သင့်ကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံး တိရစ္ဆာန် အသိုက်အမြုံရွှေ့ပြောင်းမှုကြီး

သင့်ကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်တဲ့ ကမ္ဘာ့အကြီးမားဆုံး တိရစ္ဆာန် အသိုက်အမြုံရွှေ့ပြောင်းမှုကြီး

အချို့သော တိရစ္ဆာန်တွေရဲ့ သဘာဝအရ ရာသီဥတု အကူးအပြောင်း၊ သဘာဝ ဘေးအန္တရာယ်တွေရဲ့ အကျိုးသက်ရောက်မှုတွေကို ကြိုတင်ခန့်မှန်းနိုင်ကြပြီး အသိုက်အမြုံ ရွှေ့ပြောင်းမှုတွေ ပြုလုပ်လေ့ ရှိကြပါတယ်။

အခု ပြောပြပေးမှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ အာဖရိကမှ လင်းနို့ငှက်များ အသိုက်အမြုံ ရွှေ့ပြောင်းကြခဲ့မှုပါပဲ။

ဒီဖြစ်စဥ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော တိရစ္ဆာန် အသိုက်အမြုံရွှေ့ပြောင်းမှု ဖြစ်စဥ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားသွားခဲ့ပါတယ်။

အာဖရိက၊ ဇမ်ဘီယာ အလယ်ပိုင်းပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတစ်ဝိုက်မှာ နေညိုဆည်းဆာရဲ့ မြင်ကွင်းဟာ ကောင်းကင်ယံမှာ ရုတ်တရက် လွင့်ပျံလာခဲ့တဲ့ တောင်ပံခတ်သံများကြောင့် အနက်ရောင် မြင်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့ရပါတယ်။

ခန့်မှန်းချေ လင်းနို့ အကောင်ရေ ၁၀ သန်းခန့်ဟာ သူတို့ရဲ့ ရွှေ့ပြောင်းမှုကြောင့် အာဖရိကရဲ့ ညနေခင်းကို ထိတ်လန့်စေခဲ့ပြီး Max Planck Institute of Animal Behavior ရဲ့ ကျွမ်းကျင်သူများ အဆိုအရ ဒီဖြစ်စဥ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နို့တိုက်သတ္တဝါ ရွှေ့ပြောင်းနေထိုင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

နေ့ခင်းဘက်မှာ ငှက်မျိုးစိတ်ပေါင်း ၄၇၀ ကျော်နဲ့ နို့တိုက်သတ္တဝါ ၁၀၀ ကျော်တို့ နေထိုင်ရာ Kasanka အမျိုးသားဥယျာဥ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Musola မြစ်တလျှောက်က ထူထဲတဲ့ သစ်တောထဲက အမှောင်ထုတွေမှာ လင်းနို့တွေက အိပ်စက်နေခဲ့ကြပါတယ်။

နေဝင်ချိန်ရောက်တာနဲ့ ကီလိုမီတာ ၅၀ (၃၂ မိုင်) ခန့်အကွာက တောရိုင်းဘယ်ရီသီးနဲ့ အခြား အသီးအနှံများကို ရှာဖွေရန် ထွက်ခွါကြပြီး မိုးလင်းမှ သူတို့ရဲ့ စိမ့်အိပ်တန်းသို့ ပြန်ကြလေ့ရှိတာဟာလည်း ဒီလင်းနို့တွေပါပဲ။

အဆိုပါ မြင်ကွင်းကို အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း နေ့တိုင်းနီးပါး မြင်တွေ့နေရတာပါ။

ဒါပေမဲ့ ဒီလင်းနို့တွေဟာ အာဖရိကသစ်တောများ ပြန်လည်ထူထောင်ရန်အတွက် အရေးပါဆုံးဖြစ်သလို ခြိမ်းခြောက်ခံရလုနီးပါးရှိနေတဲ့ လင်းနို့များဟာ အခုလိုမျိုး သန်းပေါင်း ဆယ်ချီပြီး ဘာလို့ရွှေ့ပြောင်းခဲ့ကြတာလဲဆိုတာကိုတော့ သုတေသီတွေ အမြောက်အများက အဖြေရှာခဲ့ကြပါတော့တယ်။

အာဖရိက အနောက်ဘက်၊ ကွန်ဂိုမြစ်ဝှမ်း သစ်တောများတစ်လျှောက်မှ ဇမ်ဘီယာအထိ လင်းနို့များဟာ ဆာဗားနားနဲ့ ပွင့်လင်းမြေပေါ်မှာ ကီလိုမီတာထောင်ပေါင်းများစွာ ရွှေ့ပြောင်းနေထိုင်လေ့ရှိကြပြီး သစ်တောပြုန်းတီးသောဒေသများသို့ မျိုးစေ့များဖြန့်ကျက်စေရင်း သစ်တောပြုန်းတီးခြင်းနဲ့ သီးနှံစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးလေ့ရှိကြပါတယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ အခုလို လင်းနို့များဟာ ဘာကြောင့် အခြားဘယ်နေရာမှာမှ မတွေ့မမြင်နိုင်တဲ့ ကိန်းဂဏန်းများနဲ့ Kasanka မှာ စုဝေးနေကြတာလဲဆိုတာကို နားလည်ရန်အတွက် ကြိုးစားနေဆဲပါပဲ။

ညတိုင်း သူတို့ဟာ တောရိုင်းသီးများနဲ့ သစ်သီးများကို ရှာဖွေရန်အတွက် ၅၅ မိုင် (၉၀ ကီလိုမီတာ) အထိ ပျံသန်းခဲ့ကြပြီး သင်္ဘောသဖန်းပင်စေ့တွေကို ထားခဲ့လေ့ရှိကြပါတယ်။

အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ရဲ့ အနီရောင်စာရင်းတွင် မျိုးသုဥ်းလုနီးပါး အဖြစ် စာရင်းသွင်းခံထားရတဲ့ လင်းနို့တွေဟာ အာဖရိကရဲ့ အကြီးဆုံး လင်းနို့များထဲမှ တစ်ခုဖြစ်ပါတယ်။

သူတို့ရဲ့ အကောင်ရေဟာ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုအောက် ကျဆင်းသွားပါက ဆက်ပြီး တိုးပွားလာဖို့မရှိဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ကျွမ်းကျင်သူတွေဟာ နည်းလမ်းပေါင်းစုံနဲ့ သန်းပေါင်းဆယ်ချီတဲ့ လင်းနို့တွေရဲ့ ရွှေ့ပြောင်းမှုကို ခြေရာခံခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ သွားရာလမ်းကြောင်းကို အတိအကျ မသိခဲ့ရပါဘူး။

အခုချိန်မှာတော့ လင်းနို့တွေရဲ့ ရွှေ့ပြောင်းသွားလာမှုကို ခြေရာခံဖို့အတွက် ဂြိုလ်တုခြေရာခံ ကိရိယာများကို ဖြန့်ကျက်လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

တကယ်တမ်းမှာတော့ ဒီလင်းနို့တွေဟာ အာဖရိကအတွက် အရေးကြီးပါတယ်။ ဒါဟာ နောက်ဖြစ်လာမယ့် သဘာဝဘေးအန္တရာယ်ကို အသိပေးနေတာလား။

လင်းနို့တွေရဲ့ သွားရာလမ်းကြောင်းတစ်လျှောက် မျိုးစေ့တွေချထားခဲ့တာကလည်း သစ်တောတွေ ပြုန်းတော့မှာလားဆိုတဲ့ မေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့တယ်။

အခုလိုမျိုး မျိုးစေ့ကြဲခြင်းဟာ လင်းနို့ သန်းပေါင်းများစွာက လုပ်ဆောင်နေတဲ့အတွက် တစ်ညကို အစေ့တစ်စေ့အောင်ခဲ့ရင်တောင် အောက်တိုဘာလကနေ ဒီဇင်ဘာလအထိဆိုရင် ရက်ပေါင်းများစွာရှိတဲ့အတွက် Kasanka မှာ အသီးအနှံတွေ ပိုလျှံတာထက်ကို ဆိုးရွားလာမှာမျိုးတွေလည်း ရှိနေပါတယ်။

တစ်ဖက်မှာလည်း ကိုဗစ်ရောဂါပိုးကို ဒီလင်းနို့တွေဟာ တစ်ဖက်တစ်လှမ်းကနေ ပံ့ပိုးနေခဲ့တယ်လို့ ထင်မြင်ချက်တွေလည်းရှိနေခဲ့ပြန်ပါတယ်။

အယူသီးသူ တချို့ကတော့ ဒါဟာ မကောင်းတဲ့ နိမိတ်ဆိုပြီး လင်းနို့တွေကို သုတ်သင်တာမျိုးတွေလည်း ရှိနေပြန်ပါတယ်။

စာဖတ်သူအနေနဲ့ရော အခုလိုမျိုး ၁၀ သန်းလောက်ရှိတဲ့ လင်းနို့တွေဟာ ဘာကြောင့် နေ့တိုင်းနီးပါး ပျံသန်းရွှေ့ပြောင်းနေကြတာလဲ၊ ပျံသန်းရာ လမ်းတစ်လျှောက်မှာလည်း ဘာကြောင့် သစ်သီးမျိုးစေ့တွေကို ချထားခဲ့တာလဲ၊ ဒါဟာ သဘာဝ ဘေးအန္တရာယ်ကို ကြိုတင် သတိပေးနေခြင်းများလား၊ ဘယ်လိုမျိုး ထင်မြင်မိပါသလဲ။

Knight News Team

Leave a Reply

Your email address will not be published.