အတ်တလန်တစ် မြင်းခွာဂဏန်း
အတ်တလန်တစ်မြင်းခွာဂဏန်း (Atlantic horseshoe crab ) တွေဟာ အဖိုးတန်လှတဲ့ သူတို့ရဲ့အပြာရောင်သွေးကြောင့် ဒုက္ခ ရောက်ရပါတော့မယ်။
ဒီအကြောင်း သုတေသနပညာရှင်တွေ သုံးသပ်ကြတာကို တင်ပြလိုက်ပါတယ်။
လူသားတွေဟာ ဓါတ်ခွဲခန်းမှာ တိရစ္ဆာန်သွေးတွေရဲ့ စမ်းသပ်မှုအပေါ် အားထားကြပေမဲ့ ဓါတ်ခွဲခန်းကြောင့် သွယ်ဝိုက်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးကို နားမလည်ကြသေးပါဘူး။
အတ်တလန်တစ် သမုဒ္ဒရာရဲ့ Dalaware ပင်လယ်ကမ်းခြေမှာ မြင်းခွာဂဏန်းတွေကို ကမ်းခြေတလျောက် ကူကယ်ရာမဲ့ တွေ့ကြရပါတယ်။
လက် ၁၀ ချောင်းနဲ့ လှံတန်ပုံ အမြီးရှိတဲ့ ဂဏန်းလေးတွေဟာ တွန့်လိမ်ပြီး ရွေ့လျားနေပါတယ်။ အမြီးက လေထဲကို ဆန့်ထားပေမဲ့ သဲပြင်ရဲ့အပူရှိန်ကြောင့် သဲထဲကိုဘဲ ပြန်ကျသွားပါတယ်။
တချို့ကို ဒီရေလှိုင်းက ကူညီသယ်ဆောင်သွားသလို တချို့ကတော့လဲ ဖြတ်သွားသူတွေရဲ့ အကူအညီရပြီး ရေထဲကို ရောက်သွားကြပါတယ်။
ကံဆိုးတဲ့ အများစုဟာ သနားစဖွယ်သေဆုံးကြရပါတယ်။ လွတ်မြောက်သွားတဲ့ ဂဏန်းတွေဟာလည်း မကြာခင်မှာဘဲ ဖမ်းဆီးခံရပြီး သွေးထုတ်ယူခြင်း ခံရပြန်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လိုအပ်ချက် မြင့်မားမှုကလည်း ဂဏန်းကောင်ရေကို ပိုမိုလျော့ကျ စေပါတယ်။
သူ့ရဲ့အပြာရောင်သွေးထဲမှာ ပင့်ကူအဆိပ်နဲ့ဆင်တဲ့ အမီဘိုဆိုက် (amebocyte နဲ့ လိုင်ဆိတ် (lysate ) ဓါတ်တွေဟာ အင်ဆူလင်ဆေး၊ intravenous နာဗ်ကြောလှုံ့ဆော်တဲ့ဆေးတွေ ထုတ်လုပ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတောင် စမ်းသပ်ထုပ်လုပ်နေပါပြီ။
အတ်တလန်တစ်ဂဏန်းအပြင် အာရှမျိုးကွဲသုံးမျိုးရှိတဲ့ ဒီဂဏန်းတွေဟာ ဒိုင်နိုဆောတွေထက် ရှေးကျပြီး နှစ်ပေါင်းသန်း ၄၅၀ လောက်ကတည်းက ရှိနေခဲ့တာပါ။
ဒါပေမဲ့ အာရှ ပစိဖိတ်ဒေသရဲ့ ဇီဝဓါတုဆေးဝါး ဈေးကွက်မှာ လိုအပ်ချက် မြင့်မားလာသလို ဂဏန်းကောင်ရေကလည်း တဖြည်းဖြည်းလျော့ကျလာနေပါတယ်လို့ ထိန်းသိမ်းစောင့်ရှောက်သူတွေနဲ့ ဆေးဝါးထုပ်လုပ်သူတွေက ပြောကြပါတယ်။
ဒါဟာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။အပြည်ပြည်ဆိုင်ရာ သဘာဝတောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးအဆိုအရ ဒီဂဏန်းတွေကို ထိမ်းသိန်းရေးမှာ အားနဲချက်တွေ ရှိနေဆဲပါတဲ့။
ကွင်းဆင်းစစ်ဆေးချက်တွေကလည်း အကောင်ရေ လျော့ကျမှုက သိသာလာပါတယ်။ ဒီဂယက်ဟာ အခြားသော ခြိမ်းခြောက်မှုထက် ပိုပါတယ်။
အမေရိက ဂဏန်းသွေးထုတ်ယူတဲ့ဆေးကုမ္ပဏီ ၅ ခုထဲမှာ Lonza ဟာတစ်ခုအပါအဝင် ဖြစ်ပါတယ်။ သွေးထုတ်ပြီး အကောင်တွေကို အတ်တလန်တစ်ထဲကို ပြန်လွှတ်ပေးပါတယ်။
Lonza က သတိပေးတာက သွေးလိုအပ်ချက် မြင့်မားလာတာနဲ့အမျှ ဒီအကောင်လေးတွေကို ထိမ်းသိန်းရမဲ့တာဝန်ပိုကြီးလာတယ်ဆိုတာ နားလည်ရမယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်၊ တစ်နှစ်ထဲမှာ အမေရိကန်ကုမ္ပဏီတွေဟာ ကောင်ရေ ၇ သိန်း ဖမ်းဆီးခဲ့ပြီး သွေးထုတ်ယူခဲ့ပါတယ်။ ကောင်ရေ တစ်သိန်းဟာ သေကြေခဲ့ပါတယ်။
ဒါဟာ ၂၀၁၀ခုနှစ်တုန်းက ဖမ်းဆီးတဲ့ ၄၈၀,၀၀၀ ထက် များပါတယ်။ အဲတုန်းက သေဆုံးတာ ၆၉,၀၀၀ ပါ။
စာရင်းကိုတော့ ASMFC ( Atlantic States Marine Fisheries Commission ) ကကောက်ယူပြခဲ့တာပါ။သေဆုံးမှုနှုန်းဟာ ၁၅ ကနေ ၃၀ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။
အမီဘိုဆိုက်နဲ့ လိုင်ဆိတ်ဓါတ်တွေကို အခြားအရင်းအမြစ်ကနေ ရယူဖို့ တိုက်တွန်းလာကြပါတယ်။ ဒီဒြပ်ပေါင်းနှစ်ခုအရောဖြစ်တဲ့ C( rFC) ကိုထုတ်လုပ်ရနိုင်တယ်လို့ တောရိုင်းစောင့်ရှောက်ရေး ဦဆောင်သူ Christian Hunt ကဆိုပါတယ်။
အမေရိကန်ကလည်း ဆေးကုမ္ပဏီတွေကို တဆင့်ခြင်း အစားထိုးပြောင်းလဲထုတ်လုပ်ဖို့ တွန်းအားပေးလာပါပြီ။
ကျနော်တို့ ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ ဒီကောင်လေးတွေကို ပြန်လည်စောင့်ရှောက်ရမှာ ဝတ္တရားတခုဘဲ မဟုတ်ပါလားခမျာ။
Knight News Team