နှလုံးသားမရှိဘဲ အသက်ရှင်ကြသူများ
နှလုံးဟာ သက်ရှိတွေ အသက်ရှင်နေနိုင်ဖို့အတွက် အရေးပါးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ နှလုံးခုန်တာ ရပ်သွားခဲ့ရင် သက်ရှိတွေအတွက်တော့ သေဆုံးတာနဲ့ အတူတူပဲ မဟုတ်ပါလား။
ဒါပေမဲ့လည်း တချို့သော သက်ရှိတွေအတွက်ကတော့ အသက်ရှင်နေဖို့ နှလုံးမလိုအပ်ပါဘူးတဲ့။
သူတို့ရဲ့ဖွဲ့စည်းပုံအရ သွေးကိုစုပ်ယူရန် သို့မဟုတ် သွေးလည်ပတ်မှုစနစ်မှတစ်ဆင့် အောက်ဆီဂျင်သယ်ဆောင်ရန် မလိုအပ်တာကြောင့် နှလုံးမရှိလည်းဘဲ ရှင်သန်နေထိုင်နိုင်ကြပါသတဲ့။
အခုဖော်ပြပေးသွားမှာကတော့ နှလုံးသားမရှိဘဲ အသက်ရှင်ကြသူများပါ။
၁။ ကြယ်ငါး
ကြယ်ငါးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်တွင်းရှိ သွေးများကို ညှစ်ထုတ်ပေးတဲ့ သွေးလည်ပတ်မှုစနစ် မရှိပါ။
သွေးကြောစနစ်အစား ပင်လယ်ရေကို သယ်ဆောင်ပေးတဲ့ ရေသွေးကြောစနစ်တစ်ခုသာ ပါရှိပါတယ်။
ဆိုလိုသည်မှာ ပင်လယ်ရေဟာ နှလုံးရဲ့ အကူအညီမပါဘဲ ခန္ဓာကိုယ်တွင်းသို့ ရွေ့လျားသွားခြင်းဖြစ်ပြီး ဒီစနစ်က ကြယ်ငါးတွေရဲ့ ခြေထောက်တစ်ဖက်စီကို ဆန့်ထုတ်ပေးပါတယ်။
၂။ ပင်လယ်ပိုးမွှားများ
ရောင်စုံပွင့်ချပ်နဲ့တူသော ရွက်ဖျင်မျှင်များကြောင့် လူအများက သူတို့ကို “ပင်လယ်ပန်းများ” လို့ခေါ်ကြတဲ့ ဒီသက်ရှိတွေမှာလည်း နှလုံး မပါပါဘူး။
နှလုံးမရှိတာကြောင့် အစာအိမ်ဟာ သွေးလည်ပတ်မှုစနစ်အဖြစ် လုပ်ဆောင်ပါတယ်။ ဤသွေးလှည့်ပတ်မှုပုံစံဟာ အာဟာရဓာတ်များကို ထောက်ပံ့ပေးပြီး ဆဲလ်များမှတစ်ဆင့် ပျံ့နှံ့နေတဲ့ ပင်လယ်ရေလှုပ်ရှားမှုဖြင့် ခန္ဓာကိုယ်တွင်းရှိ စွန့်ပစ်ပစ္စည်းများကို ဖယ်ရှားပေးတာပါ။
၃။ သန်ကောင်များ
သန်ကောင်တွေကတော့ လူသားတွေလို နို့တိုက်သတ္တဝါတွေရဲ့ အစာခြေလမ်းကြောင်းမှာ နေထိုင်နိုင်ပြီး အစားအစာကိုလည်း သူတို့နေထိုင်ရာ သတ္တဝါတွေ စားသုံးတာကို စားသုံးကြပါတယ်။
အခြားသော သန်ကောင်ကောင်တွေက ဆားနှင့် ရေချိုများတွင် နေထိုင်ကြပြီး သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရနေတဲ့ အဏ္ဏဝါသက်ရှိများကို စားကြပါတယ်။
ဒီကပ်ပါးပိုးတွေမှာ အစာခြေခြင်း၊ အသက်ရှူလမ်းကြောင်း သို့မဟုတ် သွေးလည်ပတ်မှုစနစ်များ မရှိပါ။
နှလုံးမရှိတော့ သူတို့ရဲ့ ခန္ဓာကိုယ်တစ်ရှူးတွေကနေ အောက်ဆီဂျင်ကို စုပ်ယူပါတယ်။ ဒါကလည်း သူတို့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ထုတ်ပုံပါပဲ။
သူတို့ခန္ဓာကိုယ်ထဲမှာ အပေါက်တစ်ခုပဲရှိတယ်။ ပါးစပ်လို့ ခေါ်လေ့ရှိပေမယ့် အမှိုက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။
၄။ ပင်လယ်ရေမြှုပ်
ခန္ဓာကိုယ်တွင်းက ရေတွေကို စစ်ထုတ်ပေးပြီး ပင်လယ်သက်ရှိတွေကို အာဟရဖြစ်စေတဲ့ ပင်လယ်ရေမြှုပ်ဟာ နှလုံး၊ ပါးစပ်၊ သွေးလည်ပတ်မှုစနစ် သို့မဟုတ် တစ်ရှူး သို့မဟုတ် ကိုယ်တွင်းအင်္ဂါများ မရှိကြပါဘူး။
၅။ ရေခူ (သို့) ဂျယ်လီငါး
ဂျယ်လီငါးမှာ နှလုံးမရှိပါ။ သွေးလည်ပတ်မှု၊ အသက်ရှူလမ်းကြောင်း သို့မဟုတ် အာရုံကြောစနစ်လည်း မရှိပါ။
သူတို့တွေဟာ ပါးလွှာတဲ့ ခန္ဓာကိုယ်မှတဆင့် အစာနဲ့ အောက်ဆီဂျင်တွေကို စုပ်ယူကြပါတယ်။
၆။ ပင်လယ်သခွားသီး
ပင်လယ်သခွားသီးတွေက ဟင်းသီးဟင်းရွက်ဖြစ်တဲ့ သခွားသီးပုံနဲ့တူပါတယ်။ သူတို့မှာ နှလုံးမရှိပေမယ့် ပင်လယ်သခွားသီးမှာ အသက်ရှူလမ်းကြောင်း ရှိနေတာကတော့ အဆန်းပါ။ အစာခြေလမ်းကြောင်းလည်း ရှိပါတယ်။
နှလုံးမရှိတဲ့ အခြားသက်ရှိတွေနဲ့ မတူဘဲ ပင်လယ်သခွားသီးတွေမှာ သွေးရည်ကြည်ကို ညှစ်ထုတ်ပေးတဲ့ သွေးလည်ပတ်မှုစနစ် ပါရှိကြတယ်။
အစာအိမ်လည်းရှိပြီး သွေးကြောများက အသက်ရှူလမ်းကြောင်းနဲ့ အစာခြေလမ်းကြောင်းများထဲသို့ သွေးများကို စုပ်ယူပါတယ်။
၇။ သန္တာကောင်
သန္တာမျိုးစိတ်တွေဟာ သန္တာကျောက်တန်းတွေကို ဖန်တီးကြတဲ့ သက်ရှိတွေဖြစ်ပြီး ကမ္ဘာ့သမုဒ္ဒရာများ အားလုံးမှာ နေထိုင်ကြပါတယ်။
သန္တာကောင်တွေဟာ ပုံစံကိုကြည့်ရင် အပင်လို့ထင်ရပေမဲ့ တကယ်တမ်းမှာတော့ တိရစ္ဆာန်တွေ ဖြစ်ပါတယ်။
သူတို့ဟာ ပါးစပ်ကနေ အစာစားသုံးပြီး အစာချေဖျက်ပြီးနောက်မှာလည်း အညစ်အကြေးများဟာ ပါးစပ်မှတစ်ဆင့် ပြန်လည်စုပုံလာပါတယ်။
သူတို့ရဲ့ အစာခြေစနစ် သို့မဟုတ် အစာအိမ်လမ်းကြောင်းစနစ်ဟာ သွေးလည်ပတ်မှုစနစ်ကို အစားထိုးသောကြောင့် နှလုံးမလိုအပ်ပါ။
Knight News Team