ခရီးသည်တင် လေယာဉ်ကြီးတွေက အလိုအလျောက် ဆင်းသက်နိုင်ပါသလား

ခရီးသည်တင် လေယာဉ်ကြီးတွေက အလိုအလျောက် ဆင်းသက်နိုင်ပါသလား

အဖြေက yes ပါ။ ခရီးသည်တင်လေယာဉ်တွေမှာ အလိုအလျောက်မောင်းစနစ်ပါသလို အလိုအလျောက် ဆင်းသက်တဲ့စနစ်လဲ ပါပါတယ်။

သိသလောက်ကတော့ Boeing, Airbus, Embraer စတဲ့လေယာဉ်တွေပါ။ အခြားအမျိုးအစားတွေမှာလည်းပါနိုင်ပါတယ်။

အလုပ်လုပ်ပုံကတော့ auto pilot စနစ်ထဲကို လေယာဉ်မှုးက program ထည့်သွင်းပေးယုံပါဘဲ။ ဒါပေမဲ့ ဒီစနစ်မှာ ကန့်သတ်ချက်တချို့တော့ ရှိပါတယ်။

ကမ္ဘာ့ရောင်းချမှုမှာ အအောင်မြင်ဆုံးဖြစ်တဲ့ Boeing 737 လေယာဉ်တွေမှာ ကန်လန့်ဖြတ်တိုက်လေ (cross wind) တစ်နာရီ ၂၅ မိုင် (အများစုက ၁၅ မိုင်) ကျော်ရင် ဒီစနစ်ကို သုံးခွင့်မပြုပါဘူး။

စာရင်းဇယား ကောက်ယူချက်အရတော့ ဒီစနစ်ကိုသုံးတဲ့ ပိုင်းလော့တွေဟာ တစ်ရာခိုင်နှုန်းတောင် မပြည့်ပါဘူးတဲ့။ manual လို့ခေါ်တဲ့ ကိုယ်တိုင်ကိုင်တွယ် ဆင်းသက်ရတာ ပိုကောင်းတယ်လို့ ထင်ကြလို့ပါတဲ့။

ဆင်းသက်ချိန်မှာ လေယာဉ်မှူးဟာ စောင့်ကြည့်ရမဲ့ အရာတွေကလည်း များပါတယ်။ ဒါ့အပြင် လေယာဉ်မှူးတွေအတွက် ၆ လတခါ မွမ်းမံသင်တန်းတက်ဖို့ လိုပါတယ်။

လေယာဉ်မှူးက အသိအမှတ်ပြုလက်မှတ်လိုသလို လေဆိပ်ကလည်း Auto-landed လုပ်နိုင်တဲ့ capability ရှိရမှာ ဖြစ်ပါတယ်။ မြင်နိုင်မှု အကွာအဝေးနဲပြီး လေငြိမ်နေမှသာ လေယာဉ်မှူးအတွက် ဒီစနစ်ကအသုံးဝင်ပါတယ်။

လေတိုက်နှုန်းများရင် လေပင့်အားက ဒီစနစ်ကို အခက်အခဲ ဖြစ်စေပါတယ်။ ILS ( instrument landing system) နဲ့တွဲဖက်အလုပ်လုပ်တာဖြစ်လို့ ground beacons က လွှင့်ထုတ်တဲ့ အချက်ပြလှိုင်းတွေ ရှိရပါမယ်။

ဒါတွေကတော့ LOC ( localizer), GS ( glide slope ) ရေဒီယိလှိုင်းလွှင့်တဲ့မြေပြင်က စက်တွေပါ။ ဒါကို လေယာဉ်မှ ဖမ်းယူချိန်ညှိပြီး အလိုအလျောက်မောင်းစနစ်ထဲကို ထည့်သွင်းပေးတာနဲ့ အလိုအလျောက်မောင်းစနစ် (autopilot) ကနေ ကွင်းကိုရှာဖွေ တည့်မတ်စေပြီး အလိုအလျောက်ဆင်းစေတာဖြစ်ပါတယ်။

ကွင်းတိုင်းမှာ ILS capability မရှိမဖြစ်လိုအပ်ပါတယ်။ မရှိတဲ့ကွင်းမှာတော့ ဒီစနစ်နဲ့ ဆင်းလို့ မရပါဘူး။ ဒီစနစ်ကို Category နဲ့ ခွဲခြားသတ်မှတ်တာမို့ သိသလောက် ဖေါ်ပြလိုက်ပါတယ်။

Cat 1,2,3 မှာ Cat 3 ကိုဘယ်လိုသတ်မှတ်သလဲဆိုတာကြည့်ရအောင်ပါ။

CAT III A – ဒီ level တပ်ဆင်ထားတဲ့လေယာဉ်ဆို အမြင့်ပေ ၅၀ ကနေရှေ့မြင်ကွင်း မီတာ ၂၀၀ မြင်နိုင်ပြီဆို Auto-landed ပါ။

CAT III B – ရှေ့မြင်ကွင်းကို မီတာ ၅၀ မြင်ရရင် ဆင်းနိုင်ပါတယ်။

CAT III C – ဘယ်လိုအခြေအနေမှာမဆို ဆင်းနိုင်ပါတယ် ရှေ့မြင်ကွင်း မရှိတောင်မှ ရပါတယ်။ ဒါပေမဲ့ ရှေ့ကို မမြင်ရမှတော့ ဆင်းပြီးရင် မြေပြင်လျောက်မောင်း taxi လုပ်ဖို့ မလွယ်လို့ ဘယ်လိုသုံးမယ် မသိပါခများ။

Knight News Team

Leave a Reply

Your email address will not be published.