ကမ္ဘာပေါ်ကို ဖြတ်ပျံခဲ့တဲ့ မိုင် ၃,၀၀၀ လောက် ရှည်လျားတဲ့ ပန်းကန်ပြားပျံ
နိုင်ငံတကာအာကာသစခန်းက မှတ်တမ်းတင်ထားတဲ့ ပန်းကန်ပြားပျံဟာ မိုင် ၃,၀၀၀ လောက် ရှည်လျား ပြီး ကမ္ဘာပေါ်က ဖြတ်ပျံသွားခဲ့တာ ဖြစ်ပါတယ်။
ဒီလိုကြီးမားတဲ့ ပန်းကန်ပြားပျံ (UFO) ယာဉ်ပျံကြီးကို ၂၀၁၃ ခုနှစ်မှာ နာဆာ ( NASA ) က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
နာဆာ
ဒီ အကြောင်းကို Brasilia Plmetarium Presentation မှာ ထုတ်ဖော် ပြသ ခဲ့ပြီး လူတွေကြားမှာ အထူးရေပန်းစား လာခဲ့ပါတယ်။
သူ(ယာဉ်ပျံ) တို့ဟာ ဘာ လိုချင်လို့လဲ၊ ဘာကြောင့် ကမ္ဘာပေါ်က ဖြတ်ကျော် ပျံသန်းသွားခဲ့ရသလဲဆိုတာ ဘယ်သူမှ မသိသေးပါဘူး။
အာကာသစခန်း
သေချာတာကတော့ သူတို့ဟာ ကျနော်တို့ သိပြီးသား မျိုးနွယ်စုတွေ မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။
ယာဉ်ပျံကြီး ဖြတ်ကျော်ပျံသန်းသွားကတည်းက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်ပေါ်သလို ဖြစ်ခဲ့ရ ပါတယ်။
အခြားကမ္ဘာမှာ သက်ရှိတွေဟာ ကမ္ဘာမြေကို ရန်ပြုဖို့ ထောက်လှမ်းခဲ့သလားလို့ ယူဆသူတွေလဲ ရှိပါတယ်။
အရွယ်အစားကြီးမားလွန်းလို့ ဒါဟာ ( Mother Ship) မိခင်ယာဉ်ကြီး ဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
နာဆာကထုတ်ဖော်ပြသသော ပန်းကန်ပြားပျံပုံ
သူရဲ့ ကြောက်မက်ဖွယ် အရွယ်အစားဟာ ဘယ်ရန်သူကိုမဆို ထိတ်လန့် စေလောက်ပါတယ်။
ဒီလောက် အရွယ်အစားကြီးမားတဲ့ ယာဉ်ကြီးကို လူသားတွေ တည်ဆောက်ဖို့ဆိုတာ စဉ်းစားလို့တောင် မရနိုင်ပါဘူး။
တည်ဆောက်သူတွေဟာ အရွယ်အစား ကြီးမားသူတွေဖြစ်စေ၊ နည်းပညာ တိုးတက်လွန်းသူတွေ ဖြစ်စေ၊ တစ်ခုခု ဖြစ်မှ တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
တချို့ကတော့ ဒါဟာ နာမည်ကျော် Oumuamua ရဲ့ ဆက်သွယ်ချက်တစ်ခုလို့ ယုံကြည် ကြပါတယ်။
Qumuamua
ချစ်ပရိတ်သတ်ကြီးရော ဘယ်လိုထင်ပါသလဲ မန့်ခဲ့ကြပါအုံးနော်။ အချက်အလက်တွေ ဆက်လက်ရှာဖွေနေဆဲမို့ စောင့်မျှော်အားပေးကြပါအုံးလို့။
Knight News Team