ပြည်ပကမ္ဘာနဲ့ အဆက်သွယ်ပြတ်နေတဲ့ အထူးခြားအဆန်းပြားဆုံး လူမျိုးစုများ

ပြည်ပကမ္ဘာနဲ့ အဆက်သွယ်ပြတ်နေတဲ့ အထူးခြားအဆန်းပြားဆုံး လူမျိုးစုများ

ယနေ့ ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ အလွန်တရာကိုမှ ထူးခြားဆန်းပြားလှတဲ့ လူမျိုးစုအချို့ တည်ရှိကြပြီး သူတို့တွေဟာလည်း သူတို့ရဲ့ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာများကို လက်ခံယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

ဤလူမျိုးစု အများအပြားဟာ ဆိတ်ငြိမ်လှတဲ့ ဘဝမျိုးနဲ့သာ နေထိုင်ဖြတ်သန်းကြပြီး ပြင်ပကမ္ဘာကို စိတ်မဝင်စားကြဘဲ ရာစုနှစ်ပေါင်းများစွာ ရိုးရာဓလေ့များကို ဆက်လက်ထိန်းသိမ်းထားရန် စိတ်ပိုင်းဖြတ်ထားပုံရပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝှမ်းက ပြည်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေတဲ့ အထူးခြားအဆန်းပြားဆုံး လူမျိုးစုအချို့ကို ဗဟုသုတရဖွယ်ရာ ဖော်ပြပေးလိုက်ရပါတယ်။

Sentinelese

ကမ္ဘာပေါ်က ပြည်ပနဲ့ လုံးဝအဆက်အသွယ်မရှိတဲ့ လူးမျိုးစုတချို့ထဲက Sentinelese လူမျိုးတွေဟာလည်း ပြင်ပကမ္ဘာက မည်သည့်ပုံစံနှင့်မဆို ထိတွေ့မှုကို ဆန့်ကျင်ထားကြပါတယ်။

သူတို့ဟာ ကျွန်းတစ်ကျွန်းလုံးကို အပိုင်သိမ်းထားတာကြောင့် သူတို့ရဲ့ privacy ကိုလည်း ထိန်းထားနိုင်ကြပါတယ်။

အိန္ဒိယနိုင်ငံ Andaman ကျွန်းစုရှိ North Sentinel ကျွန်းမှာ နေထိုင်ကြတဲ့ ဒီလူမျိုးတွေဟာ ဒေသခံများနဲ့ သတင်းထောက်တွေရဲ့ အဆက်အသွယ်ရရန် ကြိုးပမ်းမှုတွေကို မြှား၊ လှံများဖြင့် တိုက်ခိုက်ခြင်းတို့နဲ့ အဆုံးသတ်ခဲ့ပါတယ်။

အိန္ဒိယအစိုးရကလည်း Sentinelese များကို အချုပ်အခြာအာဏာပိုင်လူများအဖြစ် သတ်မှတ်ပေးထားပြီး သူတို့ပိုင်နက်ထဲ ကျူးကျော်သူများကို တိုက်ခိုက်သဝာ်ဖြတ်ခွင့်ရှိနေတဲ့ လူမျိုးစုတွေပါ။

Yali

ထူးဆန်းတဲ့ မျိုးနွယ်စုတွေကို စိတ်ဝင်စားတယ်ဆိုရင် လူသားစားတဲ့ မျိုးနွယ်တွေဖြစ်တဲ့ Yali လူမျိုးတွေကို သိထားရပါမယ်။

အင်ဒိုနီးရှား၊ ပါပူဝါကုန်းမြင့်ရှိ Baliem တောင်ကြားရဲ့ အရှေ့ဘက်မှာ နေထိုင်ကြတဲ့ အဓိကလူမျိုးစု Yali တို့ဟာ အလွန်ထူးဆန်းတဲ့ ဓလေ့မျိုးကို ကျင့်သုံးကြပါတယ်။

ဒါကတော့ ယာလီလူမျိုးတွေက လူသားစားကြာတာပါပဲ။ အခြားမျိုးနွယ်စုများကို ကြောက်ရွံ့ရန် နည်းလမ်းအဖြစ် ကျင့်သုံးခဲ့ပုံ ရတာမလို့ Yali တွေက အမြဲလူသားပဲ စားနေကြတာတော့ မဟုတ်ပါဘူး။

အများအားဖြင့် သက်သတ်လွတ် စားသူများဖြစ်ပြီး ပွဲတော်တွေမှာတော့ ဝက်သားကို စားကြပါတယ်။

သို့သော် ရှေးယခင်ကပင် သူတို့ပိုင်နက် ကျူးကျော်လာသူတွေကို တိုက်ခိုက်ပြီး အကျဉ်းသားအဖြစ် ဖမ်းဆီးသိမ်းသွားကြပြီး အကျဉ်းသားများကို ခုတ်ထစ်၍ ပွဲတော်များမှာ စားသုံးကြပါတယ်။

သူတို့ရွာများကို ကြမ်းတမ်းသောမြေပြင်ကို နာရီပေါင်းများစွာ လမ်းလျှောက်ခြင်းဖြင့်သာ သွားလာနိုင်ကြပြီး အင်ဒိုအစိုးရကလည်း အချုပ်ခြာအာဏာပိုင် လူမျိုးစုအဖြစ် သတ်မှတ်ပေးထားပါတယ်။

Surma

Surma လူမျိုးတို့ဟာ အီသီယိုးပီးယားရဲ့ Upper Omo တောင်ကြားတွေမှာ နေထိုင်ကြပါတယ်။ Surma မျိုးနွယ်စုတွေရဲ့ သူတို့ခန္ဓာကိုယ်ကို ပြုပြင်ဖို့ ရွေးချယ်တဲ့နည်းကို ကြည့်ရင်တော့ သူတို့က ထူးဆန်းတဲ့ မျိုးနွယ်စုတွေအဖြစ် အရည်အချင်းပြည့်မီမှာ သေချာပါတယ်။

Suri တို့က ဓလေ့အရ ယောက်ျားလေးတစ်ယောက် အရွယ်ရောက်လာတဲ့အခါ ဒါမှမဟုတ် ယောက်ျားတစ်ယောက်က သတို့သမီးယူချင်တဲ့အခါ saginé လို့ခေါ်တဲ့ ကိုယ်ခံပညာကို သရုပ်ပြပြီး သက်သေပြဖို့ လိုပါတယ်။ ထင်းချောင်းတွေကိုင်ပြီး မိန်းကလေးရဲ့ဖခင်နဲ့ တိုက်ခိုက်ရမှာပါ။

အခြားတစ်ဖက်မှာတော့ မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုတဲ့ အရွယ် ရောက်သောအခါ အောက်သွားများကို ကျောက်တုံးဖြင့် ခေါက်တတ်ကြပါတယ်။

ထို့နောက် အောက်နှုတ်ခမ်းကို ဘလိတ်ဓားဖြင့် လှီးဖြတ်ပြီး နှုတ်ခမ်းကို သစ်သားပြားဖြင့် ဆန့်ထုတ်လိုက်ပါတယ်။ သစ်သားပြားကို လိုချင်တဲ့ ပုံစံသို့ရောက်တဲ့အထိ ဆက်လက် အစားထိုးသွားကြပါတယ်။

ခဏအကြာမှာတော့ နှုတ်ခမ်းအရွယ်ဟာ အလွန်ကြီးမားလာပြီး ပတ်ပတ်လည်မှာ မြေစေးပြားတစ်ခုနဲ့ အံဝင်သွားပါတော့တယ်။ ဒီဖြစ်စဥ်ကို Suri အမျိုးသမီးများအတွက် အလှအပနှင့် အဆင့်အတန်းတစ်ခုအဖြစ် မှတ်ယူကြပြီး မိန်းကလေးတစ်ဦးရဲ့ ခန်းဝင်ပစ္စည်းကလည်း သူမရဲ့ နှုတ်ခမ်းအရွယ်အစား ကြီးမားလေ၊ ပိုများလာလေပါပဲ။

Chukchi

Chukchi လူမျိုးများဟာ ရုရှားဖက်ဒရေးရှင်းအတွင်း Chukchi ကျွန်းဆွယ်နဲ့ Chukchi ပင်လယ်ကမ်းခြေများမှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားများဖြစ်ပါတယ်။ သူတို့ကလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လူမျိုးစုတွေပါ။

Chukchi တို့ဟာ ယေဘူယျအားဖြင့် အပြင်လူများကို တိုက်ခိုက်လေ့ရှိကြပါတယ်။ ဆိုက်ဘေးရီးယားရဲ့ အစွန်အဖျားတွေမှာ တည်ရှိပြီး သူတို့ရဲ့နယ်မြေအများစုမှာ အလွန်အေးချမ်း ကြမ်းတမ်းပြီး သစ်ပင်မဲ့ အာတိတ်လွင်ပြင်များ ဖြစ်ကြပါတယ်။

Chukchi လူမျိုးများကို အဆုံးစွန်သော အသက်ရှင်ကျန်ရစ်သူများဟု တင်စားခေါ်ဝေါ်ခြင်းခံရပြီး သူတို့ဟာ ဆိုဗီယက်ယူနီယံရဲ့ မဆုတ်မနစ်သော ကြိုးပမ်းအားထုတ်မှုများကြား သူတို့ရဲ့ ယဉ်ကျေးမှုတွေကို မပျက်မစီး ထိန်းသိမ်းကာကွယ်နိုင်ခဲ့ပါတယ်။

Yao

Wayao သို့မဟုတ် Yao လူမျိုးတွေဟာ Malawi ရေကန်ရဲ့ တောင်ဘက်စွန်းမှာ အခြေစိုက်ကြတဲ့ ဘာသာဗေဒ လူမျိုး အုပ်စုတစ်ခု ဖြစ်ပါတယ်။

ဤအုပ်စုဟာ မာလာဝီ၊ မိုဇမ်ဘစ် နှင့် တန်ဇန်းနီးယား နိုင်ငံသုံးနိုင်ငံတို့မှာ ၂ သန်းခန့် ပျံ့နှံ့ခဲ့ပါတယ်။

Yao ရွာသားတွေဟာ ဒေသန္တရဆေးဖက်ဝင်အပင်များအကြောင်း ဗဟုသုတများစွာရှိကြပြီး ဆေးကုသပေးသူများအဖြစ် အချင်းချင်း ပြန်လည်ရိုင်းပင်းကြပါတယ်။

သူတို့ဟာ ဆေးဖော်ရန်လိုအပ်တဲ့ အစွမ်းထက်အပင်များနဲ့ ပါဝင်ပစ္စည်းများကို ရှာဖွေရန် ဝေးလံခေါင်သီစွာ ခရီးထွက်ကြလေ့ရှိပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.