ကမ္ဘာတစ်ဝှမ်းက အကျယ်ဝန်းဆုံးနဲ့ အကြီးမားဆုံးသော တိရစ္ဆာန်ဘေးမဲ့တောကြီးများ

ကမ္ဘာတစ်ဝှမ်းက အကျယ်ဝန်းဆုံးနဲ့ အကြီးမားဆုံးသော တိရစ္ဆာန်ဘေးမဲ့တောကြီးများ

ကမ္ဘာတစ်ဝှမ်းမှာ သိန်းနဲ့ချီတဲ့ ဘေးမဲ့တောတွေရှိကြပေမဲ့ ကမ္ဘာ့အကြီးဆုံး တိရိစ္ဆာန်ဘေးမဲ့တောတွေကို ကြည့်လိုက်ရင်တော့ အချို့သော တောအုပ်တွေဟာ နိုင်ငံတစ်နိုင်ငံထက်ကို ပိုမိုကြီးမား နေကြပါတယ်။

တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများရဲ့ အရေးပါပုံဟာလည်း သဘာဝထိန်းသိမ်းရေးနယ်မြေများလိုပဲ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ခိုလှုံရာနဲ့ ကမ္ဘာ့ဂေဟစနစ်အား ကာကွယ်ထိန်းသိမ်းရန် အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတစ်ခု ဖြစ်ပါတယ်။

အောက်ဖော်ပြသည်တို့မှာ ကမ္ဘာပေါ်က အကျယ်ဝန်းဆုံးနဲ့ အကြီးမားဆုံးသော တိရစ္ဆာန်ဘေးမဲ့တောများ ဖြစ်ကြပါတယ်။

၁။ သန္တာပင်လယ် သဘာဝဥယျာဉ်

ဩစတေးလျနိုင်ငံ၊ အရှေ့ဘက် မိုင် ၇၅၀ ခန့် အကွာမှာ တည်ရှိတဲ့ သန္တာပင်လယ် သဘာဝဥယျာဉ်ဟာ ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါဥယျာဉ်အဖြစ် လူသိများပါတယ်။

၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ သဘာဝဥယျာဉ်ဟာ မရှိမဖြစ် လိုအပ်သော ဂေဟစနစ် စတုရန်းမိုင် ငါးသိန်းကျော်ကို ကာကွယ်ပေးပြီး ပြင်သစ် ပိုင်နက်တစ်ခုလုံး အပြင် New Caledonia၊ New Caledonia ရဲ့ Lagoons နဲ့ ကမ္ဘာ့ဒုတိယအရှည်ဆုံး နှစ်ထပ်အတားအဆီးဖြစ်သော New Caledonia Barrier Reef တို့ ပါဝင်ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီတို့ ပေါင်းစပ်ထားတဲ့ နိုင်ငံများထက် ကြီးမားသော သန္တာပင်လယ် သဘာဝဥယျာဉ်သည် ရေနေနို့တိုက်သတ္တဝါ ၂၅ မျိုး အပါအဝင် မွေးရပ်မြေ တောရိုင်းတိရိစ္ဆာန်များ စုစည်းမှုကိုလည်း ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ဒီဥယျာဥ်ဟာ ကမ္ဘာ့ တတိယမြောက် အကောင်ရေအများဆုံး လက်ခံထားရာ ဘေးမဲ့တောလည်း ဖြစ်ပါတယ်။

ငါးမန်း မျိုးစိတ် ၄၈ မျိုး၊ ငါး မျိုးစိတ် ရာချီ အပါအဝင်၊ ပင်လယ်လိပ်များနဲ့ အသိုက်ငှက် မျိုးစိတ် ၁၉ မျိုး နေထိုင်ကြပါတယ်။

ဒီအဏ္ဏဝါ ဘေးမဲ့တောကြီးဟာ သြစတြေးလျနိုင်ငံ Queensland ကမ်းရိုးတန်းအနီးရှိ Coral Sea မှာ တည်ရှိပြီး ကမ္ဘာ့ သဘာဝအံ့ဖွယ် ခုနစ်ပါးထဲမှ တစ်ခုလို့လည်း ခေါ်ဆိုကြပါတယ်။

၂။ Kavango-Zambezi Transfrontier ထိန်းသိမ်းရေးနယ်မြေ

အာဖရိကတိုက်ရဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးရှိသော တောရိုင်းတိရစ္ဆာန်များကို ကာကွယ်ထိန်းသိမ်းရန် ဆက်လက်ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် Kavango-Zambezi Transfrontier Conservation Area (KAZA TFCA) ကို ၂၀၁၁ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။

ဧရိယာစတုရန်းမိုင် နှစ်သိန်းကျော်ကို လွှမ်းခြုံထားတဲ့ KAZA TFCA ယာ အန်ဂိုလာ နယ်နိမိတ်များ ပေါင်းဆုံရာတစ်ဝိုက်မှာ တည်ရှိပြီး ဘော့ဆွာနာ၊ နမီးဘီးယား၊ ဇမ်ဘီယာနှင့် ဇင်ဘာဘွေတို့အပြင် Victoria Falls နဲ့ Okavango မြစ်ဝကျွန်းပေါ်ဒေသတို့ကဲ့သို့သော ကမ္ဘာ့ခရီးသွားတွေ အဝင်ရောက်ဆုံး နေရာများ ပါဝင်ပါတယ်။

KAZA TFCA ဟာ အာဖရိကတိုက်ရဲ့ အကြီးဆုံး ဆင်များနေထိုင်ရာ နေရာဖြစ်ပြီး အာဖရိက တောရိုင်းခွေး၊ ကျားသစ်နဲ့ Hippopotamus ငှက်အမျိုးအစား ပေါင်း ၆၀၀ ကျော်အပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်မျိုးစိတ်များလည်း နေထိုင်ကျက်စားကြပါတယ်။

ဒီကြီးမားတဲ့ ထိန်းသိမ်းရေး ဧရိယာထဲမှာ အမျိုးသားဥယျာဉ်၊ သစ်တောဝိုင်းနဲ့ တောရိုင်းတိရစ္ဆာန်များ စီမံခန့်ခွဲရေးဧရိယာပေါင်း ၃၅ ခုကျော် ပါဝင်ပါတတယ်။

၃။ အရှေ့မြောက် Greenland အမျိုးသားဥယျာဉ်

Greenland ရဲ့ ထက်ဝက်နီးပါးကို ဖြန့်ကျက်ထားတဲ့ အရှေ့မြောက် Greenland အမျိုးသားဥယျာဉ်ဟာ ကမ္ဘာပေါ်ရှိ အကြီးမားဆုံး ဘေးမဲ့နယ်မြေကြီးဖြစ်ပါတယ်။

၁၉၇၄ ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး Greenland ရဲ့ တစ်ခုတည်းသောအမျိုးသားဥယျာဉ် ဖြစ်သလို Yellowstone အမျိုးသားဥယျာဉ်ထက် ၇၇ ဆ ပိုမိုကြီးမားပါတယ်။

ဒီဘေးမဲ့နယ်မြေဟာ သတ်မှတ်ထားတဲ့ နိုင်ငံတကာ ဇီဝနယ်ပယ် အရန်နယ်မြေရဲ့ စတုရန်းမိုင် လေးသိန်းနီးပါးကို ကာကွယ်ပေးထားပါတယ်။

ကမ္ဘာ့မြောက်ဘက်အကျဆုံး ပန်းခြံအဖြစ် ထင်ရှားပြီး ကမ္ဘာ့အကြီးဆုံးလည်းဖြစ်တဲ့ အမျိုးသားဥယျာဉ်ဟာ အလွန်ဝေးလံတဲ့ နေရာဖြစ်တာကြောင့် လူသားများနေထိုင်ရာနဲ့တော့ အလွန်ဝေးလံတဲ့ နေရာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးကျွန်းပေါ်ရှိ ဤအံ့သြဖွယ်နေရာ (သို့) ကျယ်ပြောလှတဲ့ အာတိတ်တော ကန္တာရအတွင်း နေထိုင်သူများဟာ အာတိတ်မြေခွေးများနှင့် ယုန်များ၊ ဧရာမ ဝက်ဝံများ၊ ပိုလာဝက်ဝံများနဲ့ ကမ္ဘာ့အများဆုံး အကောင်ရေဖြစ်တဲ့ နို့တိုက်သတ္တဝါ Bovidae ရဲ့ အဖွဲ့ဝင်ဖြစ်သည့် မုတ်ဆိတ်နွားမျိုးစိတ်များ အပါအဝင် များပြားလှစွာသော မွေးရပ်ဇာတိ တိရစ္ဆာန်များနေထိုင်ကြပါတယ်။

၄။ ပစိဖိတ် အဝေးထိန်းကျွန်းစု အဏ္ဏဝါ အမျိုးသား အထိမ်းအမှတ်

U.S. Fish and Wildlife Service မှ စီမံခန့်ခွဲတဲ့ အခုလို ပေါင်းစည်းခြင်းမပြုထားတဲ့ ကျွန်းစုများကို “ကမ္ဘာပေါ်က အကျယ်ပြန့်ဆုံးသော အဏ္ဏဝါနှင့် ကုန်းနေသက်ရှိ ထိန်းသိမ်းရေးနယ်မြေများ စုစည်းမှု” အဖြစ် ဖော်ပြထားပါတယ်။

ဟာဝိုင်ရီ ကျွန်းစုများရဲ့ အနောက်ဘက်တွင် တည်ရှိပြီး အမျိုးသားဥယျာဉ်၊ Baker Island နှင့် Wake Island အပါအဝင် ကျွန်းစုနဲ့ ကျောက်တန်းများ ပါ၀င်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၄၉၀,၀၀၀ ကျော် ကျယ်ဝန်းပါတယ်။

ဒီဘေးမဲ့မြေကြီးမှာတော့ လင်းပိုင်နှင့် ဝေလငါးများ အပါအဝင် အဏ္ဏဝါနို့တိုက် သတ္တဝါမျိုးစိတ်ပေါင်း ၂၀ ကျော် ပါရှိသလို ပင်လယ်လိပ်၊ဂုံးနှင့် ပုလဲကမာ၊ အုန်းကဏန်းကဲ့သို့သော ကျောရိုးမဲ့ သတ္တဝါများ ပါရှိကြပါတယ်။

ဒါ့အပြင် ဒီနယ်မြေဟာ ကမ္ဘာ့အကြီးဆုံး ကုန်းနေ အရင်းအမြစ်တစ်ခု ဖြစ်သလို ပင်လယ်ငှက်များ၊ ငါးများ၊ အင်းဆက်ပိုးမွှားများနဲ့ သန္တာမျိုးစိတ်ပေါင်း ၂၀၀ နီးပါး စုဆောင်းမှုများလည်း ပါဝင်ပါသေးတယ်။

၅။ Papahānaumokuākea အဏ္ဏဝါအမျိုးသား အထိမ်းအမှတ်

ဂျာမနီ တစ်နိုင်ငံလုံးထက် ပိုမိုကြီးမားပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၄၀,၀၀၀ နီးပါး ကျယ်ဝန်းတဲ့ Papahānaumokuākea အဏ္ဏဝါ အမျိုးသား အထိမ်းအမှတ်ဟာ ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါ ထိန်းသိမ်းရေးနယ်မြေများထဲမှ တစ်ခုဖြစ်ပါတယ်။

အမေရိကရဲ့ အမျိုးသား ဥယျာဉ်အားလုံး စုစုပေါင်း အရွယ်အစားထက် ပိုပြီးတောင် ကြီးမားနေတယ်လို့ ဖော်ပြထားပါတယ်။

ဤနယ်မြေမှာ Hawaiian Islands National Wildlife Refuge နဲ့ Midway Atoll National Wildlife Refuge တို့ ပါဝင်ပြီး ဟာဝိုင်ရီ အနောက်မြောက်ပိုင်းရှိ ကျွန်း ၁၀ ကျွန်းနှင့် ကျွန်းစုများ ပါဝင်ပါတယ်။

မျိုးသုဉ်းရန် အန္တရာယ်ရှိနေတဲ့ အစိမ်းရောင်ပင်လယ်လိပ် အပါအဝင် ဟာဝိုင်ရီ အနောက်မြောက်ပိုင်းရှိ ကျွန်းစုများမှ ပေါက်ဖွားလာကြတဲ့ တိရိစ္ဆာန်မျိုးစိတ် ၇,၀၀၀ ခန့် နေထိုင်ကြပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *