ကမ္ဘာမြေပြင်က နိဗ္ဗာန်ဘုံများ ခစားရာ နိုင်ငံ (သို့) ဆွစ်ဇာလန်

ကမ္ဘာမြေပြင်က နိဗ္ဗာန်ဘုံများခစားရာ နိုင်ငံ (သို့) ဆွစ်ဇာလန်

ကမ္ဘာပေါ်က အလှပဆုံး နိုင်ငံတွေအကြောင်း ဆွေးနွေးကြတဲ့အခါ ဆွစ်ဇာလန်နိုင်ငံဟာ မဖြစ်မနေ ထည့်သွင်းရမယ့် နိုင်ငံတစ်ခု ဖြစ်ပါတယ်။

ကုန်းပြင်မြင့်တွေနဲ့ တောင်တန်းအလှတွေ၊ တသွင်သွင်စီးဆင်းနေတဲ့ မြစ်ချောင်းတွေနဲ့ ကျေးလက်ဒေသက ရှုမငြီးနိုင်တဲ့ အလှတရားတွေဟာ ဆွစ်ဇာလန်နိုင်ငံကို ကမ္ဘာ့အလှဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်စေခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ(Swiss Confederation) ဟာ အနောက်ဥရောပ အလယ်ပိုင်းနဲ့ တောင်ပိုင်းတို့ရဲ့ ပေါင်းဆုံရာ ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပြီး Bern မှာ အခြေစိုက်သော ဖက်ဒရယ်အာဏာပိုင်များမှ နယ်မြေ ၂၆ ခုဖြင့် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်သမ္မတနိုင်ငံ ဖြစ်ပါတယ်။

ဆွစ်ဇာလန်ဟာ တောင်ဘက်တွင် အီတလီ၊ အနောက်ဘက်တွင် ပြင်သစ်၊ မြောက်ဘက်တွင် ဂျာမနီ၊ သြစတြီးယားနဲ့ အရှေ့ဘက်မှာတော့ လက်ချင်စတိန်းနိုင်ငံတို့နဲ့ နယ်နိမိတ် ထိစပ်နေပါတယ်။

နိုင်ငံကို ဆွစ်ကုန်းပြင်မြင့်အဖြစ် Alps, Jura တို့နဲ့ ပထဝီဝင်အနေအထားအရ ပိုင်းခြားထားပါတယ်။

အဲလ်ပ်တောင်တန်းများဟာ နိုင်ငံရဲ့ပထဝီ အနေအထားအရ ပို၍နေရာယူထားကြပေမဲ့လည်း ခန့်မှန်းခြေအားဖြင့် ၈.၇ သန်းရှိသော ဆွဇ်ဇာလန်လူဦးရေဟာ ကုန်းပြင်မြင့်ပေါ်မှာပဲ အများအားဖြင့် နေထိုင်အခြေချကြပါတယ်။

အကြီးဆုံးမြို့များနဲ့ စီးပွားရေးအချက်အချာများဖြစ်တဲ့ ဇူးရစ်ခ်ျ၊ ဂျနီဗာနဲ့ ဘေဆယ် တို့မှာတော့ WTO၊ WHO ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ရုံးစိုက်ရာနေရာများ လည်း ဖြစ်ကြပါတယ်။

ဒါ့အပြင် ILO, FIFA ရဲ့ ဌာနချုပ်၊ကုလသမဂ္ဂရဲ့ ဒုတိယအကြီးဆုံး ရုံး ခန်းနဲ့ နိုင်ငံတကာ အခြေချ နေထိုင်ရေး ဘဏ်ရဲ့ အဓိကရုံးများ၊ ဆွစ်ဇာလန်ရဲ့ အဓိက နိုင်ငံတကာ လေဆိပ်များဟာလည်း ထိုမြို့များမှာပဲ တည်ရှိကြပါတယ်။

ဆွစ်ဇာလန်ရဲ့ ထူးခြားမှုတွေထဲမှာ အလှတရားသာမက၊ ကမ္ဘာ့အငြိမ်းချမ်းဆုံး စစ်မက် မဖြစ်ပွားသော နိုင်ငံတစ်နိုင်ငံအဖြစ်လည်း ကျော်ကြားထင်ရှားပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ ၁၈၁၅ ခုနှစ်မှစ၍ နိုင်ငံတကာစစ်ပွဲတွေကို မဆင်နွှဲခဲ့ဘဲ ၂၀၀၂ ခုနှစ်အထိလည်း ကုလသမဂ္ဂမှာ ပါဝင်ခြင်း မရှိခဲ့ပါဘူး။

မည်သို့ပင်ဆိုစေကာမူ၊ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့သလို ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များမှာလည်း ပါဝင်လေ့ရှိပါတယ်။

ဒါ့အပြင် ဆွစ်ဇာလန်ဟာ ကမ္ဘာပေါ်က ရှေးအကျဆုံးနှင့် လူသိအများဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်တဲ့ ကြက်ခြေနီရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။

ဂျာမန်၊ ပြင်သစ်၊ အီတလီနဲ့ ရိုမန်ရှ်တို့ရဲ့ အဓိက ဘာသာစကားနဲ့ ယဉ်ကျေးမှုဒေသ လေးခုတို့ ထင်ဟပ်နေတဲ့အတိုင်း ဆွစ်ဇာလန်နိုင်ငံဟာ ဂျာမန်နှင့် ရိုမန်ဥရောပရဲ့ လမ်းဆုံ လမ်းခွများကို သိမ်းပိုက်ထားပါတယ်။

လူဦးရေအများစုဟာ ဂျာမန်ဘာသာစကားကို အသုံးပြုကြပေမဲ့ ဆွစ်ဇာလန် အမျိုးသားရေး လက္ခဏာဟာ ဘုံသမိုင်းနောက်ခံ၊ ဖက်ဒရယ်စနစ်နှင့် တိုက်ရိုက်ဒီမိုကရေစီ သင်္ကေတများကဲ့သို့သော မျှဝေတန်ဖိုးများပေါ် အမြစ်တွယ်နေပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံဟာ အရွယ်ရောက်ပြီးသူ တစ်ဦးလျှင် အမည်ခံကြွယ်ဝမှု အမြင့်မားဆုံးနဲ့ ပြည်တွင်း ထုတ်ကုန်အမြင့်ဆုံး အဌမမြောက် နိုင်ငံဖြစ်ပါတယ်။

စီးပွားရေးအရ ရင်ဘောင်တန်းနိုင်မှုတွေနဲ့ လူသားဖွံ့ဖြိုးတိုးတက်မှု အပါအဝင် နိုင်ငံတကာ တိုင်းတာမှုအချို့မှာ မြင့်မားစွာ အဆင့်သတ်မှတ်ခံထားရတဲ့ နိုင်ငံလည်းဖြစ်တယ်။

ဇူးရစ်ခ်ျ၊ ဂျနီဗာနှင့် ဘေဆယ်ကဲ့သို့သော မြို့များဟာ လူနေမှုဘဝ အရည်အသွေးအရ ကမ္ဘာပေါ်က အမြင့်မားဆုံးသော မြို့များထဲတွင် ပါဝင်ကြသလို ကမ္ဘာပေါ်က နေထိုင်မှု စရိတ်စက အမြင့်ဆုံးမြို့များလည်း ဖြစ်ကြပါတယ်။

ဒီလိုအချက်တွေကြောင့် ဆွစ်ဇာလန်ဟာ တစ်ကမ္ဘာလုံးမှာ ပဉ္စမမြောက် ယှဉ်ပြိုင်မှုအရှိဆုံး နိုင်ငံအဖြစ် အဆင့် သတ်မှတ်ခံထားရတာပါ။

ဒါ့အပြင် ဆွစ်ဇာလန်ဟာ တောင်ဘက်က ဆွစ်အဲလ်ပ်တောင်များရဲ့ အလှ၊ ဆွစ်ကုန်းပြင်မြင့်ရဲ့ အလှနဲ့ အနောက်ဘက်ရှိ Jura တောင်တန်းများရဲ့ အလှတရားတွေ လွှမ်းခြုံနေတဲ့ မျက်စိပဒေသ အဖြစ်ရဆုံး နိုင်ငံလည်း ဖြစ်နေပါတယ်။

ရေကန်ပေါင်း ၁၅၀၀ ကျော်နဲ့ ရေခဲမြစ်တွေကိုလည်း မြင်တွေ့ခံစားနိုင်ပြီး တောင်တန်းအရေအတွက် စုစုပေါင်း ၄၈ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ဒါကြောင့် လှပသော ချိုင့်ဝှမ်းများနဲ့ ရှည်လျားတဲ့ တောင်တန်းဒေသတို့ ပိုင်ဆိုင်ထားသလို အလွန်တရာ လှပလွန်းတဲ့ တောင်ကုန်းရှုခင်းများ ရှိပြီး သစ်တောများ၊ စားကျက်များ၊ သစ်သီးခင်းများကိုလည်း တောင်ကုန်းနဲ့ ချိုင့်ဝှမ်းဒေသတွေမှာ တွေ့ရတတ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံယာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာလည်း နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ပထမနေရာမှာ ရပ်တည်နေတာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အလှအပများနဲ့ ကမ္ဘာလှည့်ခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး ထိပ်တန်းနိုင်ငံဖြစ်ပါတယ်။

ဒီလို ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ထားနိုင်တာကြောင့် ကမ္ဘာမြေပြင်က နိဗ္ဗာန်ဘုံများ စုဝေးရာ အရပ်အဖြစ်လည်း အများက သတ်မှတ်ထားကြရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.