့ ရေငုပ်သမားများကိုတော့ ဗြိတိန်မှာ အထူးချွန်ဆုံး ရေငုပ်သမားအဖြစ် မှတ်ယူကြပါတယ်။

5. Naruto ရေဝဲ

Naruto ရေလက်ကြားဟာ ဂျပန်နိုင်ငံ၊ Tokushima နဲ့ Hyogo ရှိ Naruto, Awaji ကျွန်းတွေကြားမှာ အသီးသီးတည်ရှိပြီး Naruto ရေဝဲဖြစ်ပေါ်ရာ ဒေသဟူ၍ လူသိများပါတယ်။

ရေလက်ကြားဟာ ၀ ဒသမ ၈၁ မိုင် ကျယ်ဝန်းပြီး ကုန်းတွင်းပင်လယ်ကို ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်သွယ်ပေးထားတယ်။

ဒီရေဟာ တစ်နေ့ကို နှစ်ကြိမ် ကုန်းတွင်းပင်လယ်အတွင်း အမြောက်အမြား ရွေ့လျားသွားစေသလို အကွာအဝေး ၅ ပေခွဲ အထိ ကုန်းတွင်းပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာကြားမှာ ခန့်မှန်းခြေ ၄ ပေခန့် ရှိသော ရေမျက်နှာပြင် ကွာခြားမှုကို ဖြစ်စေပါတယ်။

Naruto ရေလက်ကြားဟာ ကျဉ်းတာကြောင့် တစ်ရက်ကို တစ်နာရီ ၈ မိုင် နှုန်းဖြင့် လေးကြိမ်၊ နွေဦး ဒီရေချိန်မှာတော့ တစ်နာရီ ၁၂ မိုင်နှုန်းဖြင့် အချင်း ၆၆ ပေအထိ ကြီးမားတဲ့ ရေဝဲကြီးများကို ဖြစ်ပေါ်စေပါတယ်။

Narutoရေလက်ကြားဟာ ဂျပန်နိုင်ငံရဲ့ အမြန်ဆုံး၊ ကမ္ဘာ့ စတုတ္ထအမြန်ဆုံး ဖြစ်ပြီး Naruto တံတားဟာလည်း ရေဝဲများကို ကြည့်ရှုရန် ပြီးပြည့်စုံသော နေရာကို ပေးဆောင်ပေးပါတယ်။

4. Old Sow ရေဝဲ

Old Sow ဟာ အနောက်ကမ္ဘာခြမ်းရှိ အကြီးဆုံး ရေဝဲကြီးများထဲမှ တစ်ခုဖြစ်ပါတယ်။

New Brunswick ရှိ Deer ကျွန်းရဲ့ ကမ်းလွန်မှာ တည်ရှိတဲ့ “Old Sow” ရေဝဲဟာ Fundy ပင်လယ်အော်နဲ့ Passamaquoddy ပင်လယ်အော်ကြားက ရေရောစပ်မှု လွန်ကဲရာမှ ဒီရေ အကွာအဝေးဖြင့် ဖွဲ့စည်းထားပါတယ်။

ထိုဒေသရှိ ပုံမှန်မဟုတ်သော ပင်လယ် ကြမ်းပြင် မြေမျက်နှာသွင်ပြင်ကြောင့် အားကောင်းလျက်ရှိတဲ့ ရေဝဲကြီးဖြစ်ပါတယ်။

ရေဝဲဟာ အချင်းပေ ၂၅၀ ခန့်ရှိတဲ့ ရေပူ ရေဝဲ ပုံစံမှာရှိပြီး ကြီးမားလှတဲ့ ရေလှိုင်းထန်မှုတွေဟာ Old Sow ဒေသရဲ့ လှိုင်းထန်မှု ကြီးမားသော ဧရိယာကို မကြာခဏ ဆွဲဆောင်နေပါတယ်။

Old Sow ရေပတ်လမ်းက လှုပ်ရှားမှုများကလည်း ဒီရေလှိုင်းများ၊ မုန်တိုင်းများနဲ့ လေပြင်းများ အပါအဝင် မြောက်မြားစွာသော ရေစီးကြောင်းများနဲ့ တန်ပြန် ရေစီးကြောင်းများကို ဖန်တီးပေးပါတယ်။ အခြားသော ရေဝဲငယ် များစွာကိုလည်း ထိုဧရိယာမှာ တွေ့မြင်နိုင်ပါတယ်။

3. Skookumchuck Narrows ရေဝဲ

Skookumchuck Narrows ဟာ ကနေဒါနိုင်ငံ၊ British Columbia က Sunshine Coast ရှိ Sechelt Inlet ရဲ့ ဝင်ပေါက် ဖြစ်ပါတယ်။

ရေလက်ကြားရဲ့ ဒီရေစီးဆင်းမှုဟာ ကြမ်းတမ်း ပြင်းထန်နေချိန်မှာ အဖြူရောင်အဖုံးများနဲ့ ရေပူဖောင်းများ မကြာခဏ ဖြစ်ပေါ်စေလေ့ရှိပါတယ်။

နေ့စဉ်နှင့်အမျှ ပင်လယ်ရေအမြောက်အမြားဟာ Skookumchuck Narrows ကို စီးဝင် ဖြတ်သန်းနေကြရပြီး ထိုမှတစ်ဆင့် ရေဝဲတွေကို ဖန်တီးပေးပါတယ်။

ရေမျက်နှာပြင် ကွာခြားချက်သည် အမြင့် ၆.၆ ပေ ကျော်လွန်နိုင်ပြီး လက်ရှိ ရေစီးနှုန်း အရှိန်ဟာ တစ်နာရီကို ၃၀ ကီလိုမီတာ ကျော်လွန်နိုင်တာကြောင့် ဒီရေလှိုင်းတွေကို တစ်ခါတစ်ရံမှာ ကမ္ဘာ့အမြန်ဆုံးလို့ သတ်မှတ်ကြပါတယ်။

2. Moskstraumen ရေဝဲ

Moskstraumen ဟာ ကမ္ဘာပေါ်က အပြင်းထန်ဆုံး ရေဝဲကြီးဖြစ်ပါတယ်။Moskens ရဲ့ Lofoten Point နဲ့ Mosken ကျွန်းပေါ်ရှိ Vaeroy ကြားရှိ Norwegian ပင်လယ်မှာ ဖြစ်ပေါ်နေသော ဒီရေလှိုင်းများက ရေဝဲကြီးကို ဖန်တီးပေးလိုက်တာပါ။

အတ္တလန္တိတ် သမုဒ္ဒရာနှင့် နက်ရှိုင်းသော Vestfjorden တို့ကြားက ပြင်းထန်တဲ့ ဒီရေစီးကြောင်းများ စီးဆင်းလာရာမှာ ရေဝဲကြီးကို ဖြစ်ပေါ်စေခဲ့ပြီး အကြီးဆုံး ရေဝဲကြီးဟာ အချင်း ၁၃၀ မှ ၁၆၀ ပေ အထိ ရှိပြီး မျက်နှာပြင် ရေလှိုင်းတွေကို ၃ ပေ အထိ မြင့်တက်စေပါတယ်။

Moskstraumen ဟာ ဒီရေ၊ လေပြင်းများ၊ Lofotodden ရဲ့ အနေအထားနဲ့ ရေအောက် မြေမျက်နှာသွင်ပြင် အကြောင်းအချက်များစွာကြောင့် ရေဝဲ အများစုဟာ ကျဉ်းမြောင်းသော ရေလက်ကြားများနဲ့ မြစ်များမှာ ဖြစ်ပွားကြပေမဲ့ Moskstraumen ရေဝဲကတော့ ပင်လယ်ပြင်မှာ ဖြစ်ပေါ်လာတဲ့ ရေဝဲမျိုး ဖြစ်နေတာပါ။

1. Saltstraumen ရေဝဲ

Saltstraumen ဟာ ပြင်းထန်တဲ့ ဒီရေစီးကြောင်းနဲ့ သေးငယ်တဲ့ ရေလက်ကြားက ရေဝဲများ ဖြစ်ပေါ်ရ ဒေသတစ်ခုပါ။

နော်ဝေးနိုင်ငံ၊ ဘိုဒိုမြို့ရဲ့ အရှေ့တောင်ဘက် ၆.၂ မိုင်ခန့်အကွာ၊ Nordland ကောင်တီရှိ ဘိုဒိုခရိုင်မှာ တည်ရှိပါတယ်။

ရေလက်ကြား ဒေသဟာ အလျား ၁.၉ မိုင်ခန့် ကျယ်ဝန်းပြီး ပေ ၄၉၀ ရှိပါတယ်။ ရေ ကုဗမီတာ သန်း ၄၀၀ ခန့်က Saltstraumen ကို ခြောက်နာရီတိုင်း ဖြတ်သန်း စီးဆင်းနေရင်း ရေစီးကြောင်းတွေ အဆမတန် ပြင်းထန်လာရာမှာတော့ ရေဝဲတွေကို ဖန်တီးပေးပါတယ်။

ရေဝဲများ ဖြစ်ပေါ်လာချိန်မှာ အချင်း ၃၃ ပေ အထိ ရှိပြီး အနက် ၁၆ ပေ အထိ ရှိပြီး ယင်းဧရိယာမှာ အခုလို ရေဝဲမျိုးတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *