ညညည်းနက်တဲ့အထိ ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးများ
ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးကလည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။
အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့ မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။
အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။
အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တဖြေးဖြေး ပျက်စီးသွားစေပါတယ်။
အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေနိုင်တော့သလို
လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါများအပြင် အခြားရောဂါများလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။
ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ဝန်ထမ်းများကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။
အခုခေတ်မှာ အင်တာနက်သုံးခြင်းဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြစ်နေတာကြောင့် အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြုနိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ် အသိပေးလိုက်ပါတယ်။
လိုင်းသုံးခြင်းတစ်ခုတည်းမဟုတ်ပဲ အခြား ဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။လူသားအားလုံး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
Credit