သနားစရာ ကမ္ဘာ့ အရပ်အရှည်ဆုံးလူသား

သနားစရာ ကမ္ဘာ့ အရပ်အရှည်ဆုံးလူသား

သူ့အမည်က Robert Wadlow ဖြစ်ပြီး သူ့ကို အယ်တန် ဘီလူးကြီး (Alton Giant) လို့ ချစ်စနိုး ခေါ်ကြပါတယ်။

သူ့ကို ကမ္ဘာ့အရပ်အရှည်ဆုံးလူသားအဖြစ် တရားဝင်အသိအမှတ်ပြု ထားကြပါတယ်။ သူ့ဘဝဟာ တိုတောင်းပြီး ခက်ခဲကြမ်းတမ်းခဲ့ရှာပါတယ်။

၁၉၁၈ ခုနှစ်မှာ မိခင်ဖြစ်သူဟာ သူ့ကို အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်၊ အယ်လ်တန်မြို့မှာ ကျန်းမာစွာ မွေးဖွားခဲ့ပါတယ်။ ဒီနောက်မှာတော့ သူဟာ မမျှော်လင့်လောက်အောင် ကြီးထွားလာခဲ့ပါတယ်။

၆ လသားအရွယ်မှာ သူဂာ ပေါင် ၃၀ ထိ ရှိလာပါတယ်။ သူ့ရဲ့ ပထမဆုံးမွေးနေ့မှာ ၄၅ ပေါင် ဖြစ်နေပါပြီ။ အရပ်ကလဲ ၃ ပေနဲ့ ၃ ဒသမ ၅ လက်မ ရှိပါတယ်။

သူမူလတန်းတက်ချိန်မှာ သူ့အတွက် ခုံကို အထူးပြုလုပ်ပေးရပါတယ်။ အသက် ၁၃ နှစ်မှာတော့ သူဟာ အရပ် ၇ ပေ ၄ လက်မနဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး ကင်းထောက်လူငယ် အဖွဲ့ဝင် ဖြစ်လာပါတယ်။

သူ့အသက် ၁၇ နှစ်မှာ အရပ်က ၈ ပေ ၄ လက်မဖြစ်ပြီး ကမ္ဘာ့စံချိန်ဝင် ဖြစ်ခဲ့ပါတယ်။သူ့မိဘတွေဟာ သူ့အတွက်စိတ်ပူနေရပါပြီ။ ဆရာဝန် စမ်းသပ်ချက်အရ သူ့ရဲ့ ပီကျူထရီဂလင်းဟာ ခန္ဒာကိုယ်နဲ့လိုက်ပြီး မကြီးထွားနိုင်ပါဘူး။

ဒါကြောင့် ဂလင်းဟာ ခန္ဒာကိုယ်ကြီထွားစေတဲ့ ဟော်မုန်းတွေကို အဆမတန် ထုတ်နေပါတယ်။ဒီအကျိုးဆက်က သူ့ကို အလွန် ထွားကြိုင်းစေတာ ဖြစ်ပါတယ်။

သူ့ရဲ့မိဘတွေဟာ သားဖြစ်သူကို ပုံမှန်ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားကြပါတယ်။ Wadlow ဟာ ဆယ်‌ကျော်သက်တံဆိပ်ခေါင်းစုတာ ဓါတ်ပုံရိုက်တာ ဝါသနာပါပါတယ်။

ကင်းထောက်အဖွဲ့မှာလဲ တက်ကြွစွာပါဝင်ခဲ့ပါတယ်။ Shurtleff ကောလိပ်မှာ ဥပဒေ ဘာသာရပ်ကို တက်ရောက်ဖို့တောင် စာရင်းသွင်းခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့မြင့်လွန်းတဲ့ အရပ်ကြောင့် ပြဿနာ ဖြစ်ခဲ့ပါတယ်။ သူ့ရဲခြေထောက်တွေဟာ ထုံနေခဲ့ပြီး ခံစားမှုနည်းနေပါတာ်။ သူက ဘီးတပ်ကုလားထိုင်နဲ့နေဖို့ကို ငြင်းဆိုခဲ့ပါတယ်။လမ်းလျောက်ရတာကို ပိုကြိုက်ပါတယ်တဲ့။

၁၉၃၆ ခုနှစ်မှာ သူဟာ Ringling brothers ဆိုတဲ့အဖွဲ့ကို သတိပြုမိခဲ့ပါတယ်။ အဖွဲ့က နယ်လှည့်ဆပ်ကပ် အဖွဲ့ပါ။ သူတို့က Wadlow ကို သူတို့အဖွဲ့နဲ့ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။

သူ့ကို ပွဲထုတ်ပြတဲ့အခါ ပရိတ်သတ်များစွာ ကြည့်ရှုခဲ့ကြပါတယ်။ သူက တခြားဆယ်လီတွေနဲ့ ကွဲပြားစွာ နာမည်ကြီးပါတယ်။

၁၉၃၈ ခုနှစ်မှာတော့ Peter ဆိုတဲ့ ရှူးဖိနပ်ကုမ္ပဏီက သူ့ကို အလုပ်တစ်ခုကမ်းလှမ်းပါတယ်။ ကြော်ငြာ ကဏ္ဌမှာ သူနေရာရခဲ့ပါတယ်။

အပြန်အလှန်အနေနဲ့ သူ့အတွက် 37AA ဆိုဒ် ဖိနပ်ကို ရခဲ့ပါတယ်။ သူ့အဖေဟာ သူကားစီနိုင်ဖို့ ရှေ့ခုံတစ်လုံးကို ဖြုတ်ပေးခဲ့ရပါတယ်။ ဒါမှသူနောက်ကထိုင်လို့ ရပါတယ်။

သူဟာ လမ်းလျောက်ရတာ ပိုမိုခက်ခဲလာပါတယ်။ ခြေထောက်ကို ပတ်တီးအထပ်ထပ်ပတ်မှသာ လမ်းလျောက်နိုင်ပါတော့တယ်။ တကယ်တော့ သူ့ခြေထောက်တွေဟာ ထုံပြီး ခံစားမှု မရှိတော့ပါဘူး။ ပတ်တီးကြောင့် အနာဖြစ်ပြီး ခြေထောက်တွေ ပြည်တည်လာပါတယ်။

၁၉၄၀ ခုနှစ်မှာတော့ သူ့ကို ဆေးရုံတင်ခဲ့ကြပါတယ်။ သွေးသွင်းကုသပေမဲ့ ကိုယ်ခန္ဒာက အားနည်းတဲ့ ခုခံမှုစနစ်ကြောင့် အလုပ်မဖြစ်ပါဘူး။

၁၉၄၀ ခုနှစ်၊ ဂျူလိုင် ၁၅ မှာ Robert Wadlow ကွယ်လွန်ခဲ့ပါတယ်။အသက် ၂၂ နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး မသေဆုံးခင်အထိ ခန္ဒာကိုယ်က ကြီးထွားနေဆဲပါ။

သူမသေခင် ၁၈ ရက်အလိုမှာ တိုင်းထွာချက်အရ ၈ ပေ ၁၁.၁ လက်မရှိပြီး ပေါင် ၁၀၀၀ လေးပါတယ်။ သူ့အခေါင်းကို လူတစ်ဒါဇင်က မခဲ့ရပါတယ်။

အသုဘအခမ်းအနားကို လူထောင်ချီ တက်ရောက်ခဲ့ပါတယ်။ သူ့ပုံစံတူ၊ အရွယ်တူ ကြေးရုပ်ကို အယ်တန်မြို့မှာ ထုလုပ်ပြသထားပါတယ်။

စာရှုသူရော အယ်တန်မြို့က ကမ္ဘာ့အရပ်အရှည်ဆုံးလူကို ကြားဖူးပါသလားလို့ ။

Knight News Team

Leave a Reply

Your email address will not be published.