လူသိပ်မသိသေးတဲ့ လေယာဉ်ရဲ့လျှို့ဝှက်ချက်များ
ကဲဒီတခါတော့ လေယာဉ်ကြီးနဲ့ခရီးသွားကြပါစို့။ လေယာဉ်စီးနေတုန်း ကြုံရမဲ့ ကြောက်စရာအခြေအနေတွေ လျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာ ကြိုးစားတင်ပြလိုက်ပါတယ်နော်။
၁။ လေယာဉ်စီးလို့ လေထဲရောက်တာနဲ့ သင့်ရဲ့အရသာခံနိုင်စွမ်းဟာ ၃ ပုံ ၁ ပုံ လျော့သွားပါတယ်တဲ့။
အမြင့်ရောက်လေ ထုံလာလေပါ။ ခရမ်းချဉ်သီးဖျော်ရည်တောင် သင့်အတွက် ပြင်းထန်စူးရှ နေပါလိမ့်မယ်။ ပင်လယ်စာတွေဆို အရသာ မရှိတော့ပါဘူး။
၂။ သန့်စင်ခန်းတွေဟာ သင်က အတွင်းက လော့ချထားပေမဲ့ လေယာဉ်မယ် /မောင်က အပြင်က ခလုပ်တစ်ခု နှိပ်ယုံနဲ့ ဖွင့်လို့ရပါတယ်။ လုံခြုံရေးအရ ဒီလိုလုပ်ထားတာပါ။
၃။ လေယာဉ်အတွင်းပိုင်းမှာ လေထုဟာ ခြောက်သွေ့ နေပါတယ်။ စိုထိုင်းဆ ၂၀ ရာနှုန်းပဲ ရှိပါတယ်။ ဒါဟာ ဆာဟာရ သဲကန္ဒာရထဲက လေထုရဲ့ စိုထိုင်းဆနဲ့ အတူတူပါဘဲ။
၄။ သင်ဟာ လေထဲမှာ တစ်နာရီကို ရေပမာဏ ၈ အောင်စလောက် ခန္ဒာကိုယ်က ဆုံးရှုံးသွားပါတယ်။ ၁၀ နာရီ ခရီးဆိုရင် ရေ ၂ ပုလင်းလောက် ဆုံးရှုံးသွားပါတယ်။
၅။ လေယာဉ်ထဲမှာ မီးခိုးထွက်တာဆိုရင် ပျက်ကျတာထက် လူကိုသေစေပါတယ်။ မှတ်တမ်းတွေအရ ပျက်ကျလို့ တစ်နှစ်ကို လူ ၁၀၀၀ ထက်နည်းပြီးသေပေမဲ့ မီးခိုးအဆိပ်ကြောင့်လူ ၁၀၀၀၀ လောက် သေပါတယ်။ ဒီအငွေ့ဟာ အင်ဂျင်ကထွက်တာများပါတယ်။
၆။ လေးထောင့်ပုံ ပြူတင်းပေါက်တွေဟာ အက်ကွဲလွယ်ပါတယ်။ ၁၉၅၀ မှာ ဗြိတိန်ရဲ့ ကော့မက်လေယာဥ်ဟာ ဒီလိုပြူတင်းပေါက်တွေကြောင့် ပျက်ကြခဲ့ပါတယ်။
အလားတူ နောက်ထပ်၂ စီးလည်း ပျက်ကျခဲ့ပြန်ပါတယ်။ အဝိုင်းပုံပြူတင်းပေါက်ကပို လုံခြုံပါတယ်။
၇။ ခေတ်မီလေယာဉ်တွေမှာ အိမ်သာကို လေအားနဲ့စုပ်ထုတ်ပြီး သိုလှောင်ကန်ထဲ ထည့်ပါတယ်။
အရင်ကတော့ ရေနဲ့ ဓါတုဆေးအရောကို မော်တာနဲ့မွှေပြီး သိုလှောင်ကန်ထဲကျစေပါတယ်။ တစ်ခါတစ်လေ ပိတ်ဆို့ တတ်ပါတယ်။
ရီစရာဆိုပေမဲ့ ဟိုးအရင်ကဆို ပိုင်းလော့တွေဟာ သေတ္တာထဲကို စွန့်ပြီး ရာသီဥတု ဆိုးတဲ့နေရာရောက်မှ အပြင်ကို သွန်ပစ်ခဲ့ကြပါတယ်။ တကယ်ပါ။
၈။ လေယာဉ်အတွင်းက မီးတွေဟာ မျက်နှာကျက်မှာ ထွန်းထားတာ ဖြစ်ပါတယ်။ အောက်ခြေကို အလင်းပြန်ပြီးမှမြင်ကွင်းကောင်းအောင် လုပ်ထားတာပါ။
၉။ Boeing 747 လေယာဉ်ကြီးတစ်စီးမှာတပ်ဆင်ထားတဲ့ ဝိုင်ယာကြိုးအရှည်ဟာ ဆန့်လိုက်ရင် မိုင် ၁၅၀ ကနေ ၁၇၅ မိုင်လောက်ရှိပြီး အစိတ်အပိုင်းပေါင်း ၆ သန်းလောက်ရပါတယ်။
၁၀။ Boeing 787 လေယာဉ်မှာဆိုရင် ဆီတိုင်ကီ တစ်ဖက်ကိုသာသုံးပြီး မိုင် ၁၀၀၀၀ ပျံနိုင်ပါတယ်။
၁၁။ ပိုင်းလော့တွေကို မုတ်ဆိတ်မွှေးထားခွင့် မပြုပါဘူး။ အောက်ဆီဂျင် မျက်နှာဖုံး တပ်မရမှာစိုးလို့ပါ။
အောက်ဆီဂျင်ကို ၁၂ မိနစ်မှ ၁၅ မိနစ်အထိသာ ပေးနိုင်မှာဖြစ်ပြီး ပေ ၁၀,၀၀၀ အောက်ကို အလျင်အမြန်ဆင်းရမှာ ဖြစ်ပါတယ်။
၁၂။ လေယာဉ်အများစုကို အဖြူရောင်ပဲ သုတ်ကြပါတယ်။ ငှက်တွေနဲ့တိုက်မိဖို့ အခွင့်အလမ်းနဲပါးလို့ပါ။
အဖြူရောင်က ရောင်ပြန်နှုန်းများလို့ အပူကို သက်သာစေပါတယ်။ ဈေးသက်သာတာလည်း ပါတာပေါ့။
၁၃။ ကောင်းကင်ရဲ့ ဘယ်အချိန်မှာမဆို လေယာဉ် ၉၇၂၈ လောက်ပျံသန်းနေပြီး လူ ၁.၂ သန်းလောက် လေထဲမှာ ရှိနေကြပါတယ်။
၁၄။ ရေဒါပျောက်စွမ်းရည်ကို ခရီးသည်တင်လေယာဉ်မှာ သုံးခွင့်မပြုပါဘူး။
၁၅။ အင်ဂျင်တစ်လုံးပျက်ရင် နောက်တစ်လုံးနဲ့ လေယာဉ်ကို ဆက်မောင်းနှင်နိုင်အောင် ပြုလုပ်ထားပါတယ်။
၁၆။ လေယာဉ်ရဲ့စိတ်ချ လုံခြုံတဲ့နေရာဟာ အမြီးပိုင်း ဖြစ်ပါတယ်။ အလယ်ပိုင်းခုံတွေကတော့ အဆိုးဆုံးနေရာတွေပါတဲ့။
Knight News Team