ရုရှားတို့ အသည်းအသန်ဝယ်ချင်နေတဲ့ အီရန်ဒရုန်း
ရုရှားသမ္မတ ပူတင်ဟာ မကြာသေးမီက အီရန်ကို သွားရောက်ခဲ့ပါတယ်။ အကြောင်းကတော့ သိသာနေတဲ့ ယူကရိန်းစစ်ပွဲ မအောင်မြင်မှုအတွက် နည်းလမ်းရှာနေပုံရပါတယ်။
စစ်ပွဲကလဲ ငါးလကျော်လာပြီး အခုဆို ခရိုင်းမီးယားက လေတပ်အခြေစိုက်စခန်းတောင် တိုက်ခိုက်ဖျက်ဆီး ခံရတဲ့အထိဖြစ်လာနေပါပြီ။
ယူအက်စ်နဲ့ NATO က ပေးပို့ကူညီတဲ့လက်နက်တွေကလည်း ယူကရိန်းကို အရေးသာစေပါတယ်။ ဒီထဲမှာ တူရကီ ဒရုန်းတွေရဲ့ကဏ္ဍကလဲ အရေးပါပါတယ်။
ရုရှားမှာ ဒရုန်းစွမ်းရည်ဟာ ထင်သလောက် ရှိပုံမရပါဘူး။ ဒါကြောင့် အီရန်ထံက ဒရုန်းဝယ်ယူဖို့ပါ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ခုတင်ပြချင်တာက အီရန်ဒရုန်းက ဘယ်လောက်စွမ်းသလဲဆိုတာပါ။ကြည့်ကြရအောင်နော်။
ရုရှားနဲ့ အီရန်ဟာ ၂၀၁၀ ခုနှစ်လောက်ကတည်းက စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားပြည်တွင်းစစ်မှာ ရုရှားနဲ့အီရန်ဟာ အာဏာရှင် အာဆတ်ဖက်က အတူရပ်တည်ပေးခဲ့ကြပါတယ်။
အီရန်ဟာ စစ်အင်အားတည်ဆောက်နေတာ သိသာပါတယ်။ ဒရုန်းနည်းပညာမှာလဲ သိသာစွာ တိုးတက်လာနေပါတယ်။ဒါကြောင့်လည်း ရုရှားက ရှားပါး မဟာမိတ် အီရန်ထံက ဒရုန်းဝယ်ဖို့ ကြို့းစားနေတာပါ။
အရောင်းအဝယ်ကတော့ ညှိနှိုင်းဆဲဖြစ်ပြီး ကြာအုံးမယ်လို့ ယူဆရပါတယ်။
အီရန်ရဲ့ ဒရုန်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့် တိုက်ပွဲဝင် အတွေ့အကြုံရှိနေပြီး အစစ်ဆေးခံနိုင်တဲ့ အနေအထားရှိတယ်လို့ ပြောလို့ရပါတယ်။ သူတို့ကို အီရတ်နဲ့ ဆီးရီးယားမှာ သုံးနေခဲ့တာကြာပါပြီ။ တကယ်လည်း အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေထက် ဒရုန်းနည်းပညာမှာ သာပါတယ်။
၂၀၀၁ ခုနှစ်မှာ အီရန်ဟာ အီလက်ထရောနစ် စစ်ရေးနည်းပညာလောကထဲဝင်ရောက်လာပါတယ်။သူတို့က CIA ရဲ့ Santinal drone ကို ပစ်ချဖို့ စီစဉ်ခဲ့ပါတယ်။
RQ-170 Sentinel ဒရုန်းဟာ အမေရိကန်ရဲ့အဆင့်မြင့်ဒရုန်းပါ။ flying wing ဒီဇိုင်းနဲ့ ၂၀၀၇ မှာ စတင်မိတ်ဆက်ခဲ့တာပါ။ ကိုယ်ပျောက်စွမ်းရည်ရှိတယ်လို့ ပြောကြပါတယ်။ အီရန်ဟာ သူရဲ့ ဒရုန်းတမျိုးကိုသုံးပြီး ကန်ရဲ့ Sentinel ဒရုန်းကို ပစ်ချခဲ့ပါတယ်။
၂၀၁၄ ခုမှာတော့ အီရန်ဟာ Saegheh အမည်နဲ့ ဒရုန်းတစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ လက်နက်စွမ်းရည်ကို မဖေါ်ပြထားပေမယ့် ကျွမ်းကျင်သူတွေအဆိုအရ ထောက်လှမ်းရေး အတွက် အစွမ်းထက်တယ် ဆိုပါတယ်။
၂၀၁၈ ခုနှစ်မှာ ဒီဒရုန်းဟာ အစ္စရေးလေပိုင်နက်ကို ထိုးဖေါက်ဝင်ရောက်ခဲ့ပြီး ပက်ထရီယော့ အပါအဝင် အခြားတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးမှာမှ လေယာဉ်နဲ့ အနီးကပ် လိုက်ပါပစ်ခတ်ခဲ့ရပါတယ်။
အီရန်ရဲ့ Shared 171 Simorgh အမျိုးအစားကတော့ ယူအက်စ်ရဲ့ RQ-170 ကို ပုံတူ ထုတ်ထားတာဖြစ်ပါတယ်။ သူကတော့ ကင်းထောက်ရော တိုက်ခိုက်ရေးပါ သုံးနိုင်ပါတယ်။ RQ-170 နဲ့ အရွယ်အစားနဲ့ နဲနဲကွာတာကလွဲလို့ flying wing ဒီဇိုင်းကအစ ထပ်တူပါ။
အီရန်ဒရုန်းတပ်ဖွဲ့ရဲ့ အမာခံကတော့ Shared 129 အမျိုးအစားပါ။ ကင်းထောက်အပြင် တိုက်ခိုက်ရေးပါသုံးနိုင်ပါတယ်။ ၂၄ နာရီ လေထဲမှာနေနိုင်ပြီး အမေရိကန်ရဲ့ MQ-1 Predator ကို တုပထားတာပါ။
Shared 129 တွေကို ဆီးရီးယားမှာ တွင်ကျယ်စွာ အသုံးပြုခဲ့ပါတယ်။ ၁၀၅၅ မိုင်အကွာအဝေးထိ ပျံသန်းတာဝန်ထမ်းဆောင် နိုင်ပါတယ်။ ဒါပေမဲ့ ဒီဒရုန်းဟာ ပြေပြင်ထိန်းချုပ်ရေးစခန်းကနေ ကွပ်ကဲမှုအပေါ်မှာ ပျံသန်းနိုင်ပါတယ်။ သူ့ရဲ့ Data link က ၁၂၅ မိုင်အတွင်းမှာသာ ရှိပါတယ်။
ဒရုန်း အောက်ဖက်မှာ Electro-Optic/ infrared sensor ကို တပ်ဆင်ထားပါတယ်။ ဒါက နေ့ညမရွေး တိုက်ပွဲဝင်နိုင်ဖို့ပါ။ လက်နက်တွေကို ကိုယ်ထည်မှာ ချိတ်ဆွဲဖို့ လုပ်ထားပါတယ်။ တဖက်နှစ်ခုနဲ့ နေရာအမာခံလေးခုပါလို့ Solid-1 Anti-tank guided missile တပ်ဆင်နိုင်ပါတယ်။
ပိုတိကျတဲ့ Sadid-345 precision guided missile တွေကို အစားထိုးသွားဖို့ ရှိနေပါတယ်။
အီရန်တွေအဆိုအရ Shared -129 မှာ လက်နက် ၈ ခုပါတယ်လို့ ဆိုပါတယ်။ စုံစမ်းသိရသလောက်တော့ လေးခုထက် မပိုပါဘူး။ ဘာပဲဖြစ်ဖြစ် ၂၀၂၂ မှာတော့ ယူအက်စ်နဲ့ တရုပ်ပြီးရင် အီရန်ဟာ အဆင့်မြင့်ဒရုန်း UCAVs တွေအသုံးပြုနိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာပါတယ်။
အီရန်ဒရုန်းတွေဟာ ရုရှားအတွက် အလုပ်ဖြစ်မလားဆိုတာ မသေချာပါဘူး။ သူ့ကိုသုံးတတ်ဖို့ ရှည်ကြာတဲ့လေ့ကျင့်ရေးသင်တန်း လိုပါတယ်။ ယူကရိန်းစစ်ကြောင့် ရုရှားကလဲ အလျင်လိုနေတာပါ။
အီရန်က သူ့မိတ်ဆွေ ရုရှားကို ဘယ်လိုကူညီနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်ခင်များ။
Knight News Team