ဘဝရှင်သန်ရေးအတွက် အရောင်ပြောင်းရသူများ

ဘဝရှင်သန်ရေးအတွက် အရောင်ပြောင်းရသူများ

အရောင်ပြောင်းတဲ့ တိရစ္ဆာန်အချို့အကြောင်းကို ပြောပြချင်ပါတယ်။

ပုတ်သင်ညိုမှစ၍ ကင်းမွန်အထိ အချို့သော တိရစ္ဆာန်များဟာ ၎င်းတို့အား ဖမ်းယူစားသောက်မည့် ငှက်များ၊သားကောင်များ မတွေ့ရှိစေရန်၊ ပြိုင်ဘက်များကို ခြိမ်းခြောက်ရန် သို့မဟုတ် အဖော်များကို ဆွဲဆောင်နိုင်စေရန် ၎င်းတို့ရဲ့ အရောင်များကို ပြောင်းလဲနိုင်ကြပါတယ်။

သဘာဝတွင်၊ အရောင်ပြောင်းနိုင်စွမ်းဟာ အသက်ရှင်ရပ်တည်မှုအတွက် အဓိကသော့ချက် ဖြစ်ပါတယ်။

အမြင်ကိုလှည့်စားနိုင်မှုဟာ တိရိစ္ဆာန်လောကမှာ အလွန်အရေးကြီးသော အရာတစ်ခုဖြစ်ပြီး တိရစ္ဆာန်များစွာဟာ ၎င်းတို့ရဲ့ အသက်ရှင်သန်မှုအတွက် ထူးခြားသော နည်းလမ်းများကို အသုံးပြုခဲ့ကြပါတယ်။

၎င်းတို့ဟာ နေထိုင်ရာပတ်ဝန်းကျင်အရောင်နှင့် ကွာခြားမှု မရှိဘဲ သာမန်ကြည့်လိုက်ပါက ထူးခြားစွာ ပေါ်လွင်မနေစေရန် အရောင်ပြောင်းနိုင်စွမ်းကို သုံးပြုကြပါတယ်။

ရာသီအကူးအပြောင်းများမှာ ပတ်ဝန်းကျင်ဟာ သိသိသာသာ ပြောင်းလဲနေသောကြောင့် (နွေရာသီတွင် စိမ်းလန်းစိုပြေသောနေရာမှ ဆောင်းရာသီတွင် နှင်းများအဖြစ်သို့ ပြောင်းလဲသွားသောကြောင့်) ယင်းပတ်ဝန်းကျင်တွင် နေထိုင်သည့် တိရစ္ဆာန်များဟာ နောက်ခံပတ်ဝန်းကျင်နှင့် ရောနှောနေစေရန် အရောင်များ ပြောင်းကြပါတယ်။

၁) Rock Ptarmigan

Eurasia နှင့် မြောက်အမေရိကတိုက်ရဲ့ မြောက်ဘက်စွန်းတွင် တွေ့ရသော ရစ်ဌက်မျိုးဖြစ်သည့် Rock Ptarmigan ကို နွေရာသီတွင် အညိုရောင်အမွေးအမှင်များဖြင့်တွေ့ရပါတယ်။

သို့သော် ဆောင်းဦးပေါက်လာသည်နှင့်အမျှ Ptarmigan ရဲ့ အညိုရောင် အမွှေးများ ကျွတ်ကာ မြေကြီးရောင် အမွေးအသစ်များ ပေါက်လာပါတယ်။

ဆောင်းရာသီတွင်မူ ၎င်းငှက်ဟာ သူတို့နေထိုင်ရာ အာတိတ်ဒေသရှိ သားရဲများရဲ့ ဖမ်းယူစားသောက်မှုကို ရှောင်ရှားရန် နှင်းဖြူရောင်သို့ ပြောင်းလဲသွားပါတယ်။

၂) Stoat

မြွေပါမျိုးဖြစ်သည့် Stoat သည်လည်း အညိုရောင် အမွှေးများနေရာမှာ အဖြူရောင်အမွှေးသစ်များ ပေါက်လာခြင်းဖြင့် ယင်းကဲ့သို့သော အသွင်ပြောင်းမှုကို ပြုလုပ်ကြပါတာ်။

၎င်းတို့ရဲ့ ဖုံးကွယ်ထားသော အဖြူရောင်အမွှေးများဟာ ၎င်းတို့အား နှင်းများထဲသို့ ရောနှောကာ နို့တိုက်သတ္တဝါငယ်များနှင့် ငှက်များကို အမဲလိုက်ရန် ပိုမို လွယ်ကူစေပါတယ်။

ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ပါသည်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *