ယုံရခက်တဲ့ အလုပ်များ(Weirdest Jobs)
လူရယ်လို့ဖြစ်လာရင် စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်းအလုပ် တစ်ခုမဟုတ်တစ်ခု လုပ်ကြရပါတယ်။ ကိုယ်ပိုင်အလုပ်၊ ဝန်ထမ်းအလုပ် စသဖြင့်ပေါ့။
ဒါပေမယ့် အခုပြောချင်တဲ့ အလုပ်တွေက သင် မယုံနိုင်စရာတွေ ပါဝင်နေလို့ ဖတ်ကြည့်ပါအုံးပဲ ပြောပါရစေနော်။
၁။ ပွေ့ဖက်နှစ်သိမ့်ပေးသူ
အသက်၊ ကျားမ မရွေး လုပ်နိုင်ပါတယ်။ လူနာအများစုက အသက်၂၀ နဲ့ ၇၀ ကြား ယောက်ျားတွေ ဖြစ်ပါသတဲ့။ နေရာကတော့ ဥရောပတဝှမ်းလို့ ဆိုပါတယ်။
၂။ ရထားဘူတာက အတွန်းသမား
တရုပ်နဲ့ ဂျပန်မှာ ရထားတွေ လူကြပ်တဲ့အခါ လုပ်ရပါတယ်။ အဆင်းခက်သူကို ဆွဲ ၊အတက်ခက်သူကို တွန်းတင် ရသူပါ။
၃။ စက်ဘီးမျှားသမား
နယ်သာလန်မှာ လူထက် စက်ဘီးကများတဲ့အကြောင်း ရေးခဲ့ဘူးပါတယ်။ အမ်စတာဒန်မြို့ရဲ့ တူးမြောင်းတွေထဲက စွန့်ပစ်စက်ဘီးတွေကို ဆယ်ယူရတဲ့အလုပ်ပါ။ တစ်နှစ်ကို အစီရေ ၅၀၀၀၀ လောက် ဆယ်ရပါတယ်တဲ့။
၄။ ကားနံပါတ်ဖုံးကွယ်သူ car plate blocker
အီရန်ရဲ့ မော်တော်ကားနံပါတ် နောက်ဆုံးဂဏန်းဟာ စုံဖြစ်ရင် စုံရက်မှ လမ်းပေါ် မောင်းရပါတယ်။ မရက်ဆို မဂဏန်းအဆုံးကားတွေမောင်းပေါ့။
ဒီ ကြောင်တောင်တောင်ဥပဒေကို မလိုက်နာချင်သူတွေက ကားနံပါတ် နောက်ဆုံးဂဏန်းကို ကွယ်ပေးဖို့ လူငှား ကြပါတယ်။
သူတို့က ကားနောက်မှာ ခြေလျင်ဖြစ်စေ၊ စက်ဘီးနဲ့ဖြစ်စေ လိုက်ပါပြီး ယာဉ်ထိန်းရဲနဲ့ ကင်မရာတွေရန်က ကာကွယ်ပေးရပါတယ်။
၅။ ဓါတ်လှေကားမောင်းသူ
ကမ္ဘာ့ပျင်းစရာအကောင်းဆုံးအလုပ် ဖြစ်ပါတယ်။ သင်သွားချင်တဲ့အထပ်နံပါတ်ကို သူကနှိပ်ပေးပါလိမ့်မယ်။
၆။ ဝိုင်အနှစ်စစ်ဆေးသူ
ဝိုင်ပုလင်းတွေကို စင်ပေါ်မှာ စီတင်ထားပေမဲ့ တဖက်ထဲထားလို့ မရပါဘူး အမှုံ၊ အနည်တွေ တဖက်မှာ ထိုင်လာတတ်ပါတယ်။ဒါကြောင့် ဝိုင်ပုလင်းတွေကို လှည့်ပေးရပါတယ်။
ကျွမ်းကျင်အလုပ်သမားဆိုရင် တနေ့ကို ပုလင်း ၅၀၀၀၀ လောက် လှည့်နိုင်တယ်ဆိုပါတယ်။
၇။ အအိပ်ဝန်ထမ်း
သင် အလုပ်ထဲ အိပ်နေရင် အလုပ်ထုတ်ခံရပါလိမ့်မယ်။ သူတို့ကတော့ အိပ်နေယုံပါဘဲ။မွေ့ယာထုပ်လုပ်သူတွေက သူတို့မွေ့ယာကို ကောင်းမကောင်းစစ်ဆေးဖို့ ဒီဝန်ထမ်းတွေခန့်ထားရတာဖြစ်ပါတယ်။
၈။ တိလေးတွေရဲ့ စိတ်ဆရာဝန်
တစ်ခါတစ်လေမှာ အိမ်က တိလေးတွေ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေလုပ်တတ်ကြပါတယ်။ဒါဟာ စိတ်ဖိစီးမှုကြောင့်လို့ ဆိုပါတယ်။
ဒါကြောင့် အိမ်မွေးတိရစ္ဆာန်အတွက် စိတ်ရောဂါဆရာဝန်ဆိုတာ ရှိလာတာဖြစ်ပါတယ်။
၉။ အိုလံပစ်ပြိုင်ပွဲက အသက်ကယ်သမား
ရီယိုမြို့မှာ အိုလံပစ်ရေကူးပြိုင်ပွဲ ကျင်းပစဉ်က ရေနစ်သူကို ကယ်ဖို့ ခန့်ထားခဲ့တာပါ။ Anderson Fertes ဆိုသူ ဝန်ထမ်းက ” တကယ်တော့ ကျနော်တို့ကို မလိုဘူးလို့ သူတို့က ထင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ သူတို့လိုအပ်လိမ့်မယ်လို့ ထင်ပါတယ် ” တဲ့။
၁၀။ ရေငုပ်ဂေါက်သီးရှာသူ
ဂေါက်ကွင်းတွေမှာ ရေကန်တွေ ချောင်းတွေ တွေ့ဖူးပါလိမ့်မယ်။ ဒီထဲကို ကျသွားတဲ့ ဂေါက်သီးတွေကို ရှာဖွေပေးသူ ဝန်ထမ်းတွေ ရှိပါတယ်။
၁၁။ တိရစ္ဆာန်အစာစစ်ဆေးသူ
တိရစ္ဆာန်အစာတောင် အင်စပက်တာ ရှိပါတယ်။ အရည်အသွေးကောင်း၊မကောင်းပေါ့။ ဘယ်လိုများ စစ်ပါလိမ့်။ စားကြည့်တာတော့ မဟုတ်လောက်ပါဘူးနော်။
၁၂။ ဒိုင်နိုဆော အရိုး သန့်ရှင်းရေးသမား
ပြတိုက်တွေမှာပြသထားတဲ့ ဒိုင်နိုဆော အရိုးတွေဟာ ကြီးမားပြီး ဖုန်ကပ်လွယ်ပါတယ်။ ဒါကို ကျွမ်းကျင်သူမှသာ စနစ်တကျ သန့်ရှင်းပေးနိုင်ပါလိမ့်မယ်။ သင်တန်းတွေ ဘာတွေ တက်ပြီးမှသာ ဒီအလုပ်ရမှာပါ။
၁၃။ မျောက်ပျင်းထိန်း
Sloth လို့ခေါ်တဲ့ မျောက်တစ်မျိုးဟာ နှေးကွေးစွာ လှုပ်ရှားတတ်ပါတယ်။ ဒီကောင်တွေကို ထိမ်းကျောင်းလေ့ကျင့်ရတဲ့သူဟာ အထူးကျွမ်းကျင်သူမှဖြစ်မှာပါ။
စိတ်လည်း တော်တော်ရှည်မှ ရပါလိမ့်မယ်။ ကိုစတာရီကာနိုင်ငံမှာ ဖြစ်ပါတယ်။
၁၄။ ရေလွှာလျော စစ်ဆေးသူ
ရေလွှာလျောတွေ ချောမွေ့စွာ လျောဆင်းနိုင်ရဲ့လားဆိုတာ သူက အရင်လျောစီးပြီး စစ်ဆေးရပါသတဲ့။
၁၅။ တောင်းပန်သူ ( Apologizer )
ဂျပန်လူမျိုးတွေဟာ အလုပ်အလွန်များသူတွေဖြစ်တာ ပြောစရာမလိုဘူးထင်ပါတယ်။
အဲ့လို အလုပ်များလို့ လူမှုရေးကိစ္စတွေ လစ်ဟင်းပျက်ကွက်မှုတွေ အတွက် ကိုယ်စား တောင်းပန်ပေးတဲ့ အလုပ်ဖြစ်ပါတယ်။
၁၆။ စကားပြန်
သိပ်မထူးဆန်းဘူးထင်ရပေမဲ့ ကိုစတာရီကာမှာတော့ ဝင်ငွေကောင်းပါတယ်။ စပိန်ဘာသာကနေ အင်္ဂလိပ်လို ပြန်ပေးရမှာ ဖြစ်ပါတယ်။
ကဲအခုကတော့ ကမ္ဘာတလွှားက ထူးခြားတဲ့အလုပ်တွေပါ။ စာရှုသူတို့ရော ထူးခြားတဲ့အလုပ်တွေ ကြားဖူးရင် မန့်ခဲ့ကြပါအုံးနော်။
တချို့သော အလုပ်တွေက မြန်မာပြည်နဲ့ ဆင်တူတာတွေ ရှိပါတယ်။ ရထားပေါ်တွန်းတင်တဲ့ အလုပ်ဆိုရင် မှောင်ခိုခေတ် မော်လမြိုင် ရထားစီးဖူးသူတွေ သိကြမှာပါ။
ကျေးဇူးတင်ပါတယ်။
Knight News Team