ဂျပန်ကတော့ အဆင်သင့်ပါဘဲ

ဂျပန်ကတော့ အဆင်သင့်ပါဘဲ

အခုတလော တင်းမာမှုတွေဖြစ်နေတဲ့ အင်ဒိုပစိဖိတ်ဒေသ အကြောင်းတော့ သတိထားမိကြမှာပါ။ ဒေသတွင်းနိုင်ငံတွေကလည်း သတိကြီးကြီးနဲ့ စောင့်ကြည့် ပြင်ဆင်နေကြပါတယ်။

အဓိက ဇါတ်ကောင် တရုပ်ကြီးရဲ့ခြေလှမ်းဟာ ဘယ်လိုလာမလဲဆိုပြီးတော့ တစ်ကမ္ဘာလုံးက စိတ်ဝင်းစားနေကြပါပြီ။

ခုတင်ပြမှာကတော့ စီးပွားရေးအင်အားကြီး ဂျပန်က ဒီကိစ္စကို သူတို့ဖက်က အဆင်သင့်ဖြစ်နေပြီလို့ ပြောရအောင် ဘာတွေပြင်ဆင်ထားသလဲဆိုတာကိုပါ။

ဂျပန်လေတပ် JASDF ဟာ အာရှမှာ စွမ်းရည်အမြင့်ဆုံးလို့ ပြောလို့ရနေပါပြီ။ Avionics ( Aviation Electronic) စနစ်တွေ၊ ရေဒါစနစ်တွေ၊ ဒုံးကျည်စနစ်တွေ အပြည့် တပ်ဆင်ထားပါတယ်။

လေကြောင်းကာကွယ်ရေးစနစ်ရဲ့ အဓိက ကျောရိုးကတော့ အမေရိကန်ပေါ့ ။ ခုဆို အမေရိကန်ရဲ့ F-35 နဲ့စွမ်းရည်တူ 5th gen ကိုယ်ပျောက်လေယာဉ်တွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

ဒေသတွင်း မြင့်တက်လာတဲ့ တင်းမာမှုတွေကြောင့် ဂျပန်ဟာ ကာကွယ်ရေးစွမ်းရည်ကို တိုးမြှင့်ခဲ့တာပါ။ ဂျပန်လေတပ် လေယာဉ်အများစုဟာ အမေရိကန်လုပ် လေယာဉ်တွေ ဖြစ်ပါတယ်။

ဂျပန်တွေဟာ ဒီလေယာဉ်တွေကို ကိုယ်ပိုင်နည်းပညာနဲ့ အဆင့်မြှင့်တင်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ အမေရိကန်တွေ ဗီယက်နမ်စစ်ပွဲမှာ သုံးခဲ့တဲ့ F-4 Phantom II တွေတောင် ဂျပန်မှာ အသုံးပြုလို့ ရနေပါသေးတယ်။

F-35

JASDF ( Japan Air Self Defense Force) ရဲ့ ရည်မှန်းချက်က ၃ ခုရှိပါတယ်။

၁။ Air Defense လေကြောင်း တိုက်ခိုက်မှုအမျိုးမျိုးမှ ကာကွယ်နိုင်ဖို့ဖြစ်ပါတယ်။

၂။ သာဘာဝ အန္တရယ်မျိုးစုံရန်မှ ကာကွယ် ကယ်ဆယ်နိုင်ဖို့နဲ့

၃။ ပါတ်ဝန်းကျင် လုံခြုံစိတ်ချမှုရှိဖို့ရယ် ဖြစ်ပါတယ်။

ဂျပန်မှာ ရှေ့တန်းတိုက်ခိုက်ရေး လေယာဉ် အစီရေ ၂၆၀ လောက်ရှိပါတယ်။ အများစုက F-15 J’s နဲ့ F-15 C Eagle တွေ ဖြစ်ပါတယ်။

ဒီလေယာဉ်တွေကို ဂျပန်ပြည်တွင်းနည်းပညာတွေနဲ့ အဆင့်မြှင့်တင်ပြီးသား ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ Misubishi ဖြစ်ပါတယ်။ သူမြှင့်တင်ခဲ့တဲ့ အရေအတွက်က ၁၉၉ စီးပါ။ F-15 တချို့ဆိုရင် Under license ခွင့်ပြုချက်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်ခဲ့ပါတယ်။

F-15

အာရှမှာ တစ်ခုတည်းသော F-15 ထုတ်တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီလေယာဉ်တွေမှာ ခေတ်မီ Electronic Warfare system တွေ internal countermeasures equipment တွေ အောင်မြင်စွာတပ်ဆင်နိုင်ခဲ့ပါတယ်။

F-15 JFs မှာဆိုရင် ရေဒါဟာ ပြည်တွင်းထုတ် ‌အမျိုးအစားဖြစ်ပြီး ဝေဟင်မှဝေဟင်ပစ် ဒုံးကျည် AAM -4 ဒုံးကျည်လည်း ပါရှိပါတယ်။ AESA ရေဒါဟာ ဒုံးကျည်ကို ကောင်းစွာ လမ်းညွှန်ပေးနိုင်ပါတယ်။

လေယာဉ်မှူးရဲ့ ခေါင်းဆောင်းမှတဆင့် လမ်းညွှန်ပစ်ခတ်တဲ့ တာတိုဒုံးကျည် AAM -5 လဲ တပ်ဆင်ထားပါတယ်။ ဒါဟာ SU-27 နဲ့ SU-30 Flanker တွေကို ကောင်းကောင်း ယှဉ်နိုင်ပါတယ်။

F-15 လေယာဉ် အစင်း ၂၀၀ လောက် တာဝန်ထမ်းဆောင်နေကြရာမှာ တဝက်လောက်က အဆင်မြှင့်ပြီးသားဖြစ်ပါတယ်။

ဒါ့အပြင် Misubishi ကထုတ်တဲ့ F-2 တိုက်ပွဲဝင်လေယာဉ်တွေလဲ ရှိပါသေးတယ်။ သူက F-16 ကို ပုံစံယူ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အစီးရေ ၁၀၀ လောက် ရှိနေပါပြီ။ F-14 EJ တွေကို phantom တွေလဲ တိုက်ပွဲဝင်ရော ၊ကင်းထောက်ရော သုံးပါတယ်။

F-4

ဂျပန်ဟာ F-4 တွေသုံးဆဲဆိုပေမယ့် သူ့နေရာကို F-35A တွေနဲ့ အစားထိုးဖို့လဲ လုပ်နေပါတယ်။ အပြည့်အဝ အစားထိုးမှာ ဖြစ်ပါတယ်။

F-15 အဟောင်းတွေကိုတော့ F-35 B နဲ့ အစားထိုးမှာပါ။ သူက ဒေါင်လိုက်တက်ဆင်းနိုင်ပါတယ်။ ကျွန်းငယ်တွေပေါတဲ့ ဂျပန်နိုင်ငံနဲ့ ကိုက်ညီပါလိမ့်မယ်။

E-2C E-2D Hawkeye AWACS လေယာဉ်အုပ်စုလည်း ရှိပါသေးတယ်။ သူတို့က မြေပြင် ရေဒါစခန်းနဲ့ချိတ်ဆက်ပြီး တိုက်လေယာဉ်တွေကို ပစ်မှတ်ရှာပေးပါလိမ့်မယ်။

ပင်လယ်ပြင်အတွက် P-3 Orion တွေလည်းရှိပါတယ်။ စစ်သည်၊ ရိက္ခါ နဲ့ လက်နက်တွေ သယ်ယူပို့ဆောင်ဖို့လည်း ပြည်တွင်းထုပ် C-1 နဲ့ C-2 လေယာဉ်တွေနဲ့ အားဖြည့်ထားပါတယ်။ ဒီလေယာဉ်တွေက STOL ( Short take off and landing) ပြုလုပ်နိုင်ပါတယ်။

C-2

ခုတင်ပြခဲ့တာ လေတပ်အင်အားပဲ ရှိပါသေးတယ်။ ဒါကြောင့်လည်း ဂျပန်က တရုပ်နဂါးကြီးကို အသင့်ဖြစ်နေပြီလို့ ကြေငြာလိုက်တာပဲ ဖြစ်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *