မိတ်ကပ်လိမ်းထားတဲ့ အဏ္ဏဝါတိရစ္ဆာန်တစ်ကောင်အကြောင်း
တကယ်တမ်းတော့ ဒီအဏ္ဏဝါတိရစ္ဆာန်ဟာ ငါးမျိုးစိတ် ဖြစ်ပါတယ်။ လူတွေကတော့ “မိတ်ကပ်လိမ်းထားတဲ့ ငါး”၊ “နှုတ်ခမ်းနီငါး”လို့ ခေါ်ကြပါတယ်။
ဒီငါးတွေဟာ ကမ္ဘာပေါ်က အထူးဆန်းဆုံး တိရစ္ဆာန်စာရင်းဝင်လည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ထူးဆန်းတဲ့ အသွင်အပြင်ကြောင့် သာမက အမူအကျင့်တွေကလည်း သာမန်နဲ့ ကွဲထက်နေတယ်လို့ ဆိုနိုင်ပါတယ်။
ငါးရဲ့ ပုံစံကိုပဲကြည့်ပါ။ မိတ်ကပ်တွေလိမ်းပြီး အလှပြင်ထားသလို နှုတ်ခမ်းကလည်း နီရဲနေပါရော။ ဒါဟာ သူ့ရဲ့အထူးခြားဆုံး အသွင်အပြင်လည်းဖြစ်ပါတယ်။ နောက်တစ်ချက်က ငါးဖြစ်ပေမဲ့လို့ ဒီငါးတွေက ရေမကူးကြပါဘူးတဲ့။
ပင်လယ်ပြင်ရဲ့ ရေအောက်ကြမ်းပြင်တွေမှာ လမ်းလျှောက်ရင်းသာ သွားလာလှုပ်ရှားကြတဲ့ ငါးတွေလည်းဖြစ်ပါတယ်။
အင်္ဂလိပ်အမည်အားဖြင့် red-lipped batfish လို့ အမည်ရတဲ့ ဒီငါးဟာ အပေါ်က ယေဘုယျအချက်တွေနဲ့တင် အထူးအဆန်းငါး ဖြစ်နေတာကတော့ ငြင်းမရပါဘူး။
သူ့အကြောင်းကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင်တော့ အခြားသော လင်းနို့ငါးများနဲ့ အလွန်နီးစပ်မှု ရှိပေမဲ့ ရေတော့ မကူးကြပါဘူး။
နှုတ်ခမ်းနီငါးတွေဟာ အပေါ်မှာ ပြောခဲ့သလိုပဲ အောက်ခြေမှာ နေထိုင်ကြသူတွေဖြစ်ပြီး သဲသောင်ပြင်အောက်ခြေ သို့မဟုတ် သမုဒ္ဒရာကြမ်းပြင်တွေမှာ များသောအားဖြင့် တွေ့ရှိရတတ်ပါတယ်။
သူတို့ကို ပစိဖိတ်သမုဒ္ဒရာအတွင်း အနက် ၇၆ မီတာကနေ အနက် မီတာ ၁၂၀ ခန့်အထိ သန္တာကျောက်တန်းများ အနားမှာ တွေ့ရှိရတတ်ပါတယ်။ နှုတ်ခမ်းနီငါးဟာ အရှည်အားဖြင့် ၄၀ စင်တီမီတာခန့် ရှိကြတတ်ပါတယ်။
နှုတ်ခမ်းနီငါးရဲ့ ကိုယ်ထည်အရောင်ကတော့ အညိုဖျော့ဖျော့ဖြစ်ပြီး သူ့ရဲ့ နောက်ကျောမှည မီးခိုးရောင်မျိုးရှိပြီး အဖြူရောင် ဝမ်းဗိုက် ရှိပါတယ်။
ထိပ်ဘက် ဦးခေါင်းမှ အစပြုပြီး အမြီးအထိ အညိုရောင် အစက်များ၊ အမည်းရောင်အစင်းများလည်း ရှိတတ်ပါတယ်။
နှုတ်ခမ်းနီငါးရဲ့ နှာခေါင်း၊ ဦးချိုတို့ဟာ နီညိုရောင်ရှိပါတယ်။ အမည်မှာ ဖော်ပြထားတဲ့အတိုင်း ဒီလင်းနို့ငါးတွေဟာ မကြာသေးမီကမှ သွေးစွန်းတဲ့ အစာစားပြီးတဲ့အတိုင်း သို့မဟုတ် အလွန်တောက်ပသော နှုတ်ခမ်းနီကို စိုးထားသကဲ့သို့ တောက်ပ နီရဲနေတဲ့ နှုတ်ခမ်းနီများလည်း ရှိပါတယ်။
ဒီနှုတ်ခမ်းတွေဟာ သူတို့ရဲ့ အထင်ရှားဆုံး လက္ခာရပ်တွေ ဖြစ်လာခဲ့ပါတော့တယ်။ နှုတ်ခမ်းနီ လင်းနို့ငါးတွေမှာ အထူးဆန်းဆုံး လက္ခဏာတစ်ခု ရှိပါသေးတယ်။
အစာရှာရန် ပင်လယ်ကြမ်းပြင်တစ်လျှောက် ရေကူးတတ်ကြပေမဲ့လည်း ငါးရဲ့ဆူးတောင်များဟာ ခြေထောက်တွေအဖြစ် အလုပ်လုပ်ဖို့ ပိုမို သင့်လျော်နေကြတာပါ။
ဒီ ‘ခြေထောက်များ’ကို ငါးတွေက သူတို့အနေနဲ့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာစဉ်နဲ့ ဖြတ်သန်းသွားလာရန်တွေမှာ အသုံးပြုကြပါတယ်။
နောက်ထပ် ထူးဆန်းတာတစ်ခုကတော့ ဒီငါးတွေမှာ သားကောင်တွေကို မြှူဆွယ်ရန်အတွက် အသုံးပြုတယ်လို့ ယူဆရသည့် ဦးခေါင်းမှာ illicium လို့ ခေါ်တဲ့ အစိတ်အပိုင်းတစ်ခု ပါရှိပါတယ်။
အဲ့ဒီအစိတ်အပိုင်းဟာ ဆန့်ထွက်နိုက်တဲ့ အထူးကိုယ်ထည်တစ်ခုဖြစ်ပြီး နှုတ်ခမ်းနီငါးဟာ အပြည့်အဝ ကိုယ်ထည် ကြီးထွားလာပြီးနောက် သူ့ရဲ့ နောက်ကျောမှ ဆူးတောင်ဟာ ဦးခေါင်းထိပ်မှ ထွက်လာတဲ့ ကျောရိုးတစ်ခုတည်းလို ပုံသဏ္ဍာန်မျိုး ဖြစ်ပေါ်လာတတ်ပါတယ်။
ဒီငါးတွေဟာ သူတို့အနီးရှိ သားကောင်များကို မြှူဆွယ်ရန် နည်းလမ်းအဖြစ် illicium ကို အသုံးပြုကြပါတယ်။ မြှူစွယ်ပုံကတော့ တောက်ပတဲ့ အလင်းရောင်ကို ထုတ်လွှတ်လိုက်တာပါပဲ။
ဒီမျိုးစိတ်တွေက ရေနက်ပိုင်းမှာ နေထိုင်တာကြောင့် အလင်းရောင်ဟာ သူ့ရဲ့သားကောင်တွေကို သူ့အနားရောက်လာအောင် ဆွဲဆောင်နိုင်ပါတယ်။
အဲ့လိုမျိုး သားကောင်များကို ဆွဲဆောင်ပြီး ငါးတွေဟာ သူတို့ရဲ့ ထောင်ချောက်ထဲကို ဝင်ရောက်လာတဲ့ အကောင်ငယ်လေးတွေကို စားသုံးကြတာပါ။
Illicium ကို အသုံးပြုရင်း နှုတ်ခမ်းနီငါးတွေဟာ ပင်လယ်ကြမ်းပြင်က ပိုးကောင်များနဲ့ အခြားငါးငယ်လေးများအပြင် ပုစွန်၊ ခရု၊ ကမာ အကောင်ငယ်လေးများကို စားသောက်ကြပါတယ်။
နှုတ်ခမ်းနီငါးများကို တစ်နှစ်ပတ်လုံး မြင်တွေ့နိုင်ပါတယ်။ နှုတ်ခမ်းနီငါးများဟာ တိုက်ရိုက် အန္တရာယ်ပြု ခြိမ်းခြောက်တာမျိုး မရှိပါဘူး။
ဒါပေမဲ့ ပင်လယ်ရေ အပူချိန် မြင့်တက်လာခြင်းကြောင့် သန္တာကျောက်ဖြူများဟာ သူတို့ရဲ့ သဘာဝ နေရပ်များကို ပြောင်းလဲစေကာ သဘာဝ အစားအစာ အရင်းအမြစ်များ ရရှိနိုင်မှု ကျဆင်းတာမျိုး ကြုံတွေ့နေရလို့ ခြိမ်းခြောက်မှု တစ်ရပ်တော့ ဖြစ်လာနိုင်ပါတယ်။
စက်မှုငါးဖမ်းလုပ်ငန်းနှင့် အိမ်မွေးတိရစ္ဆာန်ရောင်းဝယ်ရေးတို့ဟာ ဒီငါးတွေအတွက် အန္တရာယ်ပေးနေပြီး လောလောဆယ်မှာတော့ မျိုးသုဥ်းပျောက်ကွက်ခါနီး အခြေအနေမျိုးနဲ့ရင်ဆိုင်နေရပါတယ်။
Knight News Team