အံသြဖွယ်ရာ အမြင့်ပေနဲ့ ကမ္ဘာ့အမြင့်မားဆုံး သစ်ပင်ကြီး
ကမ္ဘာပေါ်က အမြင့်ဆုံး သစ်ပင်များဟာ ကယ်လီဖိုးနီးယားမှာ တည်ရှိကြပါတယ်။
Purisima Creek Redwoods Preserve, Santa Cruz တောင်တန်းများမှာ မြင့်မားလွန်းလှတဲ့ ကမ်းရိုးတန်းသစ်တောများ(Sequoia sempervirens) ဟာ နှစ်ပေါင်းရာနှင့်ချီ၍ အသက်ရှင်နိုင်ပါတယ်။
သစ်ပင်များဟာ ကမ္ဘာပေါ်က အခမ်းနားဆုံးနဲ့ အံသြဖွယ်ရာ သက်ရှိများထဲမှ အချို့ဖြစ်ပါတယ်။
သူတို့ထဲက တော်တော်များများက တကယ့်ကို ကြီးမားခန့်ညားလှပါတယ်။ ဒါပေမဲ့ ဘယ်အပင်က အမြင့်မားဆုံးလဲ။
ကမ္ဘာပေါ်က အမြင့်ဆုံးသစ်ပင်တွေဟာ ကယ်လီဖိုးနီးယား မြောက်ပိုင်း၊ Redwood အမျိုးသားဥယျာဉ်ရဲ့ မြူခိုးများ ဖုံးလွှမ်းနေတဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ပေါက်နေသော ကမ်းရိုးတန်း သစ်နီများ ( Sequoia sempervirens) ဖြစ်ကြပါတယ်။
ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများအရ အဆိုပါ သစ်ပင်မြင့်ကြီးများရဲ့ ဘုရင်ဟာ Hyperion လို့ လူသိများတဲ့ သစ်ပင် ဖြစ်ပါတယ်။
ကမ္ဘာ့အရှည်ဆုံးသစ်ပင် Hyperion
၂၀၁၉ ခုနှစ်မှာ နောက်ဆုံးတိုင်းတာခဲ့တဲ့ တိုင်းတာချက်အရ အမြင့်ပေ ပေ ၃၈၀၊ အထဲက အမြစ်တွေဟာပဲ ၉ ပေခွဲနဲ့ ခြုံတွက်ကြည့်လိုက်ရင် အမြင့် ၁၁၇ မီတာ ရှိပြီး ဒီပမာဏဟာ ၃၅ ထပ် အဆောက်အဦထက် ပိုမြင့်ပါတယ်။
Hyperion ရဲ့ တည်နေရာ အတိအကျကို အာဏာပိုင်တွေက လျှို့ဝှက်ထားကြပေမယ့် သူတို့ဟာ သက်တမ်းရင့် ကမ်းရိုးတန်း သစ်တောအများစုကို ခုတ်ထစ်ထားကြတဲ့ တောင်ကုန်းတစ်ခုမှာ အမြစ်တွယ်နေပုံရပါတယ်။
ကံကောင်းထောက်မစွာနဲ့ ဒီအပင်ကြီးတွေဟာ ဆွဲလွှတွေဘေးမှ လွတ်မြောက်ခဲ့ပုံရပြီး သက်တမ်းအားဖြင့်ဆိုရင်တော့ နှစ်ပေါင်း ၆၀၀ နဲ့ ၈၀၀ ကြားမှာ ရှိနေပါပြီ။
ကယ်လီဖိုးနီးယား သစ်တောများမှ အမြင့်ဆုံးသစ်ပင်များကို ၂၀၀၆ ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။ သုတေသီအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Chris Atkins နှင့် Michael Taylor တို့မှ ပထမဆုံးတွေ့ရှိခဲ့ကြောင်း SFGate က ဖော်ပြခဲ့ပါတယ်။
ထိုအချိန်က သစ်ပင်ကြီးဟာ အမြင့် ၃၇၉ ပေ၊ အောက်မြစ် ၁.၂ ပေ၊ စုစုပေါင်း အမြင့် ၁၁၅.၅ မီတာနဲ့ အခုထက် အနည်းငယ်တိုတာကို တွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ ထိုအဖွဲ့ဟာ ဒုတိယနှင့် တတိယအမြင့်ဆုံး သစ်ပင်များဖြစ်တဲ့ Helios နဲ့ Icarys တို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
သူတို့က မတ်စောက်တဲ့ တောင်စောင်းတွေမှာ ရောက်နေပေမယ့် သူတို့ဟာ ကမ္ဘာပေါ်ရှိ အကောင်းဆုံး နေရပ်မှာ ကြီးထွားနေကြပါတယ်လို့ သုတေသီတစ်ဦးက ဆိုထားခဲ့ပါတယ်။
သူတို့က တောင်ကုန်းအောက်က ရောက်နေတာမို့ လေတိုက်တာကို ကာကွယ်ထားပါတယ်။
ပေါများတဲ့ ရေများအနီး မြူများထူထပ်စွာရှိ၍ ဒေသဆိုင်ရာ microclimate ကို ညင်သာပြီး စိုစွတ်နေစေကာ နေရောင်ခြည်နဲ့ ထိတွေ့မှုလည်း ရှိနေပါတယ်။
ဒီကမ်းရိုးတန်းသစ်တောတွေဟာ ကမ္ဘာပေါ်က အမြင့်ဆုံး သစ်ပင်များသာမက သူတို့ဟာ ကမ္ဘာပေါ်က ရှေးအကျဆုံး သက်ရှိအချို့လည်း ဖြစ်ပါတယ်။ သူတို့ဟာ နှစ် ၂၀၀၀ အထိ အသက်ရှင်နိုင်ကြပါတယ်။
ဤသစ်ပင်တွေဟာ အဘယ်ကြောင့် ဤမျှရှေးကျလောက်အောင် အသက်ရှင်နေထိုင်နိုင်တာကို အတိအကျ မသိရသေးသော်လည်း ရာသီဥတုကတော့ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပုံရပါတယ်။
နွေရာသီ ကယ်လီဖိုးနီးယား ကုန်းတွင်းပိုင်းတစ်လျှောက် ပူလောင်နေချိန်မှာကို ကမ်းရိုးတန်းသစ်တောများ ဖုံးလွှမ်းနေတဲ့ ထူထပ်သော မြူခိုးများက အပူချိန်ကို တစ်နှစ်ပတ်လုံး အေးမြစေပါတယ်။
ကမ်းရိုးတန်းဟာ တစ်နှစ်လျှင် မိုးရေချိန် ၁၀၀ လက်မ (၂၅၄ စင်တီမီတာ) ခန့်ကို မြင်တွေ့ရပြီး အဆိုပါ ဧရာမ တောပင်များကို ပြုစုပျိုးထောင်ပေးကြောင်း အမျိုးသားဥယျာဉ်ဝန်ဆောင်မှုရဲ့ အဆိုအရ သိရပါတယ်။
ကမ်းရိုးတန်းသစ်တောများဟာ ကမ္ဘာပေါ်ရှိ ခံနိုင်ရည်အရှိဆုံး သစ်ပင်အချို့လည်း ဖြစ်ပါတယ်။
သူတို့ရဲ့ tannin ကြွယ်ဝသော အခေါက်ဟာ အခြားအပင်များအပေါ် ကျရောက်လာတတ်တဲ့ မှိုများနဲ့ ရောဂါများကို ခံနိုင်ရည်ရှိနိုင်တယ်လို့လည်း သိရပါတယ်။
ဒီဧရာမ သစ်ပင်ကြီးများရဲ့ ၁၂ လက်မ (၂၅ စင်တီမီတာ) အထူရှိတဲ့ အခေါက်ဟာ သူတို့အား ရာသီဥတုဒဏ်ကို ကာကွယ်ပေးထားပါတယ်။
သမိုင်းတစ်လျှောက် အဆိုးဆုံး ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့ တောမီးများကိုပင် ခံနိုင်ရည်ရှိစေခဲ့ပါတယ်။
ကမ်းရိုးတန်းသစ်ပင်များဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးသစ်ပင်တွေ ဖြစ်ပေမဲ့ အကြီးဆုံးတော့ မဟုတ်ကြပါဘူး။
ကမ္ဘာပေါ်ရှိ အကြီးဆုံးသစ်ပင်များကလည်း ကယ်လီဖိုးနီးယားမှာပဲ ရှိပါတယ်။ Kings Canyon အမျိုးသားဉယျာဉ်က General Grant သစ်ပင်ကြီးနဲ့ Sequoia အမျိုးသားဥယျာဉ်က General Sherman ဆိုတဲ့ သစ်ပင်ကြီးတို့ပဲ ဖြစ်ကြပါတယ်။
Knight News Team