လေယာဉ်ရဲ့ လေထဲက လှုပ်ရှားမှုတွေကို ပြုလုပ်ပေးနေတဲ့ Flight Controls အကြောင်း

Flight Controls အကြောင်း

ကဲ ဒီတခါတော့ လေယာဉ်တစ်စီး လေထဲမှာ ကွေ့တာ၊ စောင်းတာ၊ အပေါ်တက်၊ အောက်ဆင်းတာတွေ ဘယ်လိုလုပ်ထားသလဲဆိုတာ သိသလောက် ဝေမျှမယ်နော်။

လေယာဉ်ရဲ့ လေထဲက လှုပ်ရှားမှုတွေကို ပြုလုပ်ပေးနေတဲ့အရာတွေကို Flight Controls တွေလို့ ခေါ်ပါတယ်။

Primary နဲ့ Secondary Flight Controls ဆိုပြီး နှစ်ပိုင်းခွဲထားပါတယ်။ Primary မှာပါဝင်တာက Aileron, Elevator, Rudder, နဲ့ Spoiler တို့ဖြစ်ပါတယ်။

Primary Flight Controls

Secondary ကတော့ Flap နဲ့ Slat တို့ဖြစ်ပါတယ်။ ပုံမှာသူတို့ရဲ့ တည်ရှိရာနေရာတွေ ပြထားပါတယ်။

သူတို့ဘယ်လိုအလုပ်သလဲ တစ်ခုခြင်းပြောကြည့်မယ်နော်။ လေယာဉ်တစ်စီးဟာ ဝင်ရိုးသုံးခုအပေါ်မှာ ရှိနေတာဖြစ်ပြီး သက်ဆိုင်ရာ ဝင်ရိုးအလိုက် ရွေ့လျားမှုကို အမည်ပေးထားပါတယ်။

လေယာဉ်ရှေ့ကနေ အမြီးပိုင်းအထိ မျဉ်းတစ်ကြောင်း စိတ်ကူးနဲ့ ဆွဲကြည့်လိုက်ပါ။ X ဝင်ရိုးဆိုပါစို့ အဲဒီဝင်ရိုးကနေ တစ်ဖက်တစ်ချက်ကို ရွေလျားတဲ့လေယာဉ်ရဲ့လှုပ်ရှားမှုကို Roll လို့ ခေါ်ပါတယ်။ ကွေ့စောင်းတဲ့ရွေ့လျားမှုပါ။

ကွေ့ပြီးရွေ့လျားခဲ့ရင် လေယာဉ်ဦးတည်ရာ ပြောင်းလည်းပါတယ်။ ဒါကို ထောက်ကူတာက Aileron တွေပါ။

ညာဖက်ကိုကွေ့ရင် ညာဖက် Aileron က အပေါ်ထောင်ပြီး ဘယ်ဖက် Aileron က အောက်စိုက်ပေးပါတယ်။ ဒီဂရီတော့ မတူပါဘူး။ ဒါကို Differential Aileron လို့ လေယာဉ်လောကမှာ သုံးပါတယ်။

လေယာဉ်ရဲ့ ဆုံချက် C of G တည့်တည့်ကနေ အပေါ်အောက် တည့်တည့် ဝင်ရိုးကို Z ဝင်ရိုး လို့ ခေါ်ပါတယ်။

ဒီဝင်ရိုးကနေ ဘေးဘယ်ညာ ရွေ့လျားတာကို Yaw လို့ ခေါ်ပါတယ်။ ဒါကိုတော့ Rudder နဲ့ထိန်းပါတယ်။ သင်္ဘောပဲ့လိုပါဘဲ။ Rudder ဟာ တစ်ခု သို့မဟုတ် နှစ်ခုပါပါတယ်။

လေယာဉ်အတောင်ပံထိပ် တစ်ဖက်ကနေ တစ်ဖက်ကို ဆွဲထားတဲ့ ဝင်ရိုးကတော့ Y ဝင်ရိုးပါ။

ဒီဝင်ရိုးပေါ်မှာရွေလျားမှုကိုတော့ Pitch လို့ ခေါ်ပါတယ်။ အပေါ်တက်ရင် Pitch up ၊ အောက်ဆင်းရင် Pitch down ပေါ့။ သူ့ကိုတော့ Elevator ကထိန်းပါတယ်။

Spoiler ကတော့ Aileron လှုပ်ရှားမှုကို ကွန်ပျူတာကတဆင့် တွက်ချက်ပြီး ဒီဂရီ အနဲ၊အများလိုက်ပြီး ဖွင့်ပေးပါတယ်။ Aileron အပေါ် သက်ရောက်မှုကို မျှခံတဲ့သဘောပါ။

Secondary ဖြစ်တဲ့ Slat နဲ့ Flap တွေကတော့ မြေပြင်က အတက် takeoff နဲ့ အဆင်း Landing တွေမှာ အထောက်အကူ ပြုပါတယ်။

လိုအပ်တဲ့ အမြန်နှုန်း လေယာဉ်ကွင်းပြေးလမ်း အရှည်နဲ့ တွက်ချက်ပြီး ဒီဂရီလိုသလောက် ဆန့်ထုတ်တာမျိုးပါ။

နောက်တခုက Aileron Elevator နဲ့ Rudder တစ်ခုလုံးကို ရွေ့လျားစေမဲ့အစား အတက်ပိုတွေ တပ်ဆင်ပြီး လှုပ်ရှားစေတာလဲ ရှိပါတယ်။

အနည်းငယ် လှုပ်ရှားယုံနဲ့ လေယာဉ်ကို ကြိုက်တဲ့ဝင်ရိုးပေါ်မှာ ရွေ့လျားစေပါတယ်။ ဒါကိုတော့ Aileron Trimtabs, Rudder Trimtab, Elevator Trimtabs စသဖြင့် ခေါ်ကြပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *