ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ပါး
စာဖတ်သူတွေအနေနဲ့ ကမ္ဘာ့အံ့ဖွယ် ၇ ပါးကို ကြားဖူးနားဝရှိကြမယ် ထင်ပါတယ်။
ဒီနေရာမှာ တစ်ခုပြောချင်တာက အခုဖော်ပြပေးသွားမယ့် ကမ္ဘာ့အံ့ဖွယ် ၇ ပါးကတော့ ၂၀၀၇ ခုနှစ်က ပြန်ပြီးစာရင်းပြုစုခဲ့တဲ့ စာရင်းဖြစ်တဲ့ အကြောင်းပါ။
ကမ္ဘာအံ့ဖွယ် ၇ ပါးဟာ အရင်ကလည်း စာရင်းပြုစုဖူးခဲ့ပေမဲ့ အီဂျစ်ပြည်က ဂီဇာပိရမစ်တစ်ခုသာ ကျန်ရှိတော့တာကြောင့် ၂၀၀၇ ခုနှစ်မှာ လူဦးရေ သန်း ၉၀ နီးပါးကို တစ်ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းပြန်ကောက်ခဲ့ပြီး ရွေးချယ်ခဲ့ကြပါတယ်။
မတူကွဲပြားတဲ့ နေရာများမှ ဆစ်ဒနီအော်ပရာရုံ၊ လွတ်လပ်ရေးရုပ်ထု၊ အီဖဲတာဝါ၊ အယ်လ်ဟမ်ဘရာစတဲ့ ကမ္ဘာ့တိုက်ကြီးအားလုံးရဲ့ အထင်ကရ အထိမ်းအမှတ် အဆောက်အဦးများမှ (၇) နေရာကို ကမ္ဘာအံ့ဖွယ်အဖြစ် ရွှေးချယ်ခဲ့ကြပါတယ်။
ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ပါးမှာ ဘယ်လိုအရာတွေ ပါဝင်နေလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။
၁။ Petra
ဂျော်ဒန် အနောက်တောင်ပိုင်း သဲကန္တာရမှာတည်ရှိပြီး ကျော်ကြားတဲ့ Petra မြို့ဟာ ဘီစီ ၃၂၀ ခန့်ကတည်းက Nabataean နိုင်ငံရဲ့ မြို့တော်အဖြစ် တည်ထောင်ခဲ့ပါတယ်။
ယနေ့ချိန်ထိတိုင် ပက်ထရာမြို့ဟာ ရှေးဟောင်းသုတေသန နေရာတစ်ခုဖြစ်ပြီး ဂျော်ဒန်နိုင်ငံရှိ အဓိကခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံ့အမှတ်အသားတစ်ခု ဖြစ်နေပါတယ်။
ပက်ထရာကို Al Siq လို့ ခေါ်တဲ့ ကျဉ်းမြောင်းတဲ့ မြစ်ချောင်းတစ်ခုမှဖြတ်သန်းသွားရမှာဖြစ်ပြီး ၄၅ မီတာမြင့်တဲ့ ဗိသုကာလက်ရာများဖြင့် အလှဆင်ထားတဲ့ မျက်နှာစာဟာလည်း အထူးကျော်ကြားပါတယ်။
ပက်ထရာရဲ့ အထင်ကရ နေရာများမှာ Facades လမ်း (ကျောက်တုံးကြီး တူးထားတဲ့ သင်္ချိုင်းဂူများဖြင့် ခြုံလွှမ်းထားတဲ့လျှောက်လမ်း)၊ ဘုန်းတော်ကြီးကျောင်း၊ ပြဇာတ်ရုံ၊ ယဇ်ပူဇော်ရာယဇ်များဖြစ်ကြပါတယ်။
၂။ Taj Mahal
Uttar Pradesh ပြည်နယ်မှာ တည်ရှိတဲ့ အိန္ဒိယရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးမြို့တစ်မြို့ Agra ရဲ့ မဟာသင်္ကေတမှာ Taj Mahal ဖြစ်ပြီးခေတ်သစ် ကမ္ဘာအံ့ဖွယ်စာရင်းထဲက ကျက်သရေအရှိဆုံး အရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီအထိမ်းအမှတ် အဆောက်အဦးကို ၁၆ ရာစုမှာ ဧကရာဇ် ရှာယာဂျန်းကအနှစ်သက်ဆုံးဇနီး Mumtaz Mahal ကိုဂုဏ်ပြုရန် အမိန့်ပေး ဆောက်လုပ်စေခဲ့တာပါ။
တက်ဂျ်မဟာရဲ့ စကျင်ကျောက်ဖြူဖြူနဲ့ ဂူဗိမာန်ရဲ့ပုံရိပ်ထဲမှာတော့ ဗလီ၊ တည်းခိုခန်းနဲ့ ဥယျာဉ်များပါဝင်ဖွဲ့စည်းထားပါတယ်။
၃။ Machu Picchu
Urubamba ပြည်နယ်၊ Cuzco ရဲ့ အနောက်မြောက် ၁၁၂ ကီလိုမီတာအကွာမှာရှိတဲ့ Machu Picchu ယာ ရေလမ်းများ၊ ဘုရားကျောင်းများနဲ့ လှပကျက်သရေရှိစွာ ဝန်းရံထားပါတယ်။ တောင်ပေါ်မှာ လှပစွာ အစီအရီ တည်ရှိနေတာက ယင်းရဲ့ ထူးခြားချက်ပါ။
ဗိသုကာဆိုင်ရာ အဆောက်အအုံဟာ အတိအကျဆိုရင် ၁၅ ရာစုကတည်းက တည်ရှိခဲ့ပြီး ယနေ့ထိတိုင် သူ့ရဲ့အပိုင်းအစတွေကို ယူနက်စကိုရဲ့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ယူဆထားပြီး ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ချက်အနက်မှ တစ်ခုဖြစ်ပါတယ်။
၄။ ChichénItzá
ယူကတန်ကျွန်းဆွယ်ရဲ့ ရှေးဟောင်းမာယာမြို့တော် ChichenItza ကလည်း ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ပါးအနက်မှ တစ်ခုဖြစ်ပါတယ်။
အေဒီ ၆ ရာစုနှစ်ကတည်းက တည်ထောင်ထားခဲ့တဲ့ မြို့တော်လည်းဖြစ်ပါတယ်။၎င်းသည်အလွန်ထူးခြားကောင်းမွန်သောကာလကိုတွေ့ကြုံခဲ့ရသည်။
Ball Court, Warriors of Temple, Castle နဲ့ ကျော်ကြားလှတဲ့ Kukulkán ရဲ့ အဆင့်မြင့် ပိရမစ်များကဲ့သို့သောအဆောက်အအုံများကတော့ အလွန်ကောင်းမွန်တဲ့ အခြေအနေတွေမှာ ရှိနေသေးတာကြောင့် ChichénItzá သို့လည်ပတ်ခြင်းဟာ အချိန်နောက်ပြန်ခရီးသွားခြင်းလို ခံစားချက်မျိုး ပေးစွမ်းသွားမှာပါ။
၅။ Colosseum
ကိုလိုဆီယမ်ဟာ ရောမ ထာဝရကာလရဲ့ အမှတ်လက္ခဏာ တစ်ခုပါပဲ။ အေဒီ ၇၂ မှာ တည်ဆောက်ရန် ဧကရာဇ် ဗက်စပါဆီယန်က အမိန့်ပေးခဲ့သည့်ခမ်းနားထည်ဝါတဲ့ အဆောက်အဦကြီးမှာ ထိုအချိန်က လူကြိုက်အများဆုံး သဝာ်ပွဲများ ကျင်းပခဲ့တာပါ။
တောရိုင်းတိရိစ္ဆာန်များအကြား တိုက်ပွဲများ၊ သားရဲတိရစ္ဆာန်များဖြင့် တိုက်ခိုက်ရသော အကျဉ်းသားများ၊ လူသတ်ပွဲများ စသဖြင့် သွေးချောင်းစီးတဲ့ဂိမ်းများ ကျင်းပရာနေရာပါ။
Colosseum ဟာ ဒီဘတ်ခေတ်မှာတော့ ဗာတီကန်နဲ့အတူ ရောမမြို့အတွက် အကြီးမားဆုံးခရီးသွား ဆွဲဆောင်မှုဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်းလူ ၆ သန်းခန့် လာရောက်လည်ပတ်ကြပြီး ၂၀၀၇ ခုနှစ်မှာတော့ ၎င်းကို ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ ချက်စာရင်းကို ထည့်သွင်းခဲ့ပါတယ်။
၆။ The Great Wall
တရုတ်နိုင်ငံရဲ့ မြို့တော်ဘေဂျင်းရဲ့ မဟာတံတိုင်းကြီးကတော့ သူ့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းနဲ့အတူ ခေတ်သစ်ကမ္ဘာ့အံ့ဖွယ် ၇ ခုအနက်မှတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အမှတ်အသားလည်း ဖြစ်ပါတယ်။
မွန်ဂိုလီးယားနဲ့ မန်ချူးရီးယားမှ စစ်အုပ်စုများတိုက်ခိုက်မှုမှ တိုင်းပြည်ကိုကာကွယ်ရန်အတွက် တရုတ်မြောက်ပိုင်းနယ်နိမိတ်ကို ဖြတ်၍ ၂၁,၁၉၆ ကီလိုမီတာ ရှည်လျားလှတဲ့ အကွာအဝေးကို အုတ်၊ မြေ၊ ကျောက် အစရှိသည်တို့မဲ့ ဘီစီ ၅ ရာစုမှာ တည်ဆောက်ခဲ့ပါတယ်။
၇။ Corcovado ခရစ်တော်
အမြင့် ၃၀ မီတာရှိတဲ့ ခရစ်တော်ရဲ့ ရုပ်တုကို ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ တစ်ပါးအဖြစ် သတ်မှတ်ထားကြပါတယ်။
Rio de Janeiro သို့ လာရောက်လည်ပတ်တဲ့ မည်သည့်ခရီးသွားမဆို ဒီရုပ်တုကို အဓိက လာရောက်လည်ပတ်ချင်ကြတဲ့ ရည်ရွယ်ချက်ရှိသူတွေပါပဲ။
၁၉၃၁ ခုနှစ်မှာ ဖန်တီးထုဆစ်ခဲ့တဲ့ ခရစ်တော်ရုပ်တုဟာ ဘရာဇီးအင်ဂျင်နီယာ Heitor da Silva Costa နဲ့ ပြင်သစ်-ပိုလန် ပန်းပုပညာရှင် Paul Landowski တို့ရဲ့ လက်ရာဖြစ်ပြီး ပြင်သစ်အင်ဂျင်နီယာ Albert Caquot နဲ့ ရိုမေးနီးယား အနုပညာရှင် Gheorge Leonida တို့ရဲ့ အကူအညီဖြင့် ခရစ်တော်ရဲ့မျက်နှာကို ရေးဆွဲခဲ့ပါတယ်။
Knight News Team