လေယာဉ် အမြီးပိုင်းကို ဘယ်လိုခေါ်သလဲ

လေယာဉ် အမြီးပိုင်းကို ဘယ်လိုခေါ်သလဲ

လေယာဉ်တစ်စီးရဲ့ အမြီးပိုင်းကို ကြည့်လိုက်ရင် ဒေါင်လိုက်ရော၊ အလျားလိုက်ရော ကြီးမားတဲ့ အတက်အလက်တွေကို တွေ့ရမှာပါ။

ဒေါင်လိုက်အတက်ကို Rudder လို့ ခေါ်ပါတယ်။ သင်္ဘောရဲ့ တက်မလိုပါဘဲ။ သူကလေယာဉ်ကို ဘေးတိုက်ရွေ့လျားမှု (Yaw ) မဖြစ်အောင် ထိန်းပါတယ်။

လေယာဉ်မှူးရဲ့ ခြေနင်းနှစ်ခုနဲ့ တိုက်ရိုက်သော်၎င်း သွယ်ဝိုက် (လျှပ်စစ်မော်တာ) နည်းနဲ့ လည်းကောင်း ထိန်းပြီး ဘယ်ညာ ရွေ့လျားနိုင်ပါတယ်။

အလျားလိုက် အတက်ကတော့ Elevator လို့ ခေါ်ပါတယ်။ ဘယ်ညာ နှစ်ဖက်ပါရှိပြီး အပေါ်အောက် လှုပ်ရှားပါတယ်။

လေယာဉ် ရဲ့ Pitch လို့ ခေါ်တဲ့ အပေါ်တက်၊အောက်ဆင်း လှုပ်ရှားရာမှာ သုံးပါတယ်။ လေယာဉ်မှူးရဲ့ လက်ကိုင်ကို ဆွဲခြင်း၊တွန်းခြင်း ပြုလုပ်ရင် သူ့ကို လှုပ်ရှားစေပါတယ်။

ဒီအစိတ်အပိုင်း အားလုံးပေါင်းထားတဲ့ အမြီးပိုင်းကို Empennage လို့ ခေါ်ကြပါတယ်။ ပြင်သစ်စကားပါ။ အဓိပ္ပါယ်က မြှားနောက်က ငှက်မွှေး ( feathers of arrow ) လို့ဆိုပါတယ်။

မြှားကို ဖြောင့်တန်းစွာသွားဖို့ ငှက်မွှေးက အထောက်အကူ ပေးသလို လေယာဉ် လေထဲမှာ တည်ငြိမ်စွာ သွားနိုင်ဖို့ Empennage က ထိန်းပေးတယ်လို့ ဆိုနိုင်ပါတယ်ခများ။

Rudder နဲ့ Elevators တွေဟာ ထုထည်ကြီးမားတာကြောင့် အပိုအတက်တွေ တပ်ဆင်ပြီး တစ်ခုလုံးလှုပ်ရှားမဲ့အစား အတက်ပိုလေးကိုပဲ လှုပ်ရှားစေပြီး လိုချင်တဲ့ ထောင့်အရွေ့ရအောင် လုပ်နိုင်ပါတယ်။

ဒါကိုတော့ Trim tab လို့ ခေါ်ပါတယ်။ Rudder trim tab, Elevator trimtabs စသဖြင့်ပေါ့။

နောက်တခါတော့ လေယာဉ်ရဲ့အတောင်အကြောင်းလေး ဆက်ပါမယ်။

Knight News Team

Leave a Reply

Your email address will not be published.