ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော Embraer 190 လေယာဉ်အကြောင်း

ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော Embraer 190 လေယာဉ်အကြောင်း

ဒီတခေါက်တော့ ဘရာဇီးနိုင်ငံက ထုတ်လုပ်တဲ့ လေယာဉ်တစ်မျိုးကို တင်ပြလိုက်ပါတယ်။

သူ့အမည်က Embraer 190 ဖြစ်ပါတယ်။ Multinational Aerospace Manufacturer Co. က ထုတ်လုပ်တာဖြစ်ပါတယ်။

ကုမ္ပဏီဟာ ခရီးသည်တင်အမျိုးအစားအပြင် စစ်လေယာဉ်၊ စိုက်ပျိုးရေးသုံး လေယာဉ် executive (business) လေယာဉ်တွေကိုပါ ထုတ်လုပ်ပါတယ်။

ကမ္ဘာမှာ ဘိုးရင်းနဲ့ အဲဘတ်စ် ပြီးရင် တတိယမြောက် အကြီးဆုံးခရီးသည်တင်လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Embraer 190 ဟာ ၁၉၉၉ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပေမဲ့ ၂၀၀၄ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာမှ ပထမဆုံးပျံသန်းခဲ့ပါတယ်။

အမေရိကန်ရဲ့ FAA ( Federal Aviation Administration ) အသိအမှတ်ပြု လက်မှတ်ကို ၂၀၀၅ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ရပြီးမကြာခင်မှာဘဲ ပထမဆုံးရောင်းချမှုအဖြစ် ယူအက်စ်က Jet Blue Airways ရဲ့ အစီး ၁၀၀ မှာယူခြင်းခံရပါတယ်။ Jet Blue Airways ဟာ ၂၀၀၆ မှာ Embraer ကို စသုံးခဲ့ပါတယ်။

အချက်အလက်တွေနဲ့ပါတ်သက်လို့ကြည့်ရအောင်။ Embraer 190 မှာ မျိုးကွဲတွေရှိပါတယ်။ Embraer-190 ER, 190- AR စသဖြင့်ပါ။

Embraer-190 ရဲ့ ယေဘူယျအချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Crew – 2 pilots
Length -118 ft၊11 inches
Wingspan – 94 ft 3 inches
Height. – 34 ft၊ 8 inches

MTOW. – 51,800 kg
Range – 2,450 NM
Cruise Speed – 447 n/h (kn)

Engine. – GE (General Electric) GE-34-8E-10 turbofan Engine

* MTOW = maximum takeoff weight

Seat Capacity – 106-110 တို့ဘဲဖြစ်ပါတယ်။

Embraer 190 series တွေကို ကမ္ဘာတလွှားတွင် ကျယ်စွာအသုံးပြုနေကြပါတယ်။ Flyby Wire စနစ်နဲ့ Glass Cockpit အသုံးပြုထားပြီး Onboard Maintenance System ခေါ် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အပစ်ရှာဖွေပြင်ဆင်မှု လုပ်နိုင်ပါတယ်။

အင်ဂျင်ကလည်း FADEC ( Fully Authorized Digital Engine Control) ပါဝင်ပါတယ်။ အလိုအလျောက် အရှိန်ထိမ်းစနစ် ( Autobrake system) အပြင် အလိုအလျောက် ကွင်းဆင်းခြင်း ( Auto-landed system) ပါရှိပါတယ်။ အစီးရေ ၁၆၀၀ ကျော်ထုတ်လုပ်ပြီး ကမ္ဘာတလွှား ပြေးဆွဲနေပါတယ်။

မြန်မာပြည်မှာတော့ E-190 နှစ်စီးကို မြန်မာ့လေကြောင်းမှ ၂၀၁၂ မှာ ငှားရမ်းပြေးဆွဲ့ခဲ့တာ တွေ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလောက်မှာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းကတစီး ငှားရမ်းပြေးဆွဲနေတာ တွေ့ရပါတယ်။ မြန်မာအဲဝေးအင်တာနေရှင်နယ်မှာလည်း Embraerလေယာဉ်များနဲ့ ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ခုတပါတ်တော့ ဒီလောက်ပါဘဲ။ ဆက်လက်ကြိုးစားပါအုံးမယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *