“အင်းလေး”ကဲ့သို့ ကမ္ဘာတစ်ဝှမ်းက အလှပဆုံးသော ရေပေါ်မြို့လေးများ
ကမ္ဘာကြီးရဲ့ ဖြစ်တည်နေမှုနဲ့ သဘာဝတရားကိုက သူ့နည်းသူ့ဟန်နဲ့ ဆန်းကြယ်တဲ့ အကြောင်းတရားတွေကို ဖန်တီးပေးနေခဲ့ပြီး အဲ့ဒီအထဲမှာ ရေပေါ်မှာ ဖြစ်တည်လာခဲ့တဲ့ မြို့တွေဟာလည်း အပါအဝင်ပါပဲ။
အနီးစပ်ဆုံး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက အင်းလေးလိုပဲ ကမ္ဘာတစ်ဝှမ်းမှာ ရေပေါ်မြို့ အနည်းငယ် တည်ရှိနေကြပါတယ်။
အဲ့ဒီအထဲမှာမှ အလှပဆုံး၊ သွားရောက် အလည်ပတ်သင့်ဆုံးသော မြို့လေးတွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
၁။ ဝူဇမ်မြို့၊ တရုတ်နိုင်ငံ
ထူးထူးခြားခြား သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ Wuzhen Water Town ဟာ တရုတ်နိုင်ငံမှာ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။
နှစ်ပေါင်း ၁,၃၀၀ သက်တမ်းရှိ မြို့ဟာ အခြားသောရှေးဟောင်းမြို့ သုံးမြို့ဖြစ်တဲ့ Shanghai, Hangzhou နဲ့ Suzhou တို့ရဲ့ ရွှေတြိဂံအလယ်မှာ တည်ရှိပါတယ်။
အိမ်ဟောင်းများ၊ ဘားများနှင့် ခမ်းနားသော ဘုရားကျောင်းများ အပါအဝင် တရုတ်ရိုးရာ ဗိသုကာလက်ရာများရဲ့ နမူနာများကို ဤနေရာတွင် ကြည့်ရှုနိုင်ပါတယ်။
ရေမြောင်းများက ဤမြို့ကို လှပစွာ ဘောင်ခတ်ထားပြီး တူးမြောင်းရဲ့ လမ်းမီးများ ထွန်းညှိလိုက်တဲ့အခါ မှော်ဆန်ပြီး လှပတဲ့ ပတ်ဝန်းကျင် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပါတယ်။
၂။ လင်ဒေါ၊ ဂျာမနီနိုင်ငံ
ဤ Bavarian မြို့ ကျွန်းကို လှပလွန်းတဲ့ ဆိပ်ကမ်းခေးဖြင့် ဘောင်ခတ်ထားပါတယ်။ ဂျာမနီရှိ Lindau မြို့ဟာ သူ့ရဲ့ ထူးခြားပြီး လှပတဲ့ ရှုခင်းတွေကြောင့် တူးမြောင်းမြို့ရဲ့ အလှကို ထင်ရှားစေပပါတယ်။
လှပတဲ့ မီးပြတိုက်များကလည်း မြို့တော်ကို အပြည့်အ၀ ဘောင်ခတ်ပေးထားတာကြောင့် ကမ္ဘာ့ အလှပဆုံး အံ့ဖွယ်တစ်ခု ဖြစ်ပါတယ်။
ရေကန်ကို ပိုင်းခြားပြီး မြို့ကို ရေပေါ်မှာ မျောပါသွားသလို ထင်ရတဲ့ ဘုတ်လမ်းက မြို့ကို ဖုံးအုပ်ထားတယ်။
ဆိပ်ကမ်းကနေ မြို့တွင်းအထိ လမ်းလျှောက်ရင်းနဲ့ လှပတဲ့ ဂျာမန်မြို့လေးတစ်မြို့ကို တွေ့မြင်ရမှာဖြစ်သလို Lindau ရဲ့ ကျောက်တုံးလမ်းများက ဒေသခံဈေးများနဲ့ လမ်းဘေးဈေးသည်များနဲ့ ပြည့်နေတတ်တယ်။
သပ်ရပ်လှပတဲ့ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့်အတူ ဥရောပရှေးဟောင်း ဗိသုကာလက်ရာများဟာ ခရီးသွားချစ်သူတို့အတွက် ချစ်စရာကောင်းမယ့် မြင်ကွင်းတစ်ခုဖြစ်ပြီး ထောင့်တိုင်းမှာလည်း ထူးဆန်းသောအိမ်များနှင့် တာဝါတိုင်များရှိနေပါတယ်။
၃။ အင်းလေးမြို့၊ မြန်မာနိုင်ငံ
မြန်မာနိုင်ငံရှိ အင်းလေးကန်ဟာ ရေပေါ်၌ ပြန့်ကျဲနေသော ရေပေါ်ဥယျာဉ်များ ရှိပြီး ဒေသခံများရဲ့ ဒေသထွက်ကုန်များ စိုက်ပျိုးရာ နေရာဖြစ်ပါတယ်။
မြို့ရဲ့ ဗိသုကာ လက်ရာအများစုဟာ ရိုးရှင်းပြီး သဘာဝရှုခင်းများ အလွန်ပါဝင်နေပါတယ်။ သစ်သားဖြင့်ဆောက်လုပ်ထားတဲ့ တဲအိမ်များနှင့် ဝါးခုံးတိုင်များပေါ်မှာ ရေပေါ်၌ ဆောက်လုပ်ထားတဲ့ အိမ်များရှိတယ်။
အင်းလေးကန်အတွင်း နေထိုင်သူများဟာ လှေဖြင့် ခရီးတစ်ခုမှ တစ်နေရာသို့ ရွက်လွှင့်ကြပါတယ်။
ထူထပ်သော အသီးအရွက်များဟာ ရေလမ်းကို ဖုံးလွှမ်းနေတာကြောင့် လှေလှော်ရန် ခက်ခဲသဖြင့် အင်းသာဒေသခံများက လှော်တက်များကို ပိုမိုကောင်းမွန်စွာ ဆုပ်ကိုင်နိုင်ရန် လှေများကို ခြေထောက်ဖြင့် လှော်လေ့ရှိကြပါတယ်။
လယ်ယာမြေနဲ့ ရေပေါ်ဥယျာဉ်များမှ ကောက်ပဲသီးနှံများ ရိတ်သိမ်းခြင်းနှင့်အတူ စပါးတန်ချိန် စိုက်ပျိုးမှုလည်း ရှိနေသည်။ အင်းလေးကန်ရဲ့ အထက်မှာ လွင့်မျောနေတဲ့ မြို့ဟာ အံ့မခန်းရုံသာမက အင်းသာ ယဉ်ကျေးမှုအတွက်ပါ အံ့မခန်းပါပဲ။
ပြည်တွင်းဖြစ် ပစ္စည်းများ၊ လက်လုပ်အထည်များနှင့် ပန်းပုလက်ရာများအပြင် အလတ်ဆတ်ဆုံးသော ဟင်းလျာများကို ပြည်မကြီးရှိ သာယာသော ဟိုတယ်များမှာ စားသုံးနိုင်သလို ရေပေါ်၌ လှေများဖြင့် ရောင်းဝယ်ဖောက်ကားတဲ့ ရေပေါ်ဈေးဟာလည်း ကမ္ဘာကျော်ပါတယ်။
ဒါကြောင့် အင်းလေးကန်ဟာ အမှန်တကယ်ကို ဤအံ့ဖွယ်မြို့လေးရဲ့ အသက်သွေးကြောဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ်မြို့လေးတစ်မြို့ ဖြစ်နေပါတယ်။
၄။ ဘရူးဂပ်စ်၊ ဘယ်လ်ဂျီယံနိုင်ငံ
မြို့လမ်းကြောင်းအတိုင်း စီးဆင်းနေသော တူးမြောင်းများရှိတဲ့ ဗစ်တိုးရီးယားမြို့၊ Bruges ဟာ လက်မလွှတ်သင့်တဲ့ ခရီးသွားနေရာတစ်ခုဖြစ်ပါတယ်။
Bruges တူးမြောင်းများတစ်လျှောက် ကြွယ်ဝသော ဘယ်လ်ဂျီယံ သမိုင်းကြောင်းများ ပြည့်နှက်နေတဲ့ Elizabethan အဆောက်အအုံဟောင်းများ တွေ့မြင်နိုင်ပါတယ်။
အချို့သော အပန်းဖြေစရာနေရာများကို လှေဖြင့်သာ ဝင်ရောက်နိုင်တာကြောင့် ဒီ ခပ်ဝေးဝေးက နေရာတွေဟာ ပိုပြီး ဆွဲဆောင်နိုင်ကြပါတယ်။
ကိုယ်ပိုင်ဥယျာဉ်များသို့ ရွက်လွှင့် ဆိုက်ကပ်ပြီး ၎င်းတို့ အနီးတစ်ဝိုက်မှာ လမ်းလျှောက်ရတာဟာလည်း အံ့မခန်းပါ။
၅။ ဖလောရက်စ်၊ ဂွာတီမာလာ
Flores ကလည်း လာရောက်လည်ပတ်သင့်တဲ့ ရေပေါ်မြို့ဖြစ်ပါတယ်။ ကျွန်းရဲ့ ကောင်းကင်မြင့် မြင်ကွင်းဟာ ဒီမြို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပါ။
လက်တင်အမေရိက မြို့များဟာ များသောအားဖြင့် အရောင်အသွေးစုံသော ဗိသုကာလက်ရာများရှိပြီး ကျွန်းရဲ့ အဆောက်အဦများကလည် လှပတဲ့ အသွေးအရောင် အမျိုးမျိုးရှိပါတယ်။
အရသာရှိတဲ့ ဂွါတီမာလာ အစားအစာများဟာ မြို့တွင်းရှိ ကျောက်တုံးလမ်းများ၊ ဒေသခံငါးများ၊ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ စားသုံးကုန်များနဲ့ ပြည့်နှက်နေတယ်။
ထို့အပြင် အိမ်လုပ်ပေါင်မုန့်ကြော်မှ အရသာရှိတဲ့ ဗာဒံကိတ်များ အထိ အရသာများစွာပါဝင်တဲ့ လမ်းဘေး အစားအစာတွေဟာ ဒီရေပေါ်မြို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေပါပဲ။
၆။ ဂိက်သွန်း၊ နယ်သာလန်နိုင်ငံ
ဗင်းနစ်မြို့ရဲ့ ဥရောပဘဝ အရသာကို ခံစားလိုပါက Giethoorn ဟာ အသင့်တော်ဆုံး နေရာဖြစ်ပါတယ်။
Giethoorn ဟာ ရေပေါ် ရွာလေးတစ်ရွာဖြစ်ပြီး အိမ်ငယ်လေးများနှင့် သစ်သား တံတားငယ်များဟာ ဤရွာရဲ့ ပုံရိပ်များကို ချစ်စရာကောင်းစေခဲ့ပါတယ်။
အိမ်အများစုဟာ သူတို့ရဲ့ အရှေ့ဘက်မှာ မြက်ခင်းငယ်တစ်ခုမှလွဲ၍ ဘာမှမရှိသော်လည်း တူးမြောင်းများကတော့ မြို့ရဲ့ အခြားအရပ်ဒေသများသို့ သွားလာရန် ရေလမ်းအဖြစ် လုပ်ဆောင်ပေးပါတယ်။
မနက်ခင်းမှာ လှေတစ်စင်းငှားပြီး တူးမြောင်းတွေတစ်လျှောက် ရွက်လွှင့်ကြည့်ပါက ကမ္ဘာ့အလှပဆုံးသော ရှုခင်းသာတွေနဲ့ လတ်ဆတ်တဲ့ လေကို တစ်ဝကြီး ခံစားရမှာပါ။
၇။ မက္ကဆီကယ်တီယန်၊ မက္ကဆီကိုနိုင်ငံ
Mexicaltitan ဟာ “မက္ကဆီကန်ဗင်းနစ်” ဟုခေါ်တဲ့ ရာသီအလိုက် ပရဒိသုကျွန်းတစ်ခုဖြစ်ပါတယ်။
မက္ကဆီကိုကမ်းရိုးတန်းမှာ မိုးရာသီရောက်လာတာနဲ့အမျှ Mexicaltitan ဟာ တူးမြောင်းတွေ ပြည့်နေတဲ့ မြို့ဖြစ်လာပါတယ်။
မြို့တော်ရဲ့ လူသွားစင်္ကြန်များနဲ့ အဓိကလမ်းကြီး ငါးခုဟာ မိုးရေများဖြင့် ပြည့်နှက်နေပြီး မက္ကဆီကို ဒေသခံများက လှေများဖြင့် သွားလာရန် စက်ဘီးများကို လဲလှယ်ကြတယ်။
လက်လုပ်လှေများဟာလည်း လမ်းများတစ်လျှောက်မှာ မျှောနေတတ်ပြီး၊ အကွေ့အကောက်များတဲ့ မက္ကဆီကန်ပုံစံ အိမ်များနှင့် အဆောက်အဦများဟာ လှပသောလှေများဖြင့် ဝန်းရံထားသလိုပါပဲ။
Knight News Team