၂၀၂၂ ခုနှစ်ရဲ့ အကြီးမားဆုံး လဝန်းကြီးကို သြဂုတ် ၁၁ ရက်နေ့မှာ မြင်တွေ့သွားရမည်ဖြစ်

၂၀၂၂ ခုနှစ်ရဲ့ အကြီးမားဆုံး လဝန်းကြီးကို သြဂုတ် ၁၁ ရက်နေ့မှာ မြင်တွေ့သွားရမည်ဖြစ်

လ တစ်လုံးရဲ့ အရွယ်အစားဟာ တစ်ခါတရံမှာ အခြေအနေတွေကြောင့် သာမန်ထက် ပိုပြီး ကြီးမားကျယ်ပြန့်လာတတ်ပါတယ်။

ဒီလိုမျိုး သာမန်ထက် ပိုပြီး ကြီးမားတဲ့ လကိုတော့ စူပါမွန်းလို့ ခေါ်ကြပါတယ်။

လဟာ သူ့ရဲ့ပတ်လမ်းအတွင်း ကမ္ဘာနှင့် အနီးဆုံးနေရာသို့ ရောက်ရှိလာသောအခါ အရွယ်အစား ပိုမိုကြီးမားပြီး အမြင် တောက်ပလာကာ အများအားဖြင့် ‘စူပါမွန်း’ လို့ လူသိများတဲ့ သာမန်ထက် သိသာထင်ရှားစွာ ကြီးမားတဲ့ လအဖြစ် ဖြစ်ပေါ်လာပါတယ်။

စူပါမွန်းတစ်လုံးဟာ အခြားညတွေရဲ့ လထက် ပိုမိုကြီးမားပြီး ပိုမိုတောက်ပတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားကြပြီး ဒီဖြစ်စဥ်အတွက်လည်း လွယ်ကူတဲ့ ရှင်းပြချက်တစ်ခုရှိပါတယ်။

လရဲ့ ပတ်လမ်းပတ်နေတဲ့ လမ်းကြောင်းဟာ အတိအကျ စက်ဝိုင်းလမ်းကြောင်းအတိုင်း လျှောက်သွားတာ အလွန်ရှားပါတယ်။

လဟာ ကမ္ဘာကို အတိအကျဆိုရရင် ဘဲဥပုံလမ်းကြောင်းအတိုင်း သွားလာနေတာကြောင့် တစ်ခါတစ်ရံ ပိုနီးပြီး တစ်ခါတစ်ရံ ပိုဝေးတဲ့ အနေအထားမှာ ရှိပါတယ်။

လဟာ သူ့ရဲ့ ပတ်လမ်းတစ်လျှောက်မှာ ကျွန်ုပ်တို့ဂြိုဟ်မှ ကီလိုမီတာ 360,000 နှင့် 400,000 ကွာဝေးပြီး လနဲ့ ကမ္ဘာ အနီးဆုံး နေရာဖြစ်တဲ့ Perigee နေရာသို့ လ ရောက်ရှိချိန်မှာ လရဲ့ အရွယ်အစားဟာ သာမန်ထက် သိသာထင်ရှားစွာ ကြီးထွားလာပြီး စူပါမွန်းဖြစ်လာတော့တာပါပဲ။

သမုဒ္ဒရာရဲ့ ဒီရေများဟာ နေနဲ့ လ နှစ်ခုလုံးရဲ့ ဆွဲငင်အားကြောင့် ဖြစ်ပေါ်လာတတ်ပြီး အချို့သော သီအိုရီများအရ စူပါမွန်းများဟာ ကြီးမားတဲ့ ငလျင်လှုပ်ခြင်းနှင့် မီးတောင်ပေါက်ကွဲမှုများကဲ့သို့ သဘာဝဖြစ်ရပ်များကို ဖြစ်ပေါ်စေနိုင်တယ်လို့ အကြံပြုထားကြပါတယ်။

သေချာတာကတော့ စူပါမွန်းဟာ ဒီရေလှိုင်းတွေအပေါ် သက်ရောက်မှုရှိမှာဖြစ်ပြီး ပင်လယ်ပြင်တွေမှာ လှိုင်းထန်နိုင်ပြီး ရေမျက်နှာပြင် မြင့်တက်တာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

ယခုချိန်မှာလည်း ကမ္ဘာ့နေရာ အများအပြားမှာ ရှည်လျားလွန်းတဲ့ ညတာတွေကို ဖြတ်သန်းနေခဲ့ရပြီး ယခုနှစ်ရဲ့ နောက်ဆုံး စူပါမွန်းဟာလည်း ကြာသပတေးနေ့ (သြဂုတ် 11 ရက်) မှာ ကြီးမားတဲ့ လှိုင်းလုံးကြီးတစ်ခုနဲ့အတူ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

“Sturgeon Moon” လို့ အမည်ပြောင်ပေးထားတဲ့ သြဂုတ်လရဲ့ ကမ္ဘာ့ အကြီးမားဆုံး လပြည့်ညကိုတော့ ကမ္ဘာ့ဒေသတွေအပေါ် မူတည်ပြီး ဗုဒ္ဓဟူးည မှ သောကြာည (သြဂုတ်လ ၁၀ ရက် မှ ဩဂုတ်လ ၁၂ ရက်) တို့မှာ လူသားတွေအနေနဲ့ ခံစားရမှာဖြစ်ကြောင်း သုတေသီတို့က သုံးသပ်ထားကြပါတယ်။

သုတေသီအများစုဟာ ယခု ပေါ်ပေါက်လာမယ့် လကို စူပါမွန်းလို့ ယူဆကြပြီး၊ လဟာ လက်ရှိပတ်လမ်းကြောင်းအတွင်း ကမ္ဘာနှင့် အနီးဆုံးနေရာ ရောက်ချိန်မှာ ကြီးမားလှတဲ့ လပြည့်ကြီးကို ဖြစ်ပေါ်စေမယ်လို့ ယူဆထားကြပါတယ်။

ဒါကြောင့် Sturgeon လကြီးဟာ ကမ္ဘာမြေပြင်နဲ့ အနီးစပ်ဆုံး အကွာအဝေး 90% အတွင်းမှာ ပေါ်လာမည်ဖြစ်ပြီး သိပ္ပံနည်းကျ အဓိပ္ပါယ်ဖွင့်ဆိုချက်အများစုအရ Sturgeon လကြီးရဲ့ အရွယ်အစားဟာ ပျမ်းမျှလပြည့်ညထက် ကောင်းကင်မှာ 16% ပိုကြီးပြီး တောက်ပနေနိုင်ကြောင်း သိရပါတယ်။

ယခု လဟာ ဇူလိုင်လမှာ နောက်ဆုံးပေါ်ပေါက်ခဲ့တဲ့ Buck Moon ပြီးနောက် ၂၀၂၂ ခုနှစ်ရဲ့ စတုတ္ထမြောက် စူပါမွန်းဖြစ်လာမှာဖြစ်သလို ဇွန်လမှာတော့ စတော်ဘယ်ရီလ၊ မေလမှာ လကြတ်ခြင်းအဖြစ် ပေါ်ပေါက်လာခဲ့တဲ့ ပန်းလတို့နောက် ၄ လ ဆက်တိုက် ဖြစ်ပေါ်လာတဲ့ စူပါမွန်းဖြစ်ပါတယ်။

Sturgeon Moon ရဲ့ အမည်ဟာ မြောက်အမေရိက အရှေ့ပိုင်းရှိ Algonquin မျိုးနွယ်စုများမှ ဆင်းသက်လာကာ ယခုနှစ်မှာ စတီဂျင်ငါးကြီးများဟာ Great Lakes မှာ ပိုမိုဖမ်းမိခဲ့ရတာကြောင့် အခု ပေါ်ပေါက်လာမယ့် လကို အခုလို ဆန်းသစ်တဲ့ နာမည်မျိုး ပေးထားတာလို့လည်း သိပါတယ်။

နေ၊ ကမ္ဘာနှင့် လတို့ဟာ မမြင်နိုင်သော ၁၈၀ ဒီဂရီ မျဉ်းပေါ်၌ တဖြောင့်ထဲ လတစ်လလျှင် တစ်ကြိမ်ခန့် ဖြစ်ပေါ်တတ်ပါတယ်။

လရဲ့ ပတ်လမ်းဟာ ကမ္ဘာနှင့် ၅ ဒီဂရီခန့် ကွာခြားတာကြောင့် များသောအားဖြင့် ကမ္ဘာရဲ့ အရိပ်ထက် အနည်းငယ်မြင့်သော သို့မဟုတ် နိမ့်သောကြောင့် နေရဲ့ ရောင်ခြည်များယာ ကမ္ဘာကို မျက်နှာမူသောဘက်ခြမ်းကို ခပ်လင်းလင်း တောက်ပစေတာဖြစ်ပါတယ်။

စူပါမွန်းများဟာ လရဲ့ အမှိန်ဆုံးအချိန်ထက် ကမ္ဘာပေါ်မှာ အလင်းအား 30% ခန့် ပိုထုတ်လွှတ်နိုင်ပါတယ်။

အဘယ်ကြောင့်ဆိုသော် လဟာ ကမ္ဘာနဲ့ ပိုမိုနီးကပ်လာတာနဲ့အတူ လမျက်နှာပြင်ပေါ်မှ ရောင်ပြန်ဟပ်နေတဲ့ နေရဲ့ ရောင်ခြည်များဟာ ကမ္ဘာမြေသို့ ရောက်ရှိသွားတာကြောင့်ပါပဲ။

လာမယ့် ရက်အနည်းငယ်အတွင်းမှာ ပေါ်လာမယ့် စူပါမွန်းကတော့ အခုနှစ်ရဲ့ အကြီးဆုံးနဲ့ နောက်ဆုံး ဖြစ်ပြီး ရာစုနှစ်ရဲ့ အနီးကပ်ဆုံး စူပါမွန်းကိုတော့ ၂၀၅၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြင်တွေ့သွားရမှာပါ။

Knight News Team

Leave a Reply

Your email address will not be published.