ဓါတ်ပုံကပြောတဲ့ အမှန်တရား

ဓါတ်ပုံကပြောတဲ့ အမှန်တရား

လွန်ခဲ့တဲ့ အနှစ် ၃၀ က ဖုံးကွယ်ထားတဲ့ အမှန်တရားတစ်ခုဟာ ဓါတ်ပုံတစ်ခုကြောင့် ပြန်လည်နိုးထလာပါပြီ။

ဒီပုံကို Calvine Photo လို့ ခေါ်ပါတယ်။ ဓါတ်ပုံထဲမှာ ပေ ၁၀၀ လောက်ရှည်တဲ့ ဒိုင်းမွန်းပုံ ယာဉ်တစ်စီးနဲ့ အခြားလေယာဉ်တစ်စီးကိုတွေ့ကြရမှာပါ။ နေရာကတော့ Scottish Highlands ဒေသမှာဖြစ်ပါတယ်။

ဒီဓါတ်ပုံဟာ နှစ်များစွာ ဖုံးကွယ်ထားခြင်းခံခဲ့ရပြီးမှ Dr. David Clarke ဆိုသူ တစ်ယောက်ရဲ့ ရှာဖွေသုတေသနပြုလုပ်ရာမှ ပြန်လည်ဖေါ်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပုံကိုကြည့်မယ်ဆိုရင် ထောင့်ချိုးပုံ ယာဉ်ပျံတစ်စီးနဲ့အတူ စစ်လေယာဉ် Herrier Jet တစ်စီးကိုလည်း တွေ့ရမှာပါ။ ဒီဓါတ်ပုံကို တောင်တက်သမား နှစ်ဦးက ၁၉၉၀ ခုနှစ်၊ဩဂုတ်လ ၄ ရက်နေ့ မနက် ၉ နာရီလောက်မှာ ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ်။

Calvine တောင်တန်းတစ်နေရာက ရိုက်ခဲ့တာပါ။ ဒီနေရာဟာ စကော့တလန်ရဲ့ အနောက်မြောက်ဖက် ၃၅ မိုင်အကွာက Perth အရပ်မှာ ရှိပါတယ်။

တောင်တက်သမားတွေက သတ္တုရောင် ယာဉ်တစ်စီး ပျားတွေတဝီဝီအော်သလို အသံမျိုးနဲ့ ဝဲပျံနေတာကို စောင့်ကြည့်နေခဲ့ကြပါတယ်။

အဲဒီအချိန်မှာဘဲ စစ်လေယာဉ်က သူတို့မြင်ကွင်းထဲကို ဝင်လာပါတယ်။ ပါးစ်အဟောင်းသားနဲ့ ကြည့်နေတုန်းမှာဘဲ ယာဉ်ပျံဟာ အပေါ်တည့်တည့်ကို အလွန်လျင်မြန်တဲ့ အရှိန်နဲ့ ပျံတက် ပျောက်ကွယ်သွားပါတယ်။

ကံကောင်းတာကတော့ သူတို့ဟာ စစ်လေယာဉ်နောက်ခံနဲ့ အဲဒီ ပေ ၁၀၀ လောက်ရှည်တဲ့ ယာဉ်ပျံကို ဓါတ်ပုံ ၆ ပုံ ရိုက်ယူလိုက်နိုင်ခဲ့တာပါ။

သူတို့က ဒီဓါတ်ပုံတွေကို စကော့တလန် ကာကွယ်ရေ ဌာနကတဆင့် စကော့တလန်နေ့စဉ်သတင်းစာကို ပေးပို့ခဲ့ပါတယ်။

ဒါပေမဲ့ ဖေါ်ပြခြင်း မခံရသလို ဓါတ်ပုံတွေလည်း ပြန်မရခဲ့ပါဘူး။ ဒီကိစ္စဟာ ဒဏ္ဌာရီဆန်ဆန် တိမ်မြုပ်ပျောက်ကွယ်ခဲ့ပါတယ်။

Dr. David Clarke ဟာ စကော့တလန် ကာကွယ်ရေးဌာနရဲ့ UFO file တွေထိန်းသိမ်းရတဲ့ ပြတိုက်မှူးတစ်ဦးပါ။ ဒါ့အပြင် သူဟာ ရှက်ဖီးဟာလမ်းတက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးလည်း ဖြစ်ပါတယ်။

သူက ဒီဓါတ်ပုံတွေကို လေတပ် ပြန်ကြားရေးဌာနက အရာရှိ Craig Lindsay နဲ့ ပူပေါင်းရှာဖွေခဲ့ပါတယ်။ Lindsay ဟာ ၁၉၉၀ ခုနှစ်တုန်းက ကာကွယ်ရေးဌာန နဲ့ သတင်းဌာနတွေကြားဆက်သွယ်ပေးခဲ့ရသူဖြစ်ပြီး မူရင်းဓါတ်ပုံတွေကို သူကသိမ်းဆည်းထားခဲ့တာပါ။

သူဟာ သတင်းစာတိုက်ကို မူရင်းဓါတ်ပုံတစ်ပုံသာ စာအိတ်နဲ့ပေးပို့ခဲ့တာဖြစ်ပါတယ်။ ခုတော့ ကျန်ဓါတ်ပုံအားလုံးကို Dr. David Clarke အပြင် ယူကေက UAP media group UK တာဝန်ခံ Vannie Adams ကိုပါ ပေးခဲ့ပါပြီ။

ဓါတ်ပုံတွေဟာ ခုတော့ ရှက်ဖီးဟာလမ်း တက္ကသိုလ်ရဲ့ မော်ကွန်းတိုက်မှာပြသထားပါတယ်။

Dr. David Clarke က ဒီကိစ္စကို ဖေါ်ထုတ်ခွင့်ရတာ ကျနော့်အတွက် အထူးအခွင့်အရေးပါ။ ဒီယာဉ်ဟာ ဘယ်လိုယာဉ်ဘဲဖြစ်ဖြစ်၊ ဘယ်သူတွေရဲ့ဟာဘဲဖြစ်ဖြစ် အရေးမကြီးပါဘူး။

အရေးကြီးတာက အမှန်တရားကို ချပြနိုင်ဖို့ဘဲဖြစ်ပါတယ်လို့ The Sun သတင်းစာထံ on line က ပြောကြာခဲ့ပါကြောင်း။

Knight News Team

Leave a Reply

Your email address will not be published.